တဲလ်အဗစ်၊ ဒီဇင်ဘာ-၂၇-၂၀၂၃
မျိုးဆက်(VOM)
အိန္ဒိယနိုင်ငံရှိ အစ္စရေးသံရုံးအနီးမှာ ပေါက်ကွဲမှုတခုဖြစ်ပွားပြီးနောက် အိန္ဒိယမှာရောက်ရှိနေတဲ့ အစ္စရေးနိုင်ငံသားတွေကို အစ္စရေးတာဝန်ရှိသူတွေက သတိပေးချက် တိုးမြှင့်ထုတ်ပြန်လိုက်ပါတယ်။
ပေါက်ကွဲမှုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်ညပိုင်းက မြို့တော် ချန်နက်ယာပူရီ သံတမန်ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာမရှိပေမယ့် အခင်းဖြစ်ရာနေရာကနေ ကျည်ဆန်တွေ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပေါက်ကွဲမှုဟာ တိုက်ခိုက်မှုဖြစ်နိုင်ပြီး ကြိမ်ဖန်များစွာ ဖြစ်လာမှာကိုစိုးရိမ်ကြောင်း အစ္စရေးတာဝန်ရှိသူတွေက ပြောပါတယ်။ အိန္ဒိယမှာရောက်ရှိနေတဲ့ အစ္စရေးနိုင်ငံသားတွေအနေနဲ့ ကုန်တိုက်တွေ၊ ဈေးတွေလိုမျိုး လူစည်ကားတွေနေရာတွေကို ရှောင်ရှားကြဖို့ အစ္စရေးက သတိပေးထားပါတယ်။
အိန္ဒိယမှာရောက်ရှိနေတဲ့ အစ္စရေးနိုင်ငံသားတွေအနေနဲ့ အထူးသတိထားဖို့၊ အစ္စရေးအမှတ်သင်္ကေတတွေကို အများသူငှာရှေ့မှာ မဖော်ပြဖို့နဲ့ သွားလာမယ့် ခရီးစဉ်အသေးစိတ်စတာတွေကို လူမှုကွန်ရက်မှာ မဖော်ပြကြဖို့ တိုက်တွန်းထားပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဒေလီရှိ သံရုံးနှင့် အခြားနေရာများရှိ အစ္စရေးအဆောက်အအုံတွေပတ်လည်မှာ လုံခြုံရေးတင်းကြပ်ထားကြောင်း အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တို့က အစ္စရေးကို တိုက်ခိုက်မှုအပြီး ဂါဇာကို အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကာ လူသောင်းချီသေဆုံးခဲ့ပါတယ်။
Ref:BBC
Photo: Getty Images