ပင်လယ်နီမှာ ကုန်တင်သင်္ဘောကို တိုက်ခိုက်တဲ့ ဟူသီစက်လှေသုံးစင်းကို အမေရိကန်တိုက်ခိုက်မှု ၁၀ ယောက်သေဆုံး

 

ဝါရှင်တန်၊ ဇန်နဝါရီ-၁-၂၀၂၃

မျိုးဆက်(VOM)

ပင်လယ်နီဒေသမှာ ကွန်တိန်နာသင်္ဘောတစင်းပေါ်ကို တက်ဖို့ကြိုးပမ်းတဲ့ ဟူသီသူပုန်တွေရဲ့ စက်လှေသုံးစင်းကို အမေရိကန်ရေတပ်က တိုက်ခိုက်ဖျက်စီးခဲ့ပါတယ်။

ယီမင်ရှိ ဟူသီထိန်းချုပ်နယ်မြေက စက်လှေသုံးစင်းဟာ Maersk Hangzhou ကုန်တင်သင်္ဘောကို တိုက်ခိုက်ခဲ့ပြီး သင်္ဘောနဲ့ မီတာအနည်းငယ်အကွာအဝေးထိ ရောက်ရှိခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

ကုန်တင်သင်္ဘောကနေ အရေးပေါ်အကူအညီတောင်းခံမှုကို လက်ခံရရှိပြီးနောက် အနီးနားက အမေရိကန်စစ်သင်္ဘောနဲ့ ရဟတ်ယာဉ်တွေက ပစ်ခတ်တိုက်ခိုက်မှုကြောင့် စက်လှေသုံးစင်း နစ်မြုပ်သွားခဲ့ပါတယ်။

လိုက်ပါလာတဲ့ ဟူသီအဖွဲ့ဝင်တွေ သေဆုံးပြီးနောက် စတုတ္တခြောက် စက်လှေကတော့ မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ အဖွဲ့ဝင် ၁၀ ယောက် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေတယ်လို့ ဟူသီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဟူသီအဖွဲ့ဟာ နိုဝင်ဘာလကတည်းက ပင်လယ်နီကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို ဒရုန်းနဲ့ ဒုံးကျည်အစင်း ၁၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အီရန်ကျောထောက်နောက်ခံပြု ဟူသီပုန်တွေဟာ ဂါဇာစစ်ပွဲကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးနဲ့ဆက်နွယ်တဲ့ သင်္ဘောတွေကို တိုက်ခိုက်သွားမယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။

Ref:BBC

Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW