ရေနံထုတ်လုပ်မှု ခွဲတမ်းကြောင့် အိုပက်အဖွဲ့ကနေ အန်ဂိုလာနိုင်ငံ နှုတ်ထွက်

 

လွမ်ဒါ၊ ဒီဇင်ဘာ-၂၂-၂၀၂၃

မျိုးဆက်(VOM)

အန်ဂိုလာနိုင်ငံဟာ ရေနံထုတ်လုပ်မှုခွဲတမ်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုကြောင့် ရေနံထုတ်လုပ်ရောင်းချသူများအဖွဲ့ (အိုပက်) ကနေ နှုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။

မငြိမ်မသက်ဖြစ်နေတဲ့ ကမ္ဘာ့ရေနံဈေးနှုန်းကို မြှင့်တင်ဖို့အတွက် ၂၀၂၄ ခုနှစ်မှာ ရေနံထုတ်လုပ်မှုကို လျှော့ချဖို့ အိုပက်အဖွဲ့ဝင် ၁၃ နိုင်ငံနဲ့ မဟာမိတ် ၁၀ နိုင်ငံတို့က ပြီးခဲ့တဲ့လမှာ ဆုံးဖြတ်ပြီးနောက် အိုပက်အဖွဲ့ကနေ နှုတ်ထွက်ကြောင်း အန်ဂိုလာနိုင်ငံက ကြေညာခဲ့တာဖြစ်ပါတယ်။

အန်ဂိုလာနိုင်ငံဟာ လက်ရှိအိုပက်အဖွဲ့ရဲ့ ရေနံနေ့စည်ထုတ်လုပ်မှု စည်ပေါင်း သန်း ၃၀ မှာ နေ့စဉ်စည်ပေါင်း ၁ ဒသမ ၁ သန်း ထုတ်လုပ်နေတဲ့ နိုင်ငံဖြစ်ပြီး သူ့ရဲ့ နှုတ်ထွက်မှုဟာ ရေနံထုတ်လုပ်မှုအပေါ် အနည်းငယ်သာ သက်ရောက်မှာဖြစ်ပါတယ်။

ယခုအခါ အန်ဂိုလာဟာ အိုပက်အဖွဲ့မှာ ဆက်ရှိနေရင် ဘာမှအကျိုးအမြတ်မရှိတော့တဲ့အတွက် နိုင်ငံအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း အန်ဂိုလာ သတ္တုအရင်းအမြစ်နှင့် ရေနံဝန်ကြီး ဒီယာမန်တီနိုအက်ဇီဗီဒိုက ပြောပါတယ်။

အန်ဂိုလာနဲ့ နိုင်ဂျီးရီးယားတို့ဟာ အာဖရိကအာဟာရအောက်ပိုင်းရှိ အကြီးမားဆုံး ရေနံတင်ပို့ရောင်းချတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးဟာ သူတိုရဲ့ နိုင်ငံခြားငွေတိုးပွားရေး လိုအပ်နေတဲ့အချိန်မှာ ရေနံထုတ်လုပ်မှုကို လျှော့ချမယ့်အစီအစဉ်အပေါ် ကျေနပ်မှုမရှိခဲ့ကြပါဘူး။

အိုပက်အဖွဲ့မှာ ၁၆ နှစ်ကြာ အိုပက်အဖွဲ့ဝင်ဖြစ်လာတဲ့ အန်ဂိုလာနိုင်ငံဟာ အဖွဲ့ကနေ နှုတ်ထွက်ခဲ့တဲ့ ပထမဆုံးနိုင်ငံမဟုတ်ပါဘူး။ အီကွေဒေါ၊ အင်ဒိုနီးရှားနဲ့ ကာတာနိုင်ငံတို့ဟာလည်း အဖွဲ့ကနေ အလားတူနှုတ်ထွက်ခဲ့ဖူးပါတယ်။

Ref:BBC

Photo:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW