နမ္မတူ – သီပေါ ကြားက မိုးတေ ချောင်းတံတား မိုင်းခွဲခံရ

 

ဒီဇင်ဘာ ၂၉၊ ၂၀၂၃

Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ နမ္မတူ – သီပေါ ကြားက မိုးတေ ချောင်းတံတား ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေပိာင်းကမိုင်းခွဲခံရ ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“နမ္မတူ နဲ့ သီပေါ ကြားက မိုးတေချောင်းတံတား မိုင်းခွဲ ခံရတယ် မနေ့ညနေပိုင်းက။ ပေးမဖြတ်ဘူး။ ကားတွေလည်း ဖြတ်လို့ မရ‌လောက်ဘူး။ ပြိုကျနိုင်တယ်။” လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

ယမနနေ့ နေ့ခင်းပိုင်းကစ ညနေပိုင်းအထိ ပစ်ခတ်သံကြားနေရပြီး လေယာဉ်သံတွေလည်း ကြားရတယ်လို့ သူကပြောပါတယ်။

“လက်နက်ကိုင် အဖွဲ့ အစည်းတွေက လုပ်တယ် ပြောတယ်။ အတိအကျတော့ မသိဘူး။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

မိုးတေ ချောင်းတံတားဟာ သီပေါ – နမ္မတူ – မန်တုံ – နမ့်ဆန်ကို လမ်းမပေါ်က အဓိက ကျတဲ့ တံတားဖြစ်တယ်လို ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ကလည်း မန္တလေး – မူဆယ် လအ်းမ ပေါ်ရှိ ကျင်သီတံတား ၊ အောက်တိုဘာလက သိန္နီ တံတားတို့ မိုင်းခွဲ ဖျက်ဆီး ခံခဲ့ရပါတယ်။

Photo Crd# ဒေသခံ

 

Related posts

Leave a Comment

VOM News

FREE
VIEW