အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲ JN.1 ကူးစက်မှု ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ

 

ဘန်ကောက်၊ ဒီဇင်ဘာ-၂၈-၂၀၂၃

မျိုးဆက်(VOM)

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်ဗိုင်းရပ်စ် မျိုးကွဲဖြစ်တဲ့ JN.1 ကူးစက်ခံရသူတယောက်ကို ဘန်ကောက်မှာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထိုင်းကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

အိုမီခရွန်ဗိုင်းရပ်စ်ရဲ့ မျိုးကွဲတခုဖြစ်တဲ့ JN.1 ဟာ ဆဲလ်တွေကို ပိုမိုကူးစက်လွယ်ပြီး ကိုယ်ခံအားစနစ်ကို ရှောင်လွှဲနိုင်တယ်လို့ မဟီဒေါတက္ကသိုလ် ဆေးဘက်ဆိုင်ရာ ဌာနက သတိပေးထားပါတယ်။

ဒီဗိုင်းရပ်စ်မျိုးကွဲကူးစက်မှုတွေကြောင့် သက်ကြီးရွယ်အိုတွေအပါအဝင် ကျန်းမာရေးအခံရှိသူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန်၊ ဗြိတိန်တို့က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။

အဲဒီ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲဟာ လာမယ့်နှစ်အစောပိုင်းကစပြီး ထိုင်းနိုင်ငံမှာ ကူးစက်မှုအများဆုံး ဗိုင်းရပ်စ် ဖြစ်လာဖွယ်ရှိကြောင်း မဟီဒေါတက္ကသိုလ် ဆေးဘက်ဆိုင်ရာ ဌာနက သတိပေးထားပါတယ်။

ဒါပေမယ့်လည်း ဒီဗိုင်းရပ်စ်မျိုးကွဲဟာ ကူးစက်မှုမြန်ဆန်ပေမယ့် ပြင်းထန်ရောဂါလက္ခဏာ ပြသခြင်းမရှိဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

လက်ရှိမှာတော့ JN.1 ဗိုင်းရပ်စ်မျိုးကွဲကို ဒိန်းမတ်၊ အမေရိကန်၊ စင်ကာပူ၊ ပြင်သစ်၊ ဗြိတိန်၊ စပိန်၊ ကနေဒါ၊ ဆွီဒင်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ သြစတြေးလျ၊ သြစတြီးယား၊ အိုက်စလန်၊ အိုင်ယာလန်နဲ့ ဆွစ်ဇာလန်တို့မှာ ကူးစက်မှုတွေရှိနေပါတယ်။

ဒါပေမယ့်လည်း အာရှနိုင်ငံတွေမှာတော့ JN.1 ကူးစက်မှု နည်းပါးနေသေးပြီး ဂျပန်မှာ ၃၄ ယောက်၊ တရုတ်မှာ ၁၆ ယောက်၊ တောင်ကိုရီးယားမှာ ရှစ်ယောက်၊ ထိုင်ဝမ်မှာ ခြောက်ယောက်နဲ့ မလေးရှားမှာ တယောက် ကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။

Ref:Bangkok Post

Photo:CDC

Related posts

Leave a Comment

VOM News

FREE
VIEW