ဆေးဝါး၊ စက်သုံးဆီ၊ လျပ်စစ်ယာဉ်အပါ ၁၄မျိုးကို သွင်းကုန်လိုင်စင် ကြိုတင်ရယူဖို့မလိုဘဲ အကောက်ခွန် သိုလှောင်ရုံတွေမှာ သိုလှောင်ခွင့်ပြုမယ်

  ရန်ကုန်၊ဒီဇင်ဘာ ၂၂-၂၀၂၃ GG(VOM) ဆေးဝါးပစ္စည်း၊စက်သုံးဆီ၊ လျပ်စစ်ယာဉ်တွေအပါ ကုန်စည် ၁၄ မျိုးကို သွင်းကုန်လိုင်စင်ကြိုတင်ရယူဖို့မလိုဘဲ အကောက်ခွန်သိုလှောင်ရုံတွေမှာ သို လှောင်ခွင့်ပြုမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက သိရပါတယ်။ ကုန်စည်တွေက လျှပ်စစ်သုံးယာဉ်အမျိုးမျိုးအပါအဝင် စက်ဆီ၊ချောဆီနဲ့ အခြား စက်မှုသုံးဆီတွေ၊ ဆေးဝါးပစ္စည်းတွေ၊ စိုက်ပျိုးရေးသွင်းအားစုပစ္စည်းတွေ၊ တိရစ္ဆာန်သုံးဆေးဝါးတွေ၊ ထုတ်ပိုးပစ္စည်းတွေ ပါဝင်ပါတယ်။ ဘက်ထရီလျှပ်စစ်သုံးယာဉ်တွေရဲ့ ဆက်စပ်ပစ္စည်းနဲ့ အပိုပစ္စည်း၊ မွေးမြူရေးလုပ်ငန်းသုံးကုန်ကြမ်း၊ ဆေးဝါးကုန်ကြမ်း ပစ္စည်းနဲ့ ပရဆေးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ စားသောက်ကုန်ကြမ်းပစ္စည်း၊ CMP စနစ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကုန်ကြမ်းပစ္စည်းနဲ့ ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းတွေအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ ဖြစ်ပါတယ်။ ” ဒေါ်လာဈေးကျချိန်တို့ ပစ္စည်းဈေးကျချိန်တို့ဆိုရင်တော့ ပစ္စည်းတွေကို ဝယ်ပြီးလှောင်ထားလို့ရတဲ့အခြေအနေတော့ရှိလာတာပေါ့။အရင်ကတော့ ပစ္စည်းသွင်းမယ်ဆို လိုင်စင်ကျပြီးမှ ပစ္စည်းကို ဆိပ်ကမ်းချ ဂိုဒေါင်ပို့ရတာ၊အခုကတော့ ပစ္စည်းကြိုက်သလောက်ဝယ်လာလို့ရတယ် လိုင်စင်ကြိုလျှောက်စရာမလိုတော့ ပစ္စည်းပြတ်လတ်တာမျိုးမရှိနိုင်ဘူးပေါ့။ဒေါ်လာ ဝယ်လို့ရဖို့ပဲကျန်တော့တယ် ” လို့ သွင်းကုန်လုပ်ငန်းရှင်တယောက်ကပြောပါတယ်။ ကုန်သွယ်ရေးဦးစီးဌာနဘက်ကလည်း…

Read More

ရေနံထုတ်လုပ်မှု ခွဲတမ်းကြောင့် အိုပက်အဖွဲ့ကနေ အန်ဂိုလာနိုင်ငံ နှုတ်ထွက်

  လွမ်ဒါ၊ ဒီဇင်ဘာ-၂၂-၂၀၂၃ မျိုးဆက်(VOM) အန်ဂိုလာနိုင်ငံဟာ ရေနံထုတ်လုပ်မှုခွဲတမ်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုကြောင့် ရေနံထုတ်လုပ်ရောင်းချသူများအဖွဲ့ (အိုပက်) ကနေ နှုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။ မငြိမ်မသက်ဖြစ်နေတဲ့ ကမ္ဘာ့ရေနံဈေးနှုန်းကို မြှင့်တင်ဖို့အတွက် ၂၀၂၄ ခုနှစ်မှာ ရေနံထုတ်လုပ်မှုကို လျှော့ချဖို့ အိုပက်အဖွဲ့ဝင် ၁၃ နိုင်ငံနဲ့ မဟာမိတ် ၁၀ နိုင်ငံတို့က ပြီးခဲ့တဲ့လမှာ ဆုံးဖြတ်ပြီးနောက် အိုပက်အဖွဲ့ကနေ နှုတ်ထွက်ကြောင်း အန်ဂိုလာနိုင်ငံက ကြေညာခဲ့တာဖြစ်ပါတယ်။ အန်ဂိုလာနိုင်ငံဟာ လက်ရှိအိုပက်အဖွဲ့ရဲ့ ရေနံနေ့စည်ထုတ်လုပ်မှု စည်ပေါင်း သန်း ၃၀ မှာ နေ့စဉ်စည်ပေါင်း ၁ ဒသမ ၁ သန်း ထုတ်လုပ်နေတဲ့ နိုင်ငံဖြစ်ပြီး သူ့ရဲ့ နှုတ်ထွက်မှုဟာ ရေနံထုတ်လုပ်မှုအပေါ် အနည်းငယ်သာ သက်ရောက်မှာဖြစ်ပါတယ်။ ယခုအခါ အန်ဂိုလာဟာ အိုပက်အဖွဲ့မှာ ဆက်ရှိနေရင် ဘာမှအကျိုးအမြတ်မရှိတော့တဲ့အတွက် နိုင်ငံအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း အန်ဂိုလာ…

Read More

ဆီရှိရက်နဲ့ရောင်းမပေးတဲ့ စက်သုံးဆီအရောင်းဆိုင် ၁၆ ဆိုင် အရေးယူခံရ

  ရန်ကုန်၊ဒီဇင်ဘာ ၂၂ – ၂၀၂၃ GG(VOM) ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်း ထဲက စက်သုံး ဆီရှိရက်နဲ့ ရောင်းချမပေးတဲ့ စက်သုံးဆီအရောင်းဆိုင် ၁၆ ဆိုင်ကို ထပ်ပြီးအရေးယူလိုက်တယ်လို့ သိရပါတယ်။ အဆိုပါ ဆိုင်တွေဟာ စက်သုံးဆီရှိရက်နဲ့ ရောင်းချမပေးခြင်း၊ ခွင့်ပြုချက် မရဘဲ ဆီသယ်ယာဉ်(Bowser)နဲ့ တခြားနေရာကို သယ်ယူပို့ဆောင်ခြင်း၊ သတ်မှတ် ရည်ညွှန်းဈေးထက်ပိုမိုရောင်းချ ခဲ့တာကြောင်​့ အရေးယူခံရတာဖြစ်တယ်လို့သိရပါတယ်။ ဒါ​ကြောင့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ စီမံခန့်ခွဲရေး နည်းလမ်းအရ သတ်မှတ်ဒဏ်ကြေး တပ်ရိုက်ခြင်း၊ လိုင်စင်ကို ကာလအကန့် အသတ် ဖြင့်ရပ်ဆိုင်းပြီး စက်သုံးဆီအရောင်းဆိုင်ကို ယာယီပိတ်သိမ်းကာ အရေးယူဆောင်ရွက် ခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် နေပြည်တော်အပါအဝင် ရန်ကုန်၊မန္တလေး ၊ဧရာဝတီတိုင်း၊စစ်ကိုင်းတိုင်းထဲမှာ စုစုပေါင်း တရားမဝင်စက်သုံးဆီ သိုလှောင်ရောင်းချနေသူတွေဆီက စက်သုံးဆီ ဂါလန် ၆၉၉၀၉ ဂါလန်ခန့် ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၃၅သန်းကျော် နဲ့အတူ စက်သုံးဆီသယ်ယူပို့ဆောင်ရာတွင်အသုံးပြုတဲ့…

Read More

စစ်ပွဲအဆုံးသတ်စေတဲ့ သဘောတူညီချက်မရမချင်း အစ္စရေးဓါးစာခံတွေ ပြန်လွှတ်မပေးတော့ဘူးလို့ ဟားမတ်စ်အဖွဲ့ပြော

  ဂါဇာစီးတီး၊ ဒီဇင်ဘာ-၂၂-၂၀၂၃ မျိုးဆက်(VOM) ဂါဇာစစ်ပွဲ အဆုံးသတ်စေတဲ့ အပြည့်အဝအပစ်ရပ်စဲရေး သဘောတူညီချက် မရမချင်း ဖမ်းဆီးထားတဲ့ အစ္စရေးဓါးစာခံတွေကို ပြန်လွှတ်ပေးမှာမဟုတ်ကြောင်း ဂါဇာကမ်းမြှောင်ကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်အဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဓါးစာခံ ၁၀၀ ကျော်လွတ်မြောက်ခဲ့တဲ့ ယခုလအစောပိုင်းက ယာယီအပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ပြီးနောက်ပိုင်း ဟားမတ်စ်တိုက်ခိုက်ရေးသမား နှစ်ထောင်ကျော်ကို သုတ်သင်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဟာမတ်စ်တို့ဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဖမ်းဆီးသွားတဲ့ အစ္စရေးဓါးစာခံ ၁၀၀ ကျော်ဟာ ဂါဇာကမ်းမြှောင်ဒေသမှာ ဖမ်းဆီးထားဆဲလို့ ယုံကြည်ရပါတယ်။ အစ္စရေး-ဟားမတ်စ်စစ်ပွဲနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တခုချမှတ်ဖိုပ ကုလသမဂ္ဂမှာ ဆက်လက်ကြိုးပမ်းနေပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းအတွက် စိုးရိမ်ပူပန်မှုတွေရှိနေဆဲဖြစ်ကြောင်း အမေရိကန်က ပြောကြားထားပြီး မဲခွဲဆုံးဖြတ်မှုကို လက်ရှိမှာ ရွှေ့ဆိုင်းလိုက်ပါတယ်။ ဂါဇာကမ်းမြှောင်ဒေသမှာတော့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေသလို ဟားမတ်စ်တို့ကလည်း အစ္စရေးရဲ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၂၂ ရက်)

  Voice of Myanmar   -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၁၀ ကျပ် ဝယ်ဈေး – ၃၄၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၁၄ ကျပ် ဝယ်ဈေး – ၂၅၆၄ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၃၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၅ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း…

Read More

ဆန်၊ ပဲ၊ ပြောင်း လုပ်ငန်းရှင်တွေရဲ့ ပို့ကုန်ရငွေနဲ့ စက်သုံးဆီ ကိုယ်တိုင်တင်သွင်းနိုင်သလို တခြားတင်သွင်းမယ့် ကုမ္ပဏီတွေကိုလည်း ရောင်းချနိုင်

  ဒီဇင်ဘာ ၂၂ – ၂၀၂၃ SN (VOM) ဆန်၊ ပဲ၊ ပြောင်း လုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်ရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီ ကိုယ်တိုင် တင်သွင်းနိုင်သလို တခြားတင်သွင်းမယ့် ကုမ္ပဏီတွေကိုလည်း ရောင်းချနိုင်တယ်လို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က မနေ့ ဒီဇင်ဘာ ၂၁ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ စက်သုံးဆီ တင်သွင်းမှုလုပ်ငန်းစဉ်တွေအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကောက်ခွန်ဦးစီးဌာနမှ ပေးပို့လာတဲ့ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ နဲ့ ပြောင်း တင်ပို့တဲ့ ကုမ္ပဏီတခုချင်းရဲ့ ပို့ကုန်ကြေညာလွှာ (Export Declaration) စာရင်းတွေကို သက်ဆိုင်ရာ AD လိုင်စင်ရဘဏ်တွေဆီ ပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပို့ကုန်ကြေညာလွှာအရ သတ်မှတ်ရက်အတွင်း ဝင်ရောက်လာတဲ့ ပို့ကုန်ရငွေ ၃၀ ရာခိုင်နှုန်းအနက်မှ ၃၅…

Read More

ဘီးလင်းမြို့နယ်က ဘုရားပွဲမှာ ပေါက်ကွဲမှုဖြစ်လို့ ၊ လူ တဦးသေဆုံး ၊ ငါးဦး ဒဏ်ရာရ

  ဒီဇင်ဘာ ၊ ၂၂ ၊ ၂၀၂၃ SP (VOM) မွန်ပြည်နယ် ၊ ကျိုက်ထိုခရိုင် ၊ ဘီးလင်းမြို့နယ် အနောက်ဘက်ခြမ်း ၊ ယွန်းဒလင်းကုန်းကျေးရွာအုပ်စု ၊ ကော့ကမယ်ကျေးရွာမှာရှိတဲ့ ကိုးနဝင်းစေတီ ဘုရားပွဲတော်မှာ မနေ့ ဒီဇင်ဘာ ၂၁ ရက်ညက ပွဲဝိုင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားလို့ ပွဲလာပရိသတ်တချို့ သေဆုံး ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ကိုးနဝင်းဘုရားပွဲမှာ ဖြစ်တာပါ ၊ ဘုရားပွဲက ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၁ ရက်အထိ သုံးရက် ၊ သုံးညတိုင်ဖြစ်တယ် ၊ ပြည်ချမ်းသာ (မွန်ဇာတ်သဘင်)က ကပြဖျော်ဖြေတယ် ၊ မနေ့ညက ပွဲခင်းနားမှာ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက် သေဆုံး ၊ ဒဏ်ရာရသူတွေရှိတယ် “လို့ ကိုးနဝင်း ဘုရားဂေါပကအဖွဲ့ဝင် တယောက်က…

Read More

ပင်လယ်နီဒေသမှာ ဟူသီတို့ရဲ့တိုက်ခိုက်မှုကြောင့် ထိခိုက်လာနိုင်တဲ့ ကမ္ဘာ့ကုန်သွယ်ရေး

  ဝါရှင်တန် ၊ ဒီဇင်ဘာ-၂၂- ၂၀၂၃ မျိုးဆက်(VOM) ယီမင်အခြေစိုက်တဲ့ ဟူသီသူပုန်တွေဟာ အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း ပင်လယ်နီကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို တိုက်ခိုက်နေတာကြောင့် ကမ္ဘာ့အဓိက ကုန်သွယ်ရေး လမ်းကြောင်းကြီးကတဆင့် ရေနံ၊ ကောက်ပဲသီးနှံ၊ လူသုံးကုန်ပစ္စည်း စီးဆင်းမှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်နေပါတယ်။ ကနဦးမှာတော့ ဟူသီတို့ဟာ အစ္စရေးနဲ့ဆက်နွယ်တဲ့ ဦးတည်သွားတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားခဲ့ပေမယ့် ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၁၀ ရာခိုင်နှုန်းကျော်ရှိတဲ့ စူးအက်တူးမြောင်းကို ဦးတည်တဲ့ နော်ေ၀ လေယာဉ်ဆီတင်ဆောင်လာတဲ့ သင်္ဘောကို ပစ်မှတ်ထား တိုက်ခိုက်ခံရပြီးနောက်မှာ ကုန်သွယ်မှုဆိုင်ရာ ခြိမ်းခြောက်မှုတွေက ပိုမိုကြီးထွားလာခဲ့ပါတယ်။ #ပင်လယ်နီက ဘယ်လောက် အရေးပါလဲ ပင်လယ်နီဟာ မြောက်ဘက်စွန်းမှာ စူးအက်တူးမြောင်းရှိပြီး တောင်ဘက်စွန်းမှာတော့ အေဒင်ပင်လယ်ကွေ့ကိုဦးတည်နေတဲ့ ကျဉ်းမြောင်းတဲ့ ဘက်အီလ်မန်ဒက် ရေလက်ကြားရှိကာ အာရှနဲ့ ဥရောပအကြား ကုန်စည်ပို့ဆောင်ဖို့ စူးအက်တူးမြောင်းကို ဖြတ်သွားတဲ့ သင်္ဘောတွေနဲ့ စည်ကားတဲ့…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၂ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၈၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၄၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၈၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၄၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

တနှစ်နီးပါးကာလအတွင်း ကုမ္ပဏီပေါင်း ၆၀၀၀ ကျော် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရ

  ဒီဇင်ဘာ ၂၁ – ၂၀၂၃ SN (VOM) အခု ၂၀၂၃ နှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလဝက်ထိ ကာလအတွင်း မှတ်ပုံတင်စာရင်း ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီ စုစုပေါင်း ၆၀၀၀ ကျော် ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။ နှစ်စဉ်အစီရင်ခံစာတင်ပြဖို့ ပျက်ကွက်တာကြောင့် ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီတွေထဲမှာ ခရီးသွားလုပ်ငန်းလုပ်ကိုင်တဲ့ အေဂျင်စီကုမ္ပဏီတွေ၊ စားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီတွေ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီတွေ၊ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဌာနအနေနဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ တင်ပြဖို့ ပျက်ကွက်တဲ့ ကုမ္ပဏီတွေကို မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်နေတာဖြစ်ပြီး အခု ဒီဇင်ဘာ…

Read More
VOM News

FREE
VIEW