ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီ ဒေါ်လာသန်း ၂၅၀ ပေးမယ်လို့ အိမ်ဖြူတော်ထုတ်ပြန်

 

ဝါရှင်တန်၊ ဒီဇင်ဘာ-၂၈-၂၀၂၃

မျိုးဆက်(VOM)

အမေရိကန်ဟာ ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီ ဒေါ်လာသန်း ၂၅၀ ပေးမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်လိုက်ပါတယ်။

နောက်ဆုံးပေးအပ်မယ့် ဒီစစ်ရေးအကူအညီမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ အမြောက်နဲ့ လက်နက်ငယ် ခဲယမ်းမီးကျောက်တွေ၊ တင့်ကားဖျက် လက်နက်တွေပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အနောက်နိုင်ငံတွေရဲ့ အကူအညီတွေ ထပ်မရခဲ့ဘူးဆိုရင် စစ်ပွဲအတွက် ကြိုးပမ်းနေမှု ယူကရိန်းပြည်သူ့ဘဏ္ဍာငွေတွေအတွက် အန္တရာယ်ရှိကြောင်း ယူကရိန်းက သတိပေးထားပါတယ်။

နိုင်ငံအရှေ့ပိုင်းမှာ ရပ်တန့်နေတဲ့ တန်ပြန်ထိုးစစ်နဲ့ ထိန်းချုပ်မှု အနည်းငယ်ပြောင်းလဲနေတဲ့ကြားမှာ ယူကရိန်းဟာ အမေရိကန်နဲ့ ဥရောပမဟာမိတ်တွေရဲ့ အကူအညီတွေ နှေးကွေးမယ့် အလားအလာနဲ့ ရင်ဆိုင်နေရပါတယ်။

ယူကရိန်းဟာ ဘတ်ဂျက်လိုငွေ ဒေါ်လာ ၄၃ ဘီလီယံထိရှိနေပြီး အနောက်အုပ်စုမဟာမိတ်နိုင်ငံတွေက နောက်ထပ်စစ်ရေးအကူအညီတွေ မပေးဘူးဆိုရင် အစိုးရဝန်ထမ်းတွေအတွက် လစာနဲ့ ပင်စင်တွေအတွက် နှောင့်နှေးဖွယ်ရှိတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

Ref:BBC

Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW