ချက်နိုင်ငံ ချားလ်တက္ကသိုလ်မှာ သေနတ်ပစ်ခတ်မှုကြောင့် လူ ၁၄ ယောက်သေဆုံး

 

ပရော့ဂ်၊ ဒီဇင်ဘာ-၂၂-၂၀၂၃

မျိုးဆက်(VOM)

ချက်သမ္မတနိုင်ငံရှိ တက္ကသိုလ်တခုမှာ သေနတ်သမားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၄ ယောက်သေဆုံးပြီး ၂၅ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါဟာ ချက်သမ္မတနိုင်ငံ သမိုင်းမှာတော့ အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ပြီး မြို့တော်ရဲ့ သမိုင်းဝင် ချားလ်တက္ကသိုလ်မှာ အဲဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် သေနတ်သမားကိုလည်း ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ပါတယ်။

ပစ်ခတ်မှုဟာ ဒီဇင်ဘာ ၂၁ ရက် ဒေသစံတော်ချိန် ၃ နာရီခန့်မှာ တက္ကသိုလ် အနုပညာဌာန အဆောက်အအုံမှာ စတင်ခဲ့တာဖြစ်ပြီး အထပ်မြင့်ပေါ်ကနေ လူတချို့ ဘေးလွတ်ရာကို ခုန်ချထွက်ပြေးခဲ့ရပါတယ်။

သေနတ်သမားဟာ စာသင်ကျောင်းက ကျောင်းသားတယောက်ဖြစ်ပြီး တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်ကို မသိရေးသေးကြောင်း ချက်ရဲချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သေနတ်သမားရဲ့ဖခင်ကို ပရောဂ်မြို့ပြင်ရှိ နေအိမ်မှာ ပြီးခဲ့တဲ့နေ့က သေဆုံးလျှက်တွေ့ရှိခဲ့ရပြီး ဖခင်သေဆုံးမှုနဲ့ အခြားသော ပစ်ခတ်မှုတွေ ဆက်နွယ်ခြင်းရှိမရှိ ရဲတပ်ဖွဲ့က အကဲဖြတ်စုံစမ်းနေကြပါတယ်။

Ref:BBC

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW