ဒီဇင်ဘာ ၂၆ – ၂၀၂၃
SN (VOM)
မနေ့ ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်) ည ၁၀ နာရီခွဲဝန်းကျင်အချိန်က သရုပ်ဆောင် မေသဉ္ဇာဦးရဲ့ သားအကြီး ကိုမင်းသန်းကျော်ဟာ ကျောက်မြောင်းမှာ ယဉ်တိုက်မှုဖြစ်ပြီး ကွယ်လွန်ခဲ့တယ်လို့ အနုပညာရှင်အသိုင်းအဝိုင်းက သိရပါတယ်။
ဖြစ်စဥ်မှာ ကိုမင်းသန်းကျော်ဟာ MDY 15 9R/3105 KIA Carnvial ကားကို ရှင်ပါကူဆေးခန်းဘက်ကနေ ကျောက်မြောင်းမီးပွိုင့် ဘက်ကို မောင်းနှင်လာတာမှာ တာမွေမြို့နယ် ကျောက်မြောင်းမီးသတ်ရှေ့ အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ဓါတ်တိုင်ကို ဝင်တိုက်မိပြီး ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ဒါရိုက်တာ ဇင်ယော်မောင်မောင်က “သရုပ်ဆောင်မေသဉ္ဇာဦးရဲ့ သားလေး ကွယ်လွန်ကြောင်း ကြားသိရတဲ့အတွက် မိသားစုနဲ့ ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ်။ ကောင်းရာသုဂတိလားပါစေကြောင်း တောင်းဆုပြုပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။
အဲ့ဒီ့ ယာဥ်တိုက်မှုကြောင့် ကိုမင်းသန်းကျော် (၂၇ နှစ်) ဟာ ဦးခေါင်းနောက်စေ့ စုတ်ပြဲဒဏ်ရာတွေ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကုသချိန်မှာ ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Photo Crd: Original Uploader