ဆီရှိရက်နဲ့ရောင်းမပေးတဲ့ စက်သုံးဆီအရောင်းဆိုင် ၁၆ ဆိုင် အရေးယူခံရ

 

ရန်ကုန်၊ဒီဇင်ဘာ ၂၂ – ၂၀၂၃

GG(VOM)

ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်း ထဲက စက်သုံး ဆီရှိရက်နဲ့ ရောင်းချမပေးတဲ့ စက်သုံးဆီအရောင်းဆိုင် ၁၆ ဆိုင်ကို ထပ်ပြီးအရေးယူလိုက်တယ်လို့ သိရပါတယ်။

အဆိုပါ ဆိုင်တွေဟာ စက်သုံးဆီရှိရက်နဲ့ ရောင်းချမပေးခြင်း၊ ခွင့်ပြုချက် မရဘဲ ဆီသယ်ယာဉ်(Bowser)နဲ့ တခြားနေရာကို သယ်ယူပို့ဆောင်ခြင်း၊ သတ်မှတ် ရည်ညွှန်းဈေးထက်ပိုမိုရောင်းချ ခဲ့တာကြောင်​့ အရေးယူခံရတာဖြစ်တယ်လို့သိရပါတယ်။

ဒါ​ကြောင့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ စီမံခန့်ခွဲရေး နည်းလမ်းအရ သတ်မှတ်ဒဏ်ကြေး တပ်ရိုက်ခြင်း၊ လိုင်စင်ကို ကာလအကန့် အသတ် ဖြင့်ရပ်ဆိုင်းပြီး စက်သုံးဆီအရောင်းဆိုင်ကို ယာယီပိတ်သိမ်းကာ အရေးယူဆောင်ရွက် ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် နေပြည်တော်အပါအဝင် ရန်ကုန်၊မန္တလေး ၊ဧရာဝတီတိုင်း၊စစ်ကိုင်းတိုင်းထဲမှာ စုစုပေါင်း တရားမဝင်စက်သုံးဆီ သိုလှောင်ရောင်းချနေသူတွေဆီက စက်သုံးဆီ ဂါလန် ၆၉၉၀၉ ဂါလန်ခန့် ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၃၅သန်းကျော် နဲ့အတူ စက်သုံးဆီသယ်ယူပို့ဆောင်ရာတွင်အသုံးပြုတဲ့ ဆီတင်ယာဉ် (Bowser) ၁၁ စီး၊တရားမဝင်လိုင်စင်မဲ့ စက်သုံးဆီသိုလှောင်ကန်အပါအဝင် ဖြန့်ဖြူး ရောင်းချရာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရရှိမိခဲ့တယ်လို့သိရပါတယ်။

အရင်ကလည်း ရန်ကုန်မှာ စက်သုံးဆီရှိရက်နဲ့ရောင်းချမပေးတဲ့ အရောင်းဆိုင် ၅ ဆိုင်ထက်မနည်း အရေးယူခံရတဲ့အပြင် ဧရာဝတီတိုင်းမှာလည်း စက်သုံးဆီအရောင်းဆိုင် ၃ ဆိုင်ထက်မနည်းအရေးယူခံခဲ့ရပါတယ်။

” စက်သုံးဆီတွေကို လိုင်စင်မဲ့ သယ် ယူ ပို့ဆောင်တာ၊ သိုလှောင်တာ၊ ရောင်းချတာတွေစစ်ဆေးတွေ့ရှိရရင် အနည်းဆုံးဒဏ်ငွေကျပ် သုံးသိန်းမှ အများဆုံးဒဏ်ငွေကျပ်သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊ တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ ပြစ်ဒဏ်အပြင် အပြစ်ဒဏ်နှစ်ရပ်လုံးစီရင်ခြင်းခံရမယ့်အပြင် ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင်တဲ့ ပစ္စည်းတွေ ကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းခြင်းခံရမှာဖြစ်ပါတယ်။ ဒါကြောင့် ဆီဆိုင်တွေမှာ ဆီတွေတိုးဝယ်ပြီး အပြင်မှာလိုင်စင်မဲ့ရောင်း ချတာ၊ နေအိမ်၊ ခြံဝင်းတွေ၊ ဘယ်နေရာမဆိုလိုင်စင်မဲ့ ရောင်းချတာတွေကို စစ်ဆေးကြပ်မတ်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်တာဖြစ်ပါတယ်။”စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်ကပြောဆိုထားပါတယ်။

တရားမဝင် သိုလှောင်တာ၊ စျေးနူန်းမြင့်တက်ရောင်းချတာ၊ လိုင်စက်မဲ့သယ်ယူပို့ဆောင်တာစတဲ့ တရားမဝင် လုပ်​ဆေင်မှုတွေကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၀ အရ အနည်းဆုံးဒဏ်ငွေကျပ် သုံးသိန်းကနေ အများဆုံးဒဏ်ငွေကျပ်သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊ တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ ပြစ်ဒဏ်အပြင် အပြစ်ဒဏ်နှစ်ရပ်လုံးစီရင်ခြင်းခံရမှာဖြစ်တယ်လို့ဆိုပါတယ်။

ပြည်ပကမှာယူထားတဲ့ ဆီတင်သင်္ဘော တွေ လည်း သီလဝါဆိပ်ကမ်းမှာခြောက် စင်းဆိုက်ကပ်ထားပြီး ဓာတ်ဆီတန်ချိန် ၂၄၃၁၉ တန်ကျော်၊ ဒီဇယ်ဆီ တန်ချိန် ၅၃၃၁၅ တန်ကျော်ကို သက်ဆိုင်ရာသိုလှောင်ကန်တွေဆီကို ချပေးနေတဲ့အပြင် ပင်လယ်ဝ မှာ အသင့်ရောက်ရှိနေတဲ့ ဓာတ်ဆီတန်ချိန် ၆၇၇၃၇ တန်ကျော်၊ ဒီဇယ် ဆီ ၆၅၃၅၉ တန်ကျော်သယ်ဆောင်လာတဲ့ သင်္ဘော ကိုး စင်းလည်း သီလဝါဆိပ်ကမ်းကိုဆိုက်ကပ်နိုင်ဖို့ အသင့်စောင့်ဆိုင်းနေတာကြောင့် ဆီပြတ်လပ်စရာမရှိဘူးလို့ပြောဆိုထားပါတယ်။

လက်ရှိမှာလည်း စက်သုံးဆီ ပြတ်လပ်မှုမရှိအောင်ဆိုပြီး ဗဟိုဘဏ်က ဒီဇင်ဘာလ ၁၈ ရက်နဲ့ ဒီဇင်ဘာလ ၂၁ ရက်မှာ စက်သုံးဆီ တင်သွင်းသူတဲ့ကုမ္ပဏီ တေွကို အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်ရောင်းချပေးခဲ့တယ်လို့ထုတ်ပြန်ထားပြီး ရောင်းချပေးတဲ့ ဒေါ်လာလဲစျေးနူန်းကိုတော့ဖော်ပြထားခြင်းမရှိပါဘူး။

ဒါကြောင့် ရန်ကုန် အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှု စက်သုံး ဝယ်ယူရတာပြန်လည် အဆင်ပြေမှုရှိလာပြီး တန်းစီစရာမလိုတော့ပေမယ့် ေနရာဒေသ အချို့မှာတော့ စက်သုံးဆီကို တန်းစီဝယ်ယူနေရသလို ဆိုင်တွေကလည်း အချိန်ပိုင်းမှာ အကန့်အသတ်နဲ့သာရောင်းချနေဆဲဖြစ်ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW