ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း အငှားဈေးကွက် ပိုဖြစ်နေ

  ဖေဖော်ဝါရီ ၁၈ – ၂၀၂၄ SN (VOM) လက်ရှိ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေပြီး ငှားရမ်းမှုသာ ပိုများနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။ ဒေါ်လာဈေးနှုန်း အပြောင်းအလဲနဲ့ ဈေးနှုန်း ကွာဟချက်တွေကြောင့် အရောင်းထက် အငှားဈေးကွက် ပိုသွက်နေခြင်းဖြစ်သလို လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တိုက်ပွဲရှောင်လိုသူတွေဟာ များသောအားဖြင့် ရန်ကုန်ဘက်ကို လာရောက် နေထိုင်ကြတဲ့အတွက် အငှားဈေးကွက် ပိုဖြစ်နေတာလို့ သိရပါတယ်။ “အခုက နယ်တွေကနေ ဒီဘက်ကို တိုက်ပွဲရှောင်လာတဲ့ သူတွေများလာတယ်။ ဒါ့ကြောင့် လုံးချင်းအိမ်တွေ၊ တိုက်ခန်းနဲ့ ကွန်ဒိုတွေ အငှားများနေတယ်။ အရောင်းကတော့ မရှိသလောက်ပဲ။ ဒီအချိန်မှာ အရောင်းဖြစ်နေတာက မြေကွက်တွေပဲရှိတယ်” လို့ အိမ်ခြံမြေ အကျိုးဆောင်တယောက်က ပြောပါတယ်။ လက်ရှိ အိမ်ခြံမြေ ဈေးကွက်အတွင်း မြေကွက် အရောင်းအဝယ်တွေ ပိုဖြစ်နေတာမှာ…

Read More

လူငယ်တွေကို ပိုမိုဆွဲဆောင်နိုင်ဖို့ စစ်တပ်ထဲမှာ ဆံပင်ရှည်ထားခွင့်ပြုမယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ကြေညာ

  တိုကျို၊ ဖေဖော်ဝါရီ-၁၈-၂၀၂၄ မျိုးဆက်(VOM) ဂျပန်စစ်တပ်ဟာ တပ်သားသစ်တွေစုဆောင်းရာမှာ လူငယ်တွေကို ပိုမိုဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းမှုအဖြစ် စစ်တပ်မှာ ဆံပင်အရှည်ထားခွင့်ပြုမယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေရှိနေပြီး တပ်သားသစ်ဝင်ရောက်မှု နည်းပါးနေချိန်မှာ ဆံပင်အရှည်ထားခွင့်နဲ့ပတ်သက်ပြီး ခွင့်ပြုမယ်လို့ ဂျပန်စစ်တပ်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒီဖြေလျော့မှုကို လာမယ့်ဧပြီလကစပြီး ကျင့်သုံးသွားမှာဖြစ်ပြီး အမျိုးသားများအနေဖြင့် အနောက်ဆံပင်အတို၊ ဘေးနှစ်ဘက်ကို အရှည်ထားခွင့်ပြုမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမျိုးသမီးတပ်ဖွဲ့ဝင်တွေကိုလည်း ဆံပင်အရှည်ထားခွင့်ပြုမှာဖြစ်ပေမယ့် ယူနီဖောင်းဝတ်ချိန်နဲ့ ဦးထုပ်ဆောင်းချိန်မှာ အနှောက်အယှက်မဖြစ်ရအောင်လို့ ပုခုံးအောက်ထားခွင့်တော့ရှိမှာမဟုတ်ပါဘူး။ ဂျပန်နိုင်ငံဟာ လာမယ့်ငါးနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်မယ်လို့ ကြေညာခဲ့ပေမယ့် တပ်သားသစ်စုဆောင်းရေး ရည်မှန်းချက်ပြည့်မီဖို့ကတော့ ရုန်းကန်နေရတယ်လို့ ဂျပန်စစ်တပ် တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ Ref:BBC Photo:Reuters

Read More

ယူကရိန်းအရှေ့ပိုင်း အဓိကမြို့ အက်ဗ်ဒီကာကို အပြည့်အ၀ထိန်းချုပ်နိုင်ပြီလို့ ရုရှားစစ်တပ်ပြော

  မော်စကို၊ ဖေဖော်ဝါရီ-၁၈-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းအရှေ့ပိုင်း အဓိကမြို့ဖြစ်သော အက်ဗ်ဒီကာမြို့ကို ရုရှားတပ်တွေ အပြည့်အ၀ထိန်းချုပ်လိုက်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီမြို့ကို ထိန်းချုပ်နိုင်မှုဟာ ဒေသမြို့တော် ဒွန်နက်ခ်ကနေ ရှေ့တန်းစစ်မျက်နှာစာ ဝေးသွားနိုင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ အက်ဗ်ဒီကာမြို့ဟာ ဒွန်နက်ခ်မြောက်ဘက် ၁၅ ကီလိုမီတာအကွာမှာရှိပါတယ်။ ဒွန်နက်ခ်ဒေသရဲ့ အခြားအစိတ်အပိုင်းတွေကို ထိန်းချုပ်နိုင်ဖို့ ရုရှားတပ်တွေရဲ့ ထိုးစစ်ဆင်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်းကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အက်ဗ်ဒီကာမြို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ရုရှားစစ်တပ်ကို သမ္မတပူတင်က ချီးကျူးပြောဆိုခဲ့ကြောင်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ပြောပါတယ်။ ရုရှားတပ်တွေဟာ ပြီးခဲ့တဲ့အောက်တိုဘာလကတည်းက မြို့ကိုသိမ်းပိုက်ဖို့ ထိုးစစ်အရှိန်မြှင့်နေခဲ့တာဖြစ်ပြီး ရုရှားအစိုးရဟာ မတ်လမှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲမတိုင်ခင် ဒီဒေသကို ထိန်းချုပ်နို်ငဖို့ ရည်ရွယ်နေပုံရပါတယ်။ Ref: NHK Photo:Getty Images  

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၁၈ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၉၀ ကျပ် ဝယ်ဈေး – ၃၅၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၃၀ ကျပ် ဝယ်ဈေး – ၂၅၈၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၈.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၂ ကျပ် ဝယ်ဈေး – ၇၃၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၁ ကျပ် ဝယ်ဈေး – ၄၈၁ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၁၈ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာ

  ဘန်ကောက်၊ ဖေဖော်ဝါရီ-၁၈-၂၀၂၄ မျိုးဆက်(VOM) ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သူ့ရဲ့ ရှေ့နေက ပြောပါတယ်။ တာဝန်ထမ်းဆောင်စဉ်အတွင်း အာဏာအလွဲသုံးစားမှုနဲ့ အခြားသောပြစ်မှုတွေကြောင့် ၁၅ နှစ်ကြာ ပြည်ပတိမ်းရှောင်ခဲ့ရာက ထိုင်းနိုင်ငံကိုပြန်အလာမှာ ထောင်ရှစ်နှစ်ချခံရပြီး ထိုင်းဘုရင်က ပြစ်ဒဏ်တနှစ်ထိ လျှော့ပေါ့ပေးခဲ့ပါတယ်။ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့မှုတို့အတွက် လျှော့ပေါ့ပေးလိုက်တဲ့ ပြစ်ဒဏ်တနှစ်ဟာ အကျဉ်းထောင်မှာနေထိုင်ခဲ့ရတာမရှိဘဲ ကျန်းမာရေးအကြောင်းပြချက်နဲ့ ဆေးရုံမှာခြောက်လနေထိုင်ပြီးနောက် အခုလိုလွတ်မြောက်လာတာဖြစ်ပါတယ်။ အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ဒီနေ့မနက်အစောပိုင်းက အနက်ရောင်မာစီဒီးကားပေါ်မှာ သမီးဖြစ်သူ ဖြူထိုင်းပါတီခေါင်းဆောင် ပေထောင်ထရန်ရှင်နာဝပ်ထရာနဲ့အတူ ထွက်ခွာသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်အပေါ် စွဲဆိုထားတဲ့ တရားစွဲမှုတွေ ပြီးဆုံးသွားပြီး တရားဝင်ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပြီး ထိုင်းမြေကို ပြန်လည်ရောက်ရှိပြီးနောက် ပထမဆုံးသော လွတ်မြောက်ခြင်း နေ့ရက်စတင်ပြီလို့ သူ့ရဲ့ ရှေ့နေက…

Read More

မူဆယ် M2 ဟိုတယ်မှာ အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် ပစ်ခတ်ခံရ

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် နယ်စပ်မြို့ရှိ M2 ဟိုတယ်မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲကျော်ခန့်က အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် ပစ်ခတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနေ့က ဟိုဆယ် M2 ရှေ့မှာ ဖြစ်သွားတာ။ ဟိုတယ် ရှေ့မှာ ရပ်နေတဲ့ နှစ်ယောက်ကို လာပစ်သွားတာ။ ဆိုင်ကယ်စီးလာတဲ့ လူ နှစ်ယောက်ထဲက နောက်မှာ ထိုင်တဲ့ လူက ပစ်သွားတာ။ ဟိုတယ် ဝန်ထမ်း တယောက်လည်း ထိတယ်လို့ ကြားတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ပစ်ခတ်ခံရ သူ‌ နှစ်ယောက်က ခြေထောက်မှာ ထိထားလို့ လမ်းလျှောက် မရတော့တာ လို့ ဆိုပါတယ်။…

Read More

မင်းကင်းနဲ့ ကနီ ကြားမှာ တိုက်ပွဲတွေဖြစ်နေလို့ ဒေသခံတွေ နေရပ်စွန့်ခွာ

ဖေဖော်ဝါရီ ၊၁၈ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း အလယ်ပိုင်း ကလေးခရိုင် ၊ မင်းကင်းမြို့နယ်နဲ့ ယင်းမာပင်ခရိုင် ကနီမြို့နယ်ကြားက ရွာတွေမှာ ဒီရက်ပိုင်းအတွင်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေလို့ ဒေသခံရွာသားတွေအနေနဲ့ ရာသီပေါ် ကောက်ပဲသီးနှံတွေ မရိတ်သိမ်းနိုင်တော့ပဲ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မင်းကင်းမြို့ခံ တွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မင်းကင်း ဒေသခံတယောက် က ” မင်းကင်းမြို့နယ် တောင်ဘက်ခြမ်း ကနီမြို့နယ်နဲ့ကြား ၊ ချင်းတွင်းမြစ်ကြောင်းရဲ့အနောက်ဘက်ကမ်း ၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းကြားမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ် ၊ မနေ့က ကျွန်းတောနဲ့ ဝက်ကျခင်တောတွေဘက်မှာ လေကြောင်းနဲ့ပါ တိုက်ခိုက်ခံရတယ် ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ မင်းကင်းမြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ်…

Read More

This Day in History

Voice of Myanmar နက္ခတ္တဗေဒပညာဖြင့် တရားဝင် ဘွဲ့ရထားခြင်းမရှိသော အမေရိကန်နိုင်ငံသား အသက် ၂၄ နှစ်အရွယ် ကလိုက်ဒဗလျူတွမ်ဘာ့သည် ၁၉၃၀ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် အရီဇိုးနားပြည်နယ် လိုဝဲလ် လေ့လာရေးစခန်းမှ ၁၃ လက်မအရွယ် အာကာသကြည့်မှန်ပြောင်းကိုအသုံးပြုပြီး ပလူတိုဂြိုဟ်ကို ရှာဖွေတွေ့ရှိခဲ့သည်။

Read More

ပြည်တွင်းရွှေဈေး ကျပ် ၃၉ သိန်းကျော်ထိ ရောက်ရှိလာ

ဖေဖော်ဝါရီ ၁၇ – ၂၀၂၄ SN (VOM) ပြည်တွင်း အခေါက်ရွှေဈေးနှုန်းဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ နေ့လယ်ပိုင်းကစပြီး ၃၉ သိန်းကျော်ကို ပြန်လည် ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ပြည်တွင်း ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့တုန်းကလည်း ကျပ် ၃၉ သိန်းကျော်ကို ခေတ္တ ရောက်ရှိခဲ့ဖူးကာ မိနစ်ပိုင်းအတွင်း ၃၈ သိန်းကျော်ကို ပြန်လည် ကျဆင်းခဲ့ပြီးနောက် ၁၇ ရက်အကြာ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေပိုင်းမှာတော့ ကျပ် သုံးဆယ့်ကိုးသိန်း ငါးထောင်ဝန်းကျင်ကို ရောက်ရှိနေပါတယ်။ “ကမ္ဘာ့ရွှေဈေးက တော်တော်တက်သွားတာကိုး။ ၁၉၉၀ လောက်ကနေ အခု ၂၀၁၃ ၊ ဒေါ်လာ ၂၀ လောက် တက်သွားတယ်လေ။ ဒေါ်လာဈေးတွေကလည်းတက်တယ်၊ ၁၅၈၀ လောက်…

Read More
VOM News

FREE
VIEW