ယူကရိန်း စစ်ဦးစီးချုပ်ကို သမ္မတဇီလန်စကီး ထုတ်ပယ်ပြီး အစားထိုးခန့်အပ်

ကိယက်ဗ်၊ ဖေဖော်ဝါရီ-၉
မျိုးဆက်(VOM)

ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဦးစီးချုပ် Valerii Zaluzhnyi ကိုရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ပဋိပက္ခစတင်ကတည်းက ယူကရိန်းစစ်ပွဲကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး Valerii Zaluzhnyi နဲ့ သမ္မတဇီလန်စကီးတို့အကြား သဘောထားကွဲလွဲမှုတွေရှိနေကြောင်း သတင်းတွေထွက်ပေါ်နေချိန်မှာ အခုလိုထုတ်ပယ်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး Valerii Zaluzhnyi နေရာကို သမ္မတအမိန့်နဲ့ အစားထိုးခန့်အပ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပြီး ဒါဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း ယူကရိန်းစစ်ခေါင်းဆောင်ပိုင်းအတွက် အကြီးမားဆုံး အပြောင်းအလဲဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး Valerii Zaluzhnyi ဟာ ယူကရိန်းစစ်သားတွေနဲ့ ပြည်သူတွေအတွက် ယုံကြည်အာထားရတဲ့ နာမည်ကျော်စစ်ဗိုလ်ချုပ်ဖြစ်ပြီး အမျိုးသားသူရဲကောင်းတယောက်ဖြစ်ကာ မကြာသေးမီက လူထုထောက်ခံမှုနှုန်းဟာ သမ္မတဇီလန်စကီးထက် ပိုမိုမြင့်မားခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ဦးစီးချုပ်အဖြစ် ယူကရိန်းကြည်းတပ်က Oleksandr Syrskyi ကို စစ်ဦးစီးချုပ် ခန့်အပ်ကြောင်း သမ္မတဇီလန်စကီးက ထုတ်ပြန်ကြေညာထားပါတယ်။

Ref:BBC

Related posts

VOM News

FREE
VIEW