လောင်စာဆီသုံးကားတွေ ဦးစားပေးတင်သွင်းမှုထဲမပါလို့ EV နဲ့ SKD ကားသာ ဈေးကွက်ထဲ ပိုမိုဝင်ရောက်လာနိုင်

 

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ – ၂၀၂၃

GG (VOM)

မော်တော်ယာဉ်တင်သွင်းမှုနဲ့ ပတ်သက်ပြီး လက်ရှိချမှတ်ဆောင်ရွက်နေတဲ့ မူဝါဒကို ပြောင်းလဲတာမရှိဘဲ ဆက်လက်ကျင့်သုံးနေတာကြောင့် ၂၀၂၄ ခုနှစ်မှာ လောင်စာဆီသုံး ( ICE) ကားအစင်းလိုက်တင်သွင်းခွင့် ဦးစားပေးထဲမပါတဲ့အတွက် EV လျှပ်စစ်ကားနဲ့ SKD ကားတွေသာ အသစ်ရောင်းကုန်ဖြစ်လာနိုင်တယ်လို့ ကားလောက အသိုင်းအဝန်းက သုံးသပ်ပါတယ်။

ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ SKD ကားက တရားဝင်ရောင်းဈေးနူန်းတွေထက် ရာနှုန်း အလိုက်မြင့်မားလာဖွယ်ရှိသလို EV လျှပ်စစ်ကားဈေးနူန်းတွေလည်း လက်ရှိနူန်းထားထက် ပိုပြီမြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။

“လောင်စာဆီသုံးကား( ICE car )အစင်းလုံးလိုက်တင်သွင်းခွင့် ၂၀၂၄-ခုနှစ်အတွက် ရရှိနိုင်ရန် အခွင့်အလမ်းအင်မတန် နည်းပါးပြီး မရှိသလောက် ဖြစ်လာနိုင်ပါတယ်။လက်ကျန်လုပ်ကိုင်နေတဲ့ CKD+SKD ရရှိထားတဲ့ တစ်ခုတည်းသော ဂျပန်အခြေပြုထုတ်လုပ်နေတဲ့ company ကြီးတစ်ခုက လက်ကျန် SKD ကား ရာဂဏန်းအထိတပ်ဆင်ထုတ်လုပ်ပြီးဖြစ်လို့ ပြည်တွင်းဈေးကွက်ကို invoice value အသစ် အရင်ရောင်းဈေးနှစ်ဆနီးပါးနဲ့ စတင်ဖြန့်ချီတော့မယ်။EV sale price က actual invoice value ထက် ရာခိုင်နှုန်း ပိုတင်များပြားနေတဲ့ ယခုလက်ရှိမြေပြင်ဈေးထက်ကို ပိုမိုလာနိုင်ဖွယ်ရှိတယ်။ဈေးဆွဲချချင်တဲ့သူကဆွဲချမယ်၊တင်ချင်တဲ့သူတွေကတော့ ဈေးဆွဲတင်လိမ့်မယ့် ” လို့ မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရေး ရောင်းချရေး လုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။

ဒါကြောင့် SKD ကားတွေ တပ်ဆင်ထုတ်လုပ်မှုအနေနဲ့ ခွင့်ပြုမိန့်ကျန်နေသေးတဲ့ ကိုရီးယား ၊ တရုတ် ၊ ဂျပန် ကုမ္ပဏီ တွေကနေထုတ်လုပ်မယ့် SKD ကားအမျိုးအစားစုံ ဈေးကွက်ထဲဝင်ရောက်လာနိုင်ပြီး EV ကားတင်သွင်းဖို့ ကြိုးစားတဲ့ကုမ္ပဏီတွေလည်း ပိုပြီးများလာနိုင်တယ်လို့ သိရပါတယ်။

လောင်စာဆီသုံး ICE ကားတွေကတော့ ပြည်တွင်းမှာ ဝင်ရောက်ပြီးဖြစ်တဲ့ တပတ်ရစ်ကားဈေးကွက်ကိုပဲ အားကိုးရမယ့်အခြေအနေရှိတယ်လို့ သိရပါတယ်။

” EV ကိုပဲ တင်သွင်းခွင့်ရမယ်၊ SKD စနစ်ထုတ်ဖို့ ပစ္စည်းအလုံးလိုက်အတွက်ကုန်ကြမ်းတင်သွင်းခွင့်ရမယ်၊ကျန်တဲ့ကားတွေကတော့ မရှိသလောက်ပါပဲ ။ရှိပြီးသားကားပဲရောင်းရမယ့်အခြေအနေပေါ့၊အသစ်တင်သွင်းခွင့်မရသေးသရွေ့တော့ ဈေးကအကျဘက်ကို မရောက်နိုင်ဘူး ” လို့ ရန်ကုန်မြို့အခြေစိုက် ကားတင်သွင်းနေတဲ့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်အတွက် ကားတင်သွင်းခွင့်နဲ့ပတ်သက်တဲ့မူဝါ ထုတ်ပြန်ချက်မှာ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပမှ တင်သွင်းမည့် လူစီးယာဉ်များအတွက် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ၊ လုပ်ငန်းသုံးယာဉ်များ (ကုန်တင်ယာဉ်/ခရီးသည်တင်ယာဉ်) အတွက် ၂၀၂၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ၊ မီးသတ်ယာဉ်/လူနာတင်ယာဉ်များအတွက် ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဖြစ်ရမယ်လို့ သတ်မှတ်ထားပြီး လက်ဝဲစတီယာရင်ယာဉ်ကိုပဲ တင်သွင်းရမယ်လို့ အသိပေး ထားတာဖြစ် ပါတယ်။

အများပြည်သူသုံး လမ်းပေါ်မှာ မောင်းနှင်အသုံးပြုခြင်းမရှိတဲ့ လုပ်ငန်းသုံးယန္တားတွေကိုတော့ (၁၅) နှစ်အတွင်း ထုတ်လုပ်တဲ့ယာဉ် (၂၀၁၀ ခုနှစ်နှင့်အထက် ထုတ်လုပ်သောယာဉ်) ကို တင်သွင်းခွင့်ပြုမယ်လို့ အသိပေးထားပါတယ်။

Photo: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW