ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၉ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မြောက်ဦးက နစက တပ်ရင်းတွေကို AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းထွက်ပေါ်

ဖေဖော်ဝါရီ ၉ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ကျန်ရှိနေတဲ့ ရဲတပ်ရင်း (၃၁) ကို ရက္ခိုင့်တပ်တော် (AA) က မနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က မနေ့ည ဖေဖော်ဝါရီ ၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ မြောက်ဦးမြို့မှာ ခမရ (၅၄၀)၊ (၃၇၇) ၊ (၃၇၈) တပ်ရင်းတွေနဲ့ အမှတ် (၃၁) ရဲတပ်ရင်းတခုတို့ တည်ရှိပြီး အဲ့ဒီ့ တပ်ရင်းတွေအားလုံးကို AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်တယ်လို့ ရခိုင်ဘက်က သတင်းတွေက ဆိုပါတယ်။ ဒါ့အပြင် ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း၊ အငူမော်-မောင်တောကားလမ်းမဘေးရှိ နစကရဲ့ ကိုးတန်ကောက် နယ်ခြားစောင့်စခန်းကိုလည်း AA က မနေ့ ဖေဖော်ဝါရီ ၈…

Read More

ဘဏ်ကိုယ်စားလှယ်လုပ်ငန်း (Banking Agent) လုပ်ကိုင်ခွင့် ဗဟိုဘဏ် ခွင့်ပြု

  ရန်ကုန်၊ ဖေဖော်ဝါရီ ၉ -၂၀၂၄ GG (VOM) ငွေသားအပ်နှံခြင်းနဲ့ ထုတ်ယူခြင်းအပါအဝင် ဘဏ်လုပ်ငန်းတွေ ကို ဘဏ်ကိုယ်စား ဆောင်ရွက်နိုင်မယ့် ဘဏ်ကိုယ်စားလှယ်လုပ်ငန်း (Banking Agent) လုပ်ကိုင်ခွင့်ကို ဗဟိုဘဏ်က ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ ဘဏ်ကိုယ်စားလှယ်လုပ်ငန်း (Banking Agent)လုပ်ကိုင်ခွင့်ကို လက်ရှိနယ်စပ်ဒေသ၊ဘဏ်လုပ်ငန်းဝန်ဆောင်မှု နဲ့ ကွာဝေးတဲ့ ဒေသတွေ အတွက် အထူးရည်ရွယ်ပြီး ခွင့်ပြုတာဖြစ်ပေမယ့် အားလုံးလျှောက်ခွင့်ရှိတဲ့အခြေအနေဖြစ်တယ်လို့ သိရပါတယ်။ ” သူတို့အဓိကရည်ရွယ်တာတော့ မြို့ပြနဲ့ ဝေးပြီး ဘဏ်ကိုသွားလာရခက်တဲ့ဒေသတွေကိုရည်ရွယ်ပေမယ့် လူတိုင်းလျှောက်လို့ရတဲ့အခြေအနေပါပဲ။ပြောချင်တာက ကျနော်တို့အခုလုပ်နေတဲ့ ပွဲစားတွေလိုပေါ့။ အခုပွဲစားတွေကတော့တရားဝင်တာသိပ်မရှိဘူးပေါ့၊ အခု bank agent ကတော့ ဘဏ်နဲ့လည်းစာချုပ်ချုပ်ထားရမယ်၊ဗဟိုဘဏ်ကလည်းခွင့်ပြုမှရမယ်။ခွင့်ပြုရင်တော့ သူက သက်ဆိုင်ရာမြို့အလိုက် ငွေထုတ် ငွေအပ် အကုန်လုပ်လို့ရမယ့်အခြေအနေလို့ လတ်တလောသိထားတယ် ” လို့် စီးပွားရေးလုပ်ငန်းရှင်တယောက်ကပြောပါတယ်။ Banking Agent လုပ်ငန်း လုပ်ကိုင်ခွင့်လျှောက်ထားသူတွေအနေနဲ့ အဆိုပြု…

Read More

ဖိလစ်ပိုင်မှာ မြေပြိုမှုကြောင့် ၁၁ ယောက်သေဆုံးပြီး ၁၀၀ ကျော်ပျောက်ဆုံးနေ

  မနီလာ၊ ဖေဖော်ဝါရီ-၉-၂၀၂၄ မျိုးဆက်(VOM) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ရွှေတူးဖော်တဲ့ ကျေးရွာတရွာမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူ ၁၁ ယောက်သေဆုံးပြီး ၁၀၀ ကျော်ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မြေပြိုမှုဟာ ဖေဖော်ဝါရီ ၇ ရက်က ဖြစ်ပွားတာဖြစ်ပြိး နာရီ ၆၀ နီးပါးအကြာမှာ ပျောက်ဆုံးနေသူတွေထဲက မိန်းကလေးငယ်တယောက်ကို အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ပါတယ်။ တောင်ပိုင်း မင်ဒါနာအိုကျွန်းရှိ မာဆာရာကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် နေအိမ်တွေပျက်စီးကာ အလုပ်သမားတွေကို ခေါ်ယူဖို့စောင့်ဆိုင်းနေတဲ့ မော်တော်ယာဉ်တွေလည်း မြေစာပိခဲ့ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ ဖေဖော်ဝါရီ ၉ ရက်က မိုးရွာသွန်းမှုတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ခက်ခက်ခဲခဲလုပ်ဆောင်နေရပြီး စက်ယန္တရားတွေအသုံးပြုနေကာ အလောင်းတွေရှိတယ်လို့ ယူဆရတဲ့နေရာတွေမှာ လက်ဗလာ သို့မဟုတ် ပေါက်တူးတွေကို အသုံးပြုနေကြရပါတယ်။ မြေပြိုတဲ့ နေရာအနီးရှိ အိမ်ထောင်စု ၇၀၀ ကျော်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားပါတယ်။…

Read More

မန္တလေးက မြို့နယ်(၂)ခုမှာ တနေ့တည်းမီးလောင်မှု ၂ကြိမ် ဖြစ်ပွားခဲ့

  မန္တလေး၊ဖေဖော်ဝါရီ ၉-၂၀၂၄ Voice Of Myanmar(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်နဲ့ အမရပူရမြို့နယ်တို့မှာ ဒီကနေ့မနက်အစောပိုင်းက အချိန်အနည်းငယ်သာခြားပြီး မီးလောင်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” အောင်/စံက ဖုန်းကာဗာဆိုင်လောင်တာ၊ သူက အရင်လောင်တာပေါ့ Lv-2အဆင့်နဲ့‌ပေါ့ ၊ အဲ့ဒီမီးကို ငြိမ်းသတ်နေချိန်ပဲ အမရပူရ က မီးသတင်းထပ်ဝင်တယ်၊ သက်ဆိုင်ရာမြို့နယ်က မီးသတ်ကားတွေ အချိန်မှီ သွားငြိမ်းကြပါတယ်”လို့ မီးသတ်နဲ့နီးစပ်သူတဦးကပြောပါတယ်။ ဖြစ်စဉ်မှာ မနက် ၁ နာရီ ၄၀ ခန့်က အောင်မြေသာစံမြို့နယ်၊ ၈၃လမ်း ၂၂နဲ့၂၃လမ်းကြားရှိ ဖုန်းကာဗာ နဲ့ အပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး Lv-2အဆင့်နဲ့ မီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီမီးလောင်မှုမှာ မီးစတင်လောင်တာနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် မနက် ၂နာရီ ၅၀ ခန့်က အမရပူရမြို့နယ်…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၉ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၉ ရက်) Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၀၀ ကျပ် ဝယ်ဈေး – ၃၄၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၅ ကျပ် ဝယ်ဈေး – ၂၅၅၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၀၇ ကျပ် ဝယ်ဈေး – ၃၇၃၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၀၀ ကျပ် ဝယ်ဈေး – ၉၇.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၉ ကျပ် ဝယ်ဈေး – ၇၃၄ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၀ ကျပ် ဝယ်ဈေး –…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၉ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ကောလင်းမြို့ထဲကို နစက စစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်ပြီးနောက် ဖမ်းဆီးစစ်ဆေးခံရသူ တရာကျော်ရှိလာ

ဖေဖော်ဝါရီ ၊ ၉ ၊ ၂၀၂၄ SP(VOM) ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်ကစပြီး ၆ ရက်ကြာ ထိုးစစ်ဆင်လာတဲ့ နစက စစ်ကြောင်းဟာ ဒီကနေ့ မနက်ပိုင်းမှာတော့ စစ်ကိုင်းတိုင်း ကောလင်းခရိုင် ၊ ကောလင်းမြို့ထဲက နေရာတချို့ကို ဝင်ရောက်ထိုးဖောက်ပြီး မြေပြင်ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ယာယီတိုက်ပွဲရှောင်တွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ယာယီတိုက်ပွဲရှောင်တယောက်က ” ဖေဖော်ဝါရီ ၆ ရက်က ကောလင်းနယ်ထဲကို စစ်ကြောင်းအဖွဲ့တွေ စဝင်ပြီ ဆိုကတည်းက ကောလင်းနယ်ခံတွေက ထွက်ပြေးတိမ်းရှောင်ကြတယ် ၊ အဲ့ဒီလို တိမ်းရှောင်ဖို့လည်း နစက စစ်ကြောင်းအဖွဲ့က ကြေညာပေးတယ် ၊ အဲ့ဒီနောက် ဖေဖော်ဝါရီ ၇ ရက်ကစပြီး ကောလင်းနယ်ထဲကို တောင်ဘက်နဲ့ မြောက်ဘက်ကနေ စစ်ကြောင်းတွေ စတင်ဝင်ရောက်တယ် ၊ ကျောက်ပြင်သာ…

Read More

ယူကရိန်း စစ်ဦးစီးချုပ်ကို သမ္မတဇီလန်စကီး ထုတ်ပယ်ပြီး အစားထိုးခန့်အပ်

ကိယက်ဗ်၊ ဖေဖော်ဝါရီ-၉ မျိုးဆက်(VOM) ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဦးစီးချုပ် Valerii Zaluzhnyi ကိုရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ပဋိပက္ခစတင်ကတည်းက ယူကရိန်းစစ်ပွဲကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး Valerii Zaluzhnyi နဲ့ သမ္မတဇီလန်စကီးတို့အကြား သဘောထားကွဲလွဲမှုတွေရှိနေကြောင်း သတင်းတွေထွက်ပေါ်နေချိန်မှာ အခုလိုထုတ်ပယ်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး Valerii Zaluzhnyi နေရာကို သမ္မတအမိန့်နဲ့ အစားထိုးခန့်အပ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပြီး ဒါဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း ယူကရိန်းစစ်ခေါင်းဆောင်ပိုင်းအတွက် အကြီးမားဆုံး အပြောင်းအလဲဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး Valerii Zaluzhnyi ဟာ ယူကရိန်းစစ်သားတွေနဲ့ ပြည်သူတွေအတွက် ယုံကြည်အာထားရတဲ့ နာမည်ကျော်စစ်ဗိုလ်ချုပ်ဖြစ်ပြီး အမျိုးသားသူရဲကောင်းတယောက်ဖြစ်ကာ မကြာသေးမီက လူထုထောက်ခံမှုနှုန်းဟာ သမ္မတဇီလန်စကီးထက် ပိုမိုမြင့်မားခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်ဦးစီးချုပ်အဖြစ် ယူကရိန်းကြည်းတပ်က Oleksandr Syrskyi ကို စစ်ဦးစီးချုပ်…

Read More

This Day in History

Voice of Myanmar ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ် ဘနာဇီယာဘူတို လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် တရားသူကြီးချုပ်ကို ရာထူးမှဖယ်ရှားကာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီးနောက် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် နိုင်ငံရေး မငြိမ်သက်မှုများ စတင်ဖြစ်ပွားခဲ့သည်။

Read More
VOM News

FREE
VIEW