တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ မြေပြိုမှုကြောင့် လူ ၄၇ ယောက် သေဆုံးဖွယ်ရှိ

 

ပေကျင်း၊ ဇန်နဝါရီ-၂၂-၂၀၂၄

မျိုးဆက်(VOM)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဝေးလံခေါင်သီတဲ့ တောင်ထူထပ်တဲ့ဒေသမှာ ဒီနေ့ဇန်နဝါရီ ၂၂ ရက်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူ ၄၇ ခုနှစ်ယောက်ပျောက်ဆုံးနေကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

မြေပြိုမှုဟာ ယူနန်ပြည်နယ် ရှန်ရှောင်ခရိုင်မှာ ဒေသစံတော်ချိန် နံနက် ၅ နာရီ ၅၁ မိနစ်က ဖြစ်ပွားခဲ့တာဖြစ်ဖြစ်ပြီး အိမ်ထောင်စု ၁၈ စု မြေပြိုမှုမှာ နစ်မြုပ်ခဲ့ပြီး လူ ၅၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

အာဏာပိုင်တွေဟယ ကယ်ဆယ်ရေးလုပ်သား ၂၀၀ ကျော်အပြင် မီးသတ်ကားနဲ့ အခြားစက်ပစ္စည်းကိရိယာတွေအသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။

မြေပြိုမှုကြောင့် လူသေဆုံးမှုနဲ့ပတ်သက်ပြီး လက်ရှိချိန်ထိ အာဏာပိုင်တွေက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဟိမဝန္တာကုန်းပြင်မြင့်နဲ့ မတ်ဆောက်တဲ့ တောင်တန်းတွေကြားမှာ တည်ရှိတဲ့ ယူနန်ပြည်နယ်မှာ မြေပြိုမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။

မြေပြိုရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပါဘူး။ စီချွမ်ပြည်နယ်မှာ ဇွန်လအတွင်းက ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူ ၁၉ ဦးသေဆုံးပြီး သြဂုတ်လအတွင်းကလည်း နိုင်ငံမြောက်ပိုင်း ရှီအန်းမြို့မှာ မြေပြိုမှုကြောင့် လူ ၂၀ ကျော်သေဆုံးခဲ့ပါတယ်။

Ref:BBC

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW