ဗီယင်နာ၊ ဒီဇင်ဘာ-၂၃-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်တွေအတွက် ပလူတိုနီယမ် ထုတ်လုပ်နိုင်တဲ့ နျူကလီးယား ဓါတ်ပေါင်းဖိုသစ်ကို စတင်လည်ပတ်နေဖွယ်ရှိကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ) က ပြောပါတယ်။ ဒီလိုလုပ်ဆောင်မှုကြောင့် မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်အစီအစဉ် မီးလောင်ရာလေပင့် ပိုမိုအရှိန်မြင့်လာမှာကို စိုးရိမ်ကြောင်း အိုင်အေအီးအေအကြီးအကဲ ရာဖေးလ်ဂရော့ဆီက ပြောပါတယ်။ သုတေသနအဖွဲ့ဟာ မြောက်ကိုရီးယားနိုင်ငံ ယောင်ဗြောင်းရှိ နျူကလီးယား ဓါတ်ပေါင်းဖို အနီးတဝိုက်မှာ ရေနွေးထုတ်လွှတ်မှုအပါအဝင် လှုပ်ရှားမှုအဆင့်တွေ တိုးမြင့်လာတာကို တေ့ွရှိရကြောင်း အိုင်အေအီးအေက ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားအာဏာပိုင်တွေရဲ့ တားမြစ်ပိတ်ပင်မှုကြောင့် အဲဒီနေရာကို အိုင်အေအီးအေစစ်ဆေးရေးမှူးတွေ တိုက်ရိုက်ဝင်ရောက်ခွင့်မရတာကြောင့် တွေ့ရှိချက်တွေကို အတည်မပြုနိုင်ကြောင်း အိုင်အေအီးအေအကြီးအကဲ ဂရော့ဆီက ဆိုပါတယ်။ နျူကလီးယားဓါတ်ပေါင်းဖိုသစ်ဟာ နျူကလီးယားလက်နက်တွေအတွက် ပလူတိုနီယမ်ထုတ်လုပ်ရေးအတွက် အသုံးပြုနိုင်ခြေရှိပြီး နျူကလီးယား ဓါတ်ပေါင်းဖိုသစ်တည်ဆောက် လည်ပတ်တာဟာ ကုလသဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာဖြစ်ကြောင်း အိုင်အေအီးအေက ပြောဆိုထားပါတယ်။…
Read MoreDay: December 23, 2023
ဟားမတ်စ်တို့ကို အပြီးတိုင်ချေမှုန်းဖို့ ဂါဇာတောင်ပိုင်းကိုပါ ထိုးစစ်အရှိန်မြှင့်မယ်လို့ အစ္စရေးစစ်တပ်ပြော
တဲလ်အဗစ်၊ ဒီဇင်ဘာ-၂၃-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးတပ်တွေဟာ ဟားမတ်စ်တွေကို အပြီးတိုင်ချေမှုန်းဖို့ ဂါဇာကမ်းမြှောင်တောင်ပိုင်းကိုပါ ထိုးစစ်ဆင်မှုအရှိန်မြှင့်တင်သွားမှာဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ဂယ်လန့်က ပြောပါတယ်။ ကနဦး ဂါဇာမြောက်ပိုင်း စစ်ဆင်ရေးတွေမှာတော့ အစ္စရေးစစ်တပ်ဟာ ဟားမတ်စ်တပ်ရင်းတွေကို ဖြည်းဖြည်းချင်း ဖြိုခွင်နေပြီး ဟားမတ်စ်တွေရဲ့ မြေအောက်ဥမင်ကွန်ရက်တွေကို တိုက်ခိုက်မှုတွေ အောင်မြင်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။ ဟားမတ်စ်ခေါင်းဆောင် ယာချ်ယာဆင်ဝါ ပုန်းအောင်းနေတယ်လို့ ယူဆရတဲ့ ခန်းယွန်နစ်ဒေသမှာလည်း အစ္စရေးတပ်ဖွဲ့ဝင်တွေ စစ်ဆင်ရေးတွေ လုပ်ဆောင်လျှက်ရှိပါတယ်။ အစ္စရေးတပ်တွေရဲ့ ယာဉ်တွေနဲ့ လေယာဉ်တွေက ဗုံးကြဲတိုက်ခိုက်နေတဲ့အသံတွေကို ဟားမတ်စ်ခေါင်ဆောင် ကြားသိနေရပြီး မကြာခင်မှာ ရှာတွေ့နိုင်မှာဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ဂယ်လန့်က ဆိုပါတယ်။ ဒီပြောဆိုချက်တွေဟာ အချည်းအနီး ခြိမ်းခြောက်မှုသာဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ အစ္စရေးစစ်တပ်ဟာ မီတာရာပေါင်းများစွာနဲ့ချီရှည်လျားပြီး ကွပ်ကဲမှုနဲ့ ဆက်သွယ်ရေးစခန်းတွေလည်း ပါဝင်တဲ့ ဂါဇာမြို့ရှိ အထင်ကရ မြေအောက်ဥမင်ကို ဖော်ထုတ်ခဲ့ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က…
Read Moreမြင့်တက်နေတဲ့ ကုန်ဈေးနှုန်း၊ ဝင်ငွေထွက်ငွေနဲ့ အခြေခံလူတန်းစားတို့ အခက်အခဲ
ဒီဇင်ဘာ-၂၃-၂၀၂၃ SN (VOM) လက်ထဲကပိုက်ဆံ တသောင်းတန် တရွက်ကိုကြည့်ပြီး မအိခိုင်တယောက် တွေဝေနေပါတယ်။ ဈေးထဲမှာ ရှေ့နောက် လျှောက်နေရင်း ဒီပိုက်ဆံနဲ့ ဘယ်လိုလောက်ငှအောင် ဝယ်ခြမ်းရမလဲ ဆိုတာက မအိခိုင်တို့လို အိမ်ရှင်မတွေအတွက် တနေ့တနေ့ ခေါင်းပူအောင် စဉ်းစားရတဲ့ကိစ္စတခုပါ။ အရင်ကတော့ ဈေးဖိုးသုံးဖို့ ဒီ ပိုက်ဆံတသောင်းလောက်နဲ့တင် မအိခိုင်အတွက် အဆင်ပြေခဲ့တာပါ။ ဒါပေမယ့် လက်ရှိ ကုန်ဈေးနှုန်းအရတော့ လက်ထဲရှိတဲ့ ပိုက်ဆံတသောင်းက မအိခိုင်ကို လှောင်ပြောင်နေသလိုပါ။ “အရင်တော့ ဈေးဝယ်ဖို့ ပိုက်ဆံက ဒီ တသောင်းလောက်နဲ့ အဆင်ပြေတယ်။ အခုတော့ အသားငါး ဈေးတွေတင်မကဘူး။ ဟင်းရွက်ဈေးတွေရော အစစအရာရာ အကုန်တက်နေတော့ လက်ထဲရှိတဲ့ ပိုက်ဆံတောင် မလောက်ချင်ဘူး” လို့ မအိခိုင်က ခပ်ညည်းညည်းလေး ပြောရှာပါတယ်။ အတက်အကျ အနိမ့်အမြင့်ရှိတဲ့ အထွေထွေကုန်ဈေးနှုန်းဟာ သုံးနှစ်နီးပါးကာလအတွင်း အတက်ကြမ်းနေပြီး လှည်းနေ၊ လှေအောင်း၊…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၂၃ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၁၀ ကျပ် ဝယ်ဈေး – ၃၄၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၁၄ ကျပ် ဝယ်ဈေး – ၂၅၆၄ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၃၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၅ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၃ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၅၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read MoreThis Day in History
Voice of Myanmar ခေတ်သစ်စစ်မြေပြင်မှာ အများဆုံးနဲ့ နေရာအနှံ့အပြားမှာ အသုံးပြုနေကြတဲ့ ချေမှုန်းရေးရိုင်ဖယ်ဖြစ် AK-47 ကိုတည်ထွင်ခဲ့သူ ရုရှားလက်နက်ဒီဇိုင်နာ မီခေးလ်ကာလာရှင်နော့ဗ်သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် ရုရှားနိုင်ငံ၌ ကွယ်လွန်ခဲ့သည်။
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၂ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read More