အမေရိကန်မှာ ပြင်းထန်တဲ့ ဆောင်းရာသီမုန်တိုင်းတွေကြောင့် လူ ၉၀ နီးပါး သေဆုံး

 

ဝါရှင်တန်၊ ဇန်နဝါရီ-၂၂-၂၀၂၄

မျိုးဆက်(VOM)

အမေရိကန်မှာ ပြင်းထန်တဲ့ဆောင်းရာသီမုန်တိုင်းတွေကြောင့် လူအယောက် ၉၀ နီးပါး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးမှုတွေမှာ တင်နက်ဆီပြည်နယ်မှာ ၂၅ ယောက်၊ အော်ရီဂွန်ပြည်နယ်မှာ ၁၆ ပါဝင်ပြီး သေဆုံးသူအများဆုံးဖြစ်ကာ ကန်တပ်ကီနဲ့ အီလီနွိုက်ပြည်နယ်တို့မှာလည်း ပြင်းထန်တဲ့ ရာသီဥတုအခြေအနေ သတိပေးချက်အောက်မှာ ရှိနေဆဲဖြစ်ပါတယ်။

ဆီယက်တဲလ်မှာ အိမ်ခြေမဲ့ ငါးယောက်သေဆုံးခဲ့ပါတယ်။ နှင်းမုန်တိုင်းတွေတိုက်ခတ်မှုဟာ လာမယ့် ရသတ္တပတ်ထိ ဆက်လက်ဖြစ်ပေါ်နေဖွယ်ရှိတယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေကြောင့် အော်ရီဂွန်မှာ လူတသောင်းနီးပါး၊ မြောက်ကယ်ရိုလိုင်းနားမှာ ၈၀၀၀ ၊ ကယ်လီဖိုးနီးယားမှာ ၇၀၀၀ နဲ့ ကင်တပ်ကီမှာ ၄၃၀၀ နီးပါးအပါအဝင် လူသိန်းချီပြီး လျှပ်စစ်ဓါတ်အား ပြတ်တောက်နေပါတယ်။

မစ္စစ္စပီမှာတော့ ရာသီဥတုကြောင့် လိုအပ်မှသာ ယာဉ်တွေမောင်းနှင်သွားလာဖို့နဲ့ ပြည်နယ်ရဲ့လမ်းတွေမှာ ရေခဲမှုတွေကို သတိထားကြဖို့ အာဏာပိုင်တွေက သတိပေးထားပြီး ပြည်နယ်ကောလိပ်တွေနဲ့ တက္ကသိုလ်ကျောင်းသားတွေ ဆောင်းရာသီအားလပ်ရက်ကနေ ပြန်လာမှုတွေကို နှောင့်နှေးနေပါတယ်။

အေးခဲတဲ့ရာသီဥတု ဖြစ်ပေါ်ပြီးနောက်မှာတော့ အမေရိကန်အရှေ့အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ပူနွေးစွတ်စိုတဲ့ရာသီဥတုနဲ့အတူ မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင်အချို့က သတိပေးထားပါတယ်။

Ref:BBC

Photo:AP/Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW