လူငယ်တွေကို ပိုမိုဆွဲဆောင်နိုင်ဖို့ စစ်တပ်ထဲမှာ ဆံပင်ရှည်ထားခွင့်ပြုမယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ကြေညာ

 

တိုကျို၊ ဖေဖော်ဝါရီ-၁၈-၂၀၂၄

မျိုးဆက်(VOM)

ဂျပန်စစ်တပ်ဟာ တပ်သားသစ်တွေစုဆောင်းရာမှာ လူငယ်တွေကို ပိုမိုဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းမှုအဖြစ် စစ်တပ်မှာ ဆံပင်အရှည်ထားခွင့်ပြုမယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေရှိနေပြီး တပ်သားသစ်ဝင်ရောက်မှု နည်းပါးနေချိန်မှာ ဆံပင်အရှည်ထားခွင့်နဲ့ပတ်သက်ပြီး ခွင့်ပြုမယ်လို့ ဂျပန်စစ်တပ်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီဖြေလျော့မှုကို လာမယ့်ဧပြီလကစပြီး ကျင့်သုံးသွားမှာဖြစ်ပြီး အမျိုးသားများအနေဖြင့် အနောက်ဆံပင်အတို၊ ဘေးနှစ်ဘက်ကို အရှည်ထားခွင့်ပြုမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသမီးတပ်ဖွဲ့ဝင်တွေကိုလည်း ဆံပင်အရှည်ထားခွင့်ပြုမှာဖြစ်ပေမယ့် ယူနီဖောင်းဝတ်ချိန်နဲ့ ဦးထုပ်ဆောင်းချိန်မှာ အနှောက်အယှက်မဖြစ်ရအောင်လို့ ပုခုံးအောက်ထားခွင့်တော့ရှိမှာမဟုတ်ပါဘူး။

ဂျပန်နိုင်ငံဟာ လာမယ့်ငါးနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်မယ်လို့ ကြေညာခဲ့ပေမယ့် တပ်သားသစ်စုဆောင်းရေး ရည်မှန်းချက်ပြည့်မီဖို့ကတော့ ရုန်းကန်နေရတယ်လို့ ဂျပန်စစ်တပ် တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

Ref:BBC

Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW