ဗီယင်နာ၊ ဒီဇင်ဘာ-၂၃-၂၀၂၃
မျိုးဆက်(VOM)
မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်တွေအတွက် ပလူတိုနီယမ် ထုတ်လုပ်နိုင်တဲ့ နျူကလီးယား ဓါတ်ပေါင်းဖိုသစ်ကို စတင်လည်ပတ်နေဖွယ်ရှိကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ) က ပြောပါတယ်။
ဒီလိုလုပ်ဆောင်မှုကြောင့် မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်အစီအစဉ် မီးလောင်ရာလေပင့် ပိုမိုအရှိန်မြင့်လာမှာကို စိုးရိမ်ကြောင်း အိုင်အေအီးအေအကြီးအကဲ ရာဖေးလ်ဂရော့ဆီက ပြောပါတယ်။
သုတေသနအဖွဲ့ဟာ မြောက်ကိုရီးယားနိုင်ငံ ယောင်ဗြောင်းရှိ နျူကလီးယား ဓါတ်ပေါင်းဖို အနီးတဝိုက်မှာ ရေနွေးထုတ်လွှတ်မှုအပါအဝင် လှုပ်ရှားမှုအဆင့်တွေ တိုးမြင့်လာတာကို တေ့ွရှိရကြောင်း အိုင်အေအီးအေက ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် မြောက်ကိုရီးယားအာဏာပိုင်တွေရဲ့ တားမြစ်ပိတ်ပင်မှုကြောင့် အဲဒီနေရာကို အိုင်အေအီးအေစစ်ဆေးရေးမှူးတွေ တိုက်ရိုက်ဝင်ရောက်ခွင့်မရတာကြောင့် တွေ့ရှိချက်တွေကို အတည်မပြုနိုင်ကြောင်း အိုင်အေအီးအေအကြီးအကဲ ဂရော့ဆီက ဆိုပါတယ်။
နျူကလီးယားဓါတ်ပေါင်းဖိုသစ်ဟာ နျူကလီးယားလက်နက်တွေအတွက် ပလူတိုနီယမ်ထုတ်လုပ်ရေးအတွက် အသုံးပြုနိုင်ခြေရှိပြီး နျူကလီးယား ဓါတ်ပေါင်းဖိုသစ်တည်ဆောက် လည်ပတ်တာဟာ ကုလသဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာဖြစ်ကြောင်း အိုင်အေအီးအေက ပြောဆိုထားပါတယ်။
Ref:NHK
Photo:Reuters