မန္တလေးက မြို့နယ်(၂)ခုမှာ တနေ့တည်းမီးလောင်မှု ၂ကြိမ် ဖြစ်ပွားခဲ့

 

မန္တလေး၊ဖေဖော်ဝါရီ ၉-၂၀၂၄

Voice Of Myanmar(VOM)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်နဲ့ အမရပူရမြို့နယ်တို့မှာ ဒီကနေ့မနက်အစောပိုင်းက အချိန်အနည်းငယ်သာခြားပြီး မီးလောင်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

” အောင်/စံက ဖုန်းကာဗာဆိုင်လောင်တာ၊ သူက အရင်လောင်တာပေါ့ Lv-2အဆင့်နဲ့‌ပေါ့ ၊ အဲ့ဒီမီးကို ငြိမ်းသတ်နေချိန်ပဲ အမရပူရ က မီးသတင်းထပ်ဝင်တယ်၊ သက်ဆိုင်ရာမြို့နယ်က မီးသတ်ကားတွေ အချိန်မှီ သွားငြိမ်းကြပါတယ်”လို့ မီးသတ်နဲ့နီးစပ်သူတဦးကပြောပါတယ်။

ဖြစ်စဉ်မှာ မနက် ၁ နာရီ ၄၀ ခန့်က အောင်မြေသာစံမြို့နယ်၊ ၈၃လမ်း ၂၂နဲ့၂၃လမ်းကြားရှိ ဖုန်းကာဗာ နဲ့ အပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး Lv-2အဆင့်နဲ့ မီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီမီးလောင်မှုမှာ မီးစတင်လောင်တာနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် မနက် ၂နာရီ ၅၀ ခန့်က အမရပူရမြို့နယ် ၊ လေးစုရပ်ကွက်၊ ကံတော်ရပ်ကွက်ရှိ နေအိမ်တအိမ်အတွင်းမှာ ရေခဲသေတ္တာ(safe Guard)အပူလွန်ကဲရာကနေ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး နေအိမ်(၃)လုံး၊ ဆိုင်ကယ်(၁)စီး စုစုပေါင်း မီးသတ်တွက်ချက်တန်ဖိုး(ငါးဆယ့်သုံးသိန်း ခုနှစ်သောင်း ငါးထောင်)ခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှု စတင်ဖြစ်ပွားသည့် နေအိမ်ပိုင်ရှင် အမျိုးသားကို အမရပူရမြို့နယ်၊ မြို့မရဲစခန်းမှ ပ- ၁၉ /၂ဝ၂၄၊ ရာဇသတ်ကြီးပုဒ်မ (၂၈၅)ဖြင့် အရေးယူဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW