လားရှိုးနဲ့ နမ္မတူကြား အီနိုင်းတံတား မိုင်းခွဲ ဖျက်ဆီးခံရလို့ ထက်ပိုင်းကျိုးကျ

  ဇန်နဝါရီ ၁၊ ၁၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ လားရှိုးမြိုနယ်၊ လားရှိုးနဲ့ နမ္မတူကြားက အီနိုင်းရွာရှိ အီနိုင်း တံတား မိုင်းခွဲ ခံရလို့ ထက်ပိုင်းကျိုးကျသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အီနိုင်း တံတား ကျိုးသွားပြန်ပြီ။ လားရှိုးနဲ့ မူဆယ်ကြား တောလမ်းကနေ ဖြတ်ဖြတ်လာကြတယ်ဆိုမှ တံတားကျိုးပြန်ကျိုးသွားပြီ။ အိမ်ပြန်လို့ မရတော့ဘူး။ မနေ့ည တညလုံး ဒီ လားရှိုးကနေ အမြှောက် ပစ်သံတွေ ကြားနေရတယ်။” လို့ လားရှိုးကနေ မူဆယ် ပြန်မယ့် အမျိုးသမီး တယောက်က ပြောပါတယ်။ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုတွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မန္တလေး – မူဆယ် အဝေးပြေးလမ်းမကြီး သွားလို့မရတော့တာကြောင့် မူဆယ် – နမ့်ခမ်း – မိုင်းဝီး…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၁ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၁၀ ကျပ် ဝယ်ဈေး – ၂၅၆၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၃၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၅ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၁ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၆၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ပင်လယ်နီမှာ ကုန်တင်သင်္ဘောကို တိုက်ခိုက်တဲ့ ဟူသီစက်လှေသုံးစင်းကို အမေရိကန်တိုက်ခိုက်မှု ၁၀ ယောက်သေဆုံး

  ဝါရှင်တန်၊ ဇန်နဝါရီ-၁-၂၀၂၃ မျိုးဆက်(VOM) ပင်လယ်နီဒေသမှာ ကွန်တိန်နာသင်္ဘောတစင်းပေါ်ကို တက်ဖို့ကြိုးပမ်းတဲ့ ဟူသီသူပုန်တွေရဲ့ စက်လှေသုံးစင်းကို အမေရိကန်ရေတပ်က တိုက်ခိုက်ဖျက်စီးခဲ့ပါတယ်။ ယီမင်ရှိ ဟူသီထိန်းချုပ်နယ်မြေက စက်လှေသုံးစင်းဟာ Maersk Hangzhou ကုန်တင်သင်္ဘောကို တိုက်ခိုက်ခဲ့ပြီး သင်္ဘောနဲ့ မီတာအနည်းငယ်အကွာအဝေးထိ ရောက်ရှိခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ ကုန်တင်သင်္ဘောကနေ အရေးပေါ်အကူအညီတောင်းခံမှုကို လက်ခံရရှိပြီးနောက် အနီးနားက အမေရိကန်စစ်သင်္ဘောနဲ့ ရဟတ်ယာဉ်တွေက ပစ်ခတ်တိုက်ခိုက်မှုကြောင့် စက်လှေသုံးစင်း နစ်မြုပ်သွားခဲ့ပါတယ်။ လိုက်ပါလာတဲ့ ဟူသီအဖွဲ့ဝင်တွေ သေဆုံးပြီးနောက် စတုတ္တခြောက် စက်လှေကတော့ မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ အဖွဲ့ဝင် ၁၀ ယောက် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေတယ်လို့ ဟူသီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဟူသီအဖွဲ့ဟာ နိုဝင်ဘာလကတည်းက ပင်လယ်နီကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို ဒရုန်းနဲ့ ဒုံးကျည်အစင်း ၁၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အီရန်ကျောထောက်နောက်ခံပြု ဟူသီပုန်တွေဟာ…

Read More

နမခ ထိန်းချုပ် ဧရိယာအတွင်း ၂၀၂၃ ခုနှစ်မှာ စစ်အုပ်ချုပ်ရေး ဥပဒေအရ ၊ လူပေါင်း ၃၀၀ ကျော်ဖမ်းခံရပြီး သေဒဏ် အပါအဝင် အလုပ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရ

  ဇန်နဝါရီ ၊ ၁ ၊ ၂၀၂၄ SP (VOM) အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ထိန်းချုပ် နယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်း မကွေးတိုင်းနဲ့ ချင်းပြည်နယ်ထဲက လူပေါင်း ၃၀၀ ကျော်ကို ပြီးခဲ့တဲ့ ၂၀၂၃ အတွင်း စစ်အုပ်ချုပ်ရေး (Martial Law) ဥပဒေ အရ ဖမ်းဆီးပြီး သေဒဏ် အပါအဝင် အလုပ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ အပြစ်ပေး အမိန့်ချခဲ့တယ်လို့ ဥပဒေအကျိုး ဆောင် ရှေ့နေ အသိုင်းအဝိုင်းဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်ကိုင်းတိုင်းမှာ ၊ အင်းတော် ၊ ဗန်းမောက် ၊ ပင်လည်ဘူး ၊ ဝန်းသို ၊ ကောလင်း ၊ ကန့်ဘလူ ၊ တန့်ဆည် ၊…

Read More

This Day in History

Voice of Myanmar ဥရောပသမဂ္ဂ( အီးယူ)၏ ငွေကြေးယူနစ်ကို ယူရိုငွေနှင့် ဒင်္ဂါးပြားများ ထုတ်ပေးခြင်းဖြင့် ၂၀၀၂ ခုနှစ် ဇန်နဝါရီ ၁ ရက်၌ စတင်မိတ်ဆက်ခဲ့ပြီး မတ်လတွင် အဖွဲ့ဝင်နိုင်ငံများ၏ တခုတည်းသော ငွေကြေးသုံးစွဲမှု ဖြစ်လာခဲ့သည်။

Read More
VOM News

FREE
VIEW