Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read MoreDay: February 3, 2024
ဂါဇာစစ်ပွဲ ရက် ၄၀ အပစ်ရပ်ပြီး ဓါးစာခံတွေ လွတ်မြောက်ဖို့ အစ္စရေးရည်ရွယ်နေ
တဲလ်အဗစ်၊ ဖေဖော်ဝါရီ-၃-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးဟာ ဂါဇာစစ်ပွဲကို ရက် ၄၀ ကြာ အပစ်အခတ်ရပ်စဲပြီး အရပ်သားဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေး ရည်ရွယ်ထားတယ်လို့ ရိုက်တာသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ ဟားမတ်စ်တို့ဟာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာစဉ်းစားနေကြောင်း သတင်းတွေထွက်ပေါ်ပြီး ဒီအပေါ် တုံ့ပြန်မှုတွေ မရှိသေးကပါဘူး။ အပစ်အခတ်ရပ်စဲရေးပထမအဆင့်မှာ ဟားမတ်စ်တို့ဟာ ကျန်ရှိနေသေးတဲ့ အစ္စရေးဓါးစာခံတွေကို ပြန်လွှတ်ပေးဖို့ ညှိနှိုင်းထားတယ်လို့ ဆွေးနွေးမှုနဲ့နီးစပ်တဲ့ ပါလက်စတိုင်းတာဝန်ရှိသူတယောက် ရိုက်တာကို ပြောပါတယ်။ နောက်တဆင့်မှာတော့ အစ္စရေးစစ်သားတွေနဲ့ ဓါးစာခံတွေရဲ့ ရုပ်အလောင်းတွေကို ဆက်လက်လွှဲပြောင်းပေးသွားဖို့ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ ဓါးစာခံတွေကို ပြန်လည်လွှတ်ပေးပြီးနောက်မှာ တိုက်ပွဲတွေရပ်ဖို့ ဟားမတ်စ်တို့က တောင်းဆိုသွားဖွယ်ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ဒီဆွေးနွေးမှုတွေဟာ ကနဦးစတင်တဲ့အခြေအနေမှာသာရှိနေသေးပြီး ဟားမတ်စ်တို့ဟာလည်း ဒီအပစ်အခတ်ရပ်စဲရေးကို လေ့လာနေတယ်လို့ ကာတာအခြေစိုက် အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြထားပါတယ်။ Ref:NHK Photo:Getty Images
Read MoreYBS ကားခတွေ မြင့်တက်လာပြန်တာကြောင့် ခရီးသည်တွေ အခက်အခဲဖြစ်နေ
ဖေဖော်ဝါရီ ၃ – ၂၀၂၄ SN (VOM) မြန်မာနိုင်ငံအတွင်း အထွေထွေကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေချိန်မှာ YBS ယာဥ်လိုင်းတချို့က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ စတင်ကာ ယာဥ်စီးခတွေ ထပ်မံတိုးမြှင့် ကောက်ခံလာတာကြောင့် နေ့စဥ် YBS အသုံးပြု သွားလာနေရတဲ့ ပြည်သူတွေ အနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဗန္ဓုလသယ်ယူ ပို့ဆောင်ရေးယာဉ်လိုင်းအောက်ရှိ YBS 12, 13, 14, 25, 30, 38, 55, 117, 128 စတဲ့ ယာဉ်တွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်မှစတင်ကာ ယာဉ်စီးခကို ငွေသားနဲ့ ပေးမယ်ဆိုရင် ကျပ်ငွေ ၄၀၀ ၊ YPS Card / QR Code…
Read Moreမြင်းခြံမြို့နယ် စံပြကျေးရွာ ပြည်သူ့စစ်အဖွဲ့နဲ့ PDF အဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်လို့ နှစ်ဘက်ထိခိုက် သေဆုံးမှုတွေရှိ
ဖေဖော်ဝါရီ ၊ ၃ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ စံပြကျေးရွာ အထက်တန်းကျောင်းမှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား မနေ့ ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းက အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး အဲ့ဒီ ပစ်ခတ်မှုတွေကြောင်း နှစ်ဘက်စလုံး ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းအရာနဲ့ ပတ်သက်လို့ စံပြကျေးရွာခံ ပရဟိတသမား တယောက်က ” မနေ့က ညနေပိုင်း ကျောင်းဆင်းပြီးတဲ့နောက် ၄ နာရီခွဲလောက်မှာ အထက်တန်းကျောင်းမှာ လုံခြုံရေးယူထားတဲ့ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ဦးတင်မြင့် ဦးစီးတဲ့အဖွဲ့ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက လာတိုက်တယ် ၊ အဲ့ဒီမှာ အပြန်အလှန်…
Read Moreဆီးရီးယားနှင့် အီရတ်ရှိ အီရန်နဲ့ဆက်နွယ်တဲ့ ပစ်မှတ် ၈၅ ခုကို အမေရိကန် လက်တုံ့ပြန် တိုက်ခိုက်
ဝါရှင်တန် ၊ ဖေဖော်ဝါရီ-၃-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်စစ်တပ်ဟာ ဆီးရီးယားနဲ့ အီရတ်ရှိ စစ်သွေးကြွတွေရဲ့ ပစ်မှတ် ၈၅ ခုကို လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန် အတည်ပြုလိုက်ပါတယ်။ ဒါဟာ အေမရိကန်စစ်အခြေစိုက်စခန်းတခုကို တိုက်ခိုက်ခံရမှုကြောင့် အမေရိကန် တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တဲ့အပေါ် လက်တုံ့ပြန်ခြင်းဖြစ်ပြီး အီရန်တော်လှန်ရေးအစောင့်တပ်နဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွပစ်မှတ်တွေကို လက်တုံ့ပြန်တာလို့ အမေရိကန် စစ်တပ်က ဆိုပါတယ်။ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မိမိတို့ရဲ့ လက်တုံ့ပြန်မှုကို ယနေ့စတင်ခဲ့ပြီး တိုက်ခိုက်မယ့် နေ့ရက်အချိန်နဲ့ ပစ်မှတ်တွေ ဆက်လက်ရှိနေမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာချက်ထုတ်ပြန်ပါတယ်။ ဆီးရီးယားနယ်စပ်အနီး ဂျော်ဒန်ရှိ တာဝါ ၂၂ ဟုခေါ်တဲ့ အမေရိကန်အခြေစိုက်စခန်းတခုကို စစ်သွေးကြွတွေက မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန် တပ်ဖွဲ့ဝင် သုံးယောက်သေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွက် အမေရိကန်က အီရန်ကို အပြစ်တင်ထားပြီး…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၃ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၄၅ ကျပ် ဝယ်ဈေး – ၃၄၉၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၂၅ ကျပ် ဝယ်ဈေး – ၂၅၇၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၈.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၃ ကျပ် ဝယ်ဈေး – ၇၃၈ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၀ ကျပ် ဝယ်ဈေး – ၄၈၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (ဖေဖော်ဝါရီ- ၃ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၈၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၈၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreတရုတ်မှာ ကလေးနှစ်ယောက်ကို ၁၅ ထပ်ကနေ ပစ်ချသတ်ခဲ့တဲ့ စုံတွဲကို သေဒဏ်ပေး ကွပ်မျက်
ပေကျင်း၊ ဖေဖော်ဝါရီ-၃-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ ကလေးငယ်နှစ်ယောက်ကို ၁၅ ထပ်အမြင့် ပြတင်းပေါက်ကနေ ပစ်ချပြီး သတ်ခဲ့တဲ့ စုံတွဲတတွဲကို အာဏာပိုင်တွေက ကွပ်မျက်လိုက်ပါတယ်။ ကလေးတွေရဲ့ ဖခင်ဖြစ်တဲ့ ကျန်ဘိုနဲ့ ယီချန်ချန်းဆိုသူအမျိုးသမီးတို့ဟာ ၂၀၂၀ ခုနှစ်မှာ နှစ်နှစ်အရွယ် မိန်းကလေးနဲ့ တနှစ်သားအရွယ်ကလေးငယ်တို့ကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ကျန်ဘိုဟာ ယီချန်ချန်းနဲ့ ဆက်ဆံရေးစတင်ပြီးနောက် ဇနီးဖြစ်သူနဲ့ကွာရှင်းခဲ့ပြီး သားသမီးတွေကို သတ်ဖြတ်ဖို့ ပူးပေါင်းကြံစည်ခဲ့တယ်လို့ အာဏာပိုင်တွေကဆိုပါတယ်။ ဒီစုံတွဲရဲ့ လုပ်ရပ်အတွက် စေ့ဆော်မှုဟာ အလွန်အမင်းအန္တရာယ်များပြီး သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်နဲ့ နည်းလမ်းတွေကို ပိုမိုပေါ်လွင်စေခဲ့တယ်လို့ တရုတ်နိုင်ငံ အထူးတရားရုံးက ထုတ်ပြန်ပါတယ်။ ပြစ်မှုကျူးလွန်တဲ့ အဲဒီစုံတွဲကို နိုင်ငံအနောက်တောင်ပိုင်း ချုံကင်းမြို့မှာ ကွပ်မျက်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ သေဒဏ်ပေးမှုအများအပြားကို အများအားဖြင့် ဆေးထိုးခြင်းနဲ့ ပစ်သတ်ခြင်းတို့စတဲ့ နည်းလမ်းတွေကို အသုံးပြုလေ့ရှိပေမယ့် လက်ရှိကွပ်မျက်မှုမှာ ဘယ်နည်းလမ်းကို အသုံးပြုတယ်ဆိုတာ ရှင်းလင်းစွာ…
Read MoreThis Day in History
Voice of Myanmar အမေရိကန်နိုင်ငံသား အဖြစ်ရရှိထားသူ၏ လူမျိုး၊ အသားအရောင်နှင့် ယခင်က ကျွန်ဖြစ်ဖူးသည့် အခြေအနေအပေါ် အခြေခံ၍ နိုင်ငံသားတဦး၏ မဲပေးပိုင်ခွင့်ကို အမေရိကန်ပြည်ထောင်စုရှိ အစိုးရတရပ်ရပ်က ငြင်းပယ်ခြင်းမပြုရဟူသော အချက်ပါဝင်သည့် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆယ့်ငါးကြိမ်မြောက် ပြင်ဆင်ချက်ကို ၁၈၇၀ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် အတည်ပြုခဲ့သည်။
Read Moreသာစည် X- Ray စစ်ဆေးချိန်ကြာမြင့်တဲ့အတွက် အသီးအနှံ ကုန်စိမ်း ပျက်စီးဆုံးရှုံးမှုတွေ ရှိနေ
ဖေဖော်ဝါရီ ၃ – ၂၀၂၄ SN (VOM) မန္တလေးတိုင်း၊ သာစည်မြို့နယ်ထဲက ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ X- Ray စက် စစ်ဆေးချိန် ကြာမြင့်တာကြောင့် သစ်သီး၀လံနဲ့ ကုန်စိမ်းကားတွေမှာ ပျက်စီးဆုံးရှုံးတာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောပါတယ်။ ရှမ်းပြည်နယ် (တောင်ပိုင်း) နဲ့ (အရှေ့ပိုင်း) က ဆင်းလာပြီး ရန်ကုန်နဲ့ မန္တလေးဘက်ကို သွားတဲ့ ယာဥ်တွေအနေနဲ့ ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်မှာ X- Ray ဖြတ်သန်းရတာဖြစ်ပြီး ကြာမြင့်ချိန် အချိန်စုစုပေါင်း ၁၂ နာရီဝန်းကျင်လောက် စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။ “ဒီကုန်စိမ်းတွေက ရှမ်းတောင်ကနေ ထွက်ကြတာ။ ဒီဒေသထွက်တဲ့ ပစ္စည်းတွေက သူတို့ဆီမှာ ဒေသလိုအပ်ချက်အရ ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းက ရန်ကုန်၊…
Read More