ဆေးဝါး၊ စက်သုံးဆီ၊ လျပ်စစ်ယာဉ်အပါ ၁၄မျိုးကို သွင်းကုန်လိုင်စင် ကြိုတင်ရယူဖို့မလိုဘဲ အကောက်ခွန် သိုလှောင်ရုံတွေမှာ သိုလှောင်ခွင့်ပြုမယ်

 

ရန်ကုန်၊ဒီဇင်ဘာ ၂၂-၂၀၂၃

GG(VOM)

ဆေးဝါးပစ္စည်း၊စက်သုံးဆီ၊ လျပ်စစ်ယာဉ်တွေအပါ ကုန်စည် ၁၄ မျိုးကို သွင်းကုန်လိုင်စင်ကြိုတင်ရယူဖို့မလိုဘဲ အကောက်ခွန်သိုလှောင်ရုံတွေမှာ သို လှောင်ခွင့်ပြုမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက သိရပါတယ်။

ကုန်စည်တွေက လျှပ်စစ်သုံးယာဉ်အမျိုးမျိုးအပါအဝင် စက်ဆီ၊ချောဆီနဲ့ အခြား စက်မှုသုံးဆီတွေ၊ ဆေးဝါးပစ္စည်းတွေ၊ စိုက်ပျိုးရေးသွင်းအားစုပစ္စည်းတွေ၊ တိရစ္ဆာန်သုံးဆေးဝါးတွေ၊ ထုတ်ပိုးပစ္စည်းတွေ ပါဝင်ပါတယ်။

ဘက်ထရီလျှပ်စစ်သုံးယာဉ်တွေရဲ့ ဆက်စပ်ပစ္စည်းနဲ့ အပိုပစ္စည်း၊ မွေးမြူရေးလုပ်ငန်းသုံးကုန်ကြမ်း၊ ဆေးဝါးကုန်ကြမ်း ပစ္စည်းနဲ့ ပရဆေးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ စားသောက်ကုန်ကြမ်းပစ္စည်း၊ CMP စနစ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကုန်ကြမ်းပစ္စည်းနဲ့ ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းတွေအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ ဖြစ်ပါတယ်။

” ဒေါ်လာဈေးကျချိန်တို့ ပစ္စည်းဈေးကျချိန်တို့ဆိုရင်တော့ ပစ္စည်းတွေကို ဝယ်ပြီးလှောင်ထားလို့ရတဲ့အခြေအနေတော့ရှိလာတာပေါ့။အရင်ကတော့ ပစ္စည်းသွင်းမယ်ဆို လိုင်စင်ကျပြီးမှ ပစ္စည်းကို ဆိပ်ကမ်းချ ဂိုဒေါင်ပို့ရတာ၊အခုကတော့ ပစ္စည်းကြိုက်သလောက်ဝယ်လာလို့ရတယ် လိုင်စင်ကြိုလျှောက်စရာမလိုတော့ ပစ္စည်းပြတ်လတ်တာမျိုးမရှိနိုင်ဘူးပေါ့။ဒေါ်လာ ဝယ်လို့ရဖို့ပဲကျန်တော့တယ် ” လို့ သွင်းကုန်လုပ်ငန်းရှင်တယောက်ကပြောပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနဘက်ကလည်း ခုလိုဖြေလျှော့ပေးလိုက်တာဟာ လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတ ကာဈေးလျော့ကျချိန်မှာ ဝယ်ယူစုဆောင်းသိုလှောင်ပြီး ပြည်တွင်းကိုတင်သွင်းခြင်း ဒါမှမဟုတ် ပြန်လည်တင်ပို့ခြင်းကို ဆောင်ရွက်နိုင်စေဖို့အတွက် ကုန်စည်ကို သွင်းကုန်လိုင်စင်ကြိုတင်ရယူဖို့မလိုဘဲ အကောက်ခွန် လုပ်ထုံးလုပ်နည်းအတိုင်း အကောက်ခွန်ကုန်လှောင်ရုံမှာ ထည့်သွင်းသိုလှောင်နိုင်တယ်လို့ဆိုပါတယ်။

သွင်းကုန်းပစ္စည်းတွေ တင်သွင်းမှီ ရန်ကုန်ဆိပ်ကမ်းမရောက်မှီ သွင်းကုန်လိုင်စင် ကြိုတင်ရယူတဲ့ စနစ်ကို ဧပြီလ ၁ ရက်နေ့ကစပြီး ကျင့်သုံးခဲ့ကာ လက်ရှိမှာ ကုန်စည် ၁၄ မျိုးအတွက်ဖြေလျှာ့ပေးလိုက်တာဖြစ်ပါတယ်။

ဒါကြောင့် ပြည်တွင်းမှာ စက်သုံးဆီ ပြတ်လတ်တာ၊ဆေးဝါးပစ္စည်းပြတ်လပ်တာ၊ cmp ပစ္စည်းကုန်ကြမ်း ပြတ်လပ်မှု စတဲ့ကိစ္စတွေ လျော့နည်းလာနိုင်တယ်လို့ ကုန်သည်တွေကသုံးသပ်ထားကြပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW