ဖိလစ်ပိုင်မှာ မြေပြိုမှုကြောင့် ၁၁ ယောက်သေဆုံးပြီး ၁၀၀ ကျော်ပျောက်ဆုံးနေ

 

မနီလာ၊ ဖေဖော်ဝါရီ-၉-၂၀၂၄

မျိုးဆက်(VOM)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ရွှေတူးဖော်တဲ့ ကျေးရွာတရွာမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူ ၁၁ ယောက်သေဆုံးပြီး ၁၀၀ ကျော်ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မြေပြိုမှုဟာ ဖေဖော်ဝါရီ ၇ ရက်က ဖြစ်ပွားတာဖြစ်ပြိး နာရီ ၆၀ နီးပါးအကြာမှာ ပျောက်ဆုံးနေသူတွေထဲက မိန်းကလေးငယ်တယောက်ကို အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ပါတယ်။

တောင်ပိုင်း မင်ဒါနာအိုကျွန်းရှိ မာဆာရာကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် နေအိမ်တွေပျက်စီးကာ အလုပ်သမားတွေကို ခေါ်ယူဖို့စောင့်ဆိုင်းနေတဲ့ မော်တော်ယာဉ်တွေလည်း မြေစာပိခဲ့ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

ကယ်ဆယ်ရေးသမားတွေဟာ ဖေဖော်ဝါရီ ၉ ရက်က မိုးရွာသွန်းမှုတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ခက်ခက်ခဲခဲလုပ်ဆောင်နေရပြီး စက်ယန္တရားတွေအသုံးပြုနေကာ အလောင်းတွေရှိတယ်လို့ ယူဆရတဲ့နေရာတွေမှာ လက်ဗလာ သို့မဟုတ် ပေါက်တူးတွေကို အသုံးပြုနေကြရပါတယ်။

မြေပြိုတဲ့ နေရာအနီးရှိ အိမ်ထောင်စု ၇၀၀ ကျော်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားပါတယ်။ ဖိလစ်ပိုင်တောင်ပိုင်းမှာ ဇန်နဝါရီလကုန်ကတည်းက လေဖိအားနည်းရပ်ဝန်းကြောင့် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Ref:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW