ယူကရိန်း အဓိကမြို့ကြီးတွေကို ရုရှားက လေကြောင်းအကြီးအကျယ် တိုက်ခိုက်ပြန်

 

ကိယက်ဗ်၊ ဒီဇင်ဘာ-၂၉-၂၀၂၃

မျိုးဆက်(VOM)

ရုရှားဟာ ယူကရိန်းနိုင်ငံတဝန်းရှိ မြို့အများအပြားကို ဒီဇင်ဘာ ၂၈ ရက်ညပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ အကြီးအကျယ် လုပ်ဆောင်ခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။

သောကြာနေ့နံနက်အစောပိုင်းထိ ကိယက်ဗ်၊ အိုဒီဆာ၊ ဒီနီပရိုပက်ထရော့၊ ခါကိဗ်နဲ့ လာဗစ်မြို့တွေကို မောင်းသူမဲ့လေယာဉ်တွေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင်း ယူကရိန်းနိုင်ငံတဝန်းမှာ လေကြောင်းသတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။

ရုရှားသိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားဒေသရှိ ဖီအိုဒိုဆီယာဆိပ်ကမ်းမှာ ရုရှားစစ်သင်္ဘောတစင်းကို ယူကရိန်းက တိုက်ခိုက်ပြီးနောက် ရက်ပိုင်းအကြာမှာ ယူကရိန်းမြို့ကြီးတွေကို ရုရှားက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ယူကရိန်းလေတပ် ပြောရေးဆိုခွင့်ရှိသူကတော့ ရုရှားဟာ ဟန့်တားဖို့အလွန်ခက်တဲ့ X-22 အမျိုးအစား သံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေ၊ ခရုဇ်ဒုံးကျည်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုဟာ ယူကရိန်းနိုင်ငံတဝန်းရှိ မြို့ကြီးတွေမှာ ကျယ်ကျယ်ပြန့်ပြန် ထိခိုက်ခဲ့ပါတယ်။ မြို့တော်ကိယက်ဗ်မှာတော့ လူခုနှစ်ယောက် ဒဏ်ရာရပြီး သုံးယောက်ကတော့ အပျက်အစီးတွေအောက်မှာ သေဆုံးခဲ့ကာ လေကြောင်းတိုက်ခိုက်မှု အကာအကွယ်အဖြစ် ခိုလှုံနေတဲ့ မြေအောက်ရထားဘူတာရုံလည်း ထိမှန်ခဲ့တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

ခါကိဗ်မြို့မှာတော့ လူတယောက်သေဆုံးပြီး ဆေးရုံနဲ့လူနေအဆောက်အအုံတွေပျက်စီးကာ လူတယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။လာဗစ်မှာတော့ လူတယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

Ref:BBC

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW