ဆီနီဂေါ သမ္မတရွေးကောက်ပွဲ ရွှေ့ဆိုင်းမှု နိုင်ငံတဝန်း ကန့်ကွက်ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေ

 

ဒက်ကာ၊ ဖေဖော်ဝါရီ-၁၀-၂၀၂၄

မျိုးဆက်(VOM)

ဆီနီဂေါနိုင်ငံမှာ သမ္မတရွေးကောက်ပွဲ ရေ့ွှဆိုင်းမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေဟာ နိုင်င်ငံတဝန်းပျံ့နှံ့နေပြီး ဖေဖော်ဝါရီ ၉ ရက်မှာတော့ ပထမဆုံး လူသေဆုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။

မြောက်ပိုင်း စိန့်လူးဝစ်မြို့မှာ ဖေဖော်ဝါရီ ၉ ရက်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား အဓိကရုဏ်းတွေကြောင့် ကျောင်းသားတယောက်သေဆုံးခဲ့ကြောင်း သိရပါတယ်။

မြို့တော်ဒက်ကာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြလူအုပ်ကို လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ သမ္မတရွေးကောက်ပွဲကို ဒီဇင်ဘာ ၁၅ ရက်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။

သမ္မတ မစ်ကီဆေးလ်ဟာ ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းတွေ အရည်အချင်းမပြည့်မီဆိုကာ ရွေးကောက်ပွဲကို အကန့်အသတ်မရှိရွှေ့ဆိုင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လွှတ်တော်က ရွေးကောက်ပွဲကို ၁၀ လနောက်ဆုတ်ခဲ့ပါတယ်။

အတိုက်အခံတွေကတော့ ရွေးကောက်ပွဲရွှေ့ဆိုင်းလိုက်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသိမ်းမှုဖြစ်ကြောင်း ဝေဖန်ပြောဆိုထားကြပါတယ်။

Ref:BBC

Photo:AP/AFP

Related posts

Leave a Comment

VOM News

FREE
VIEW