ယူကရိန်းအရှေ့ပိုင်း အဓိကမြို့ အက်ဗ်ဒီကာကို အပြည့်အ၀ထိန်းချုပ်နိုင်ပြီလို့ ရုရှားစစ်တပ်ပြော

 

မော်စကို၊ ဖေဖော်ဝါရီ-၁၈-၂၀၂၄

မျိုးဆက်(VOM)

ယူကရိန်းအရှေ့ပိုင်း အဓိကမြို့ဖြစ်သော အက်ဗ်ဒီကာမြို့ကို ရုရှားတပ်တွေ အပြည့်အ၀ထိန်းချုပ်လိုက်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒီမြို့ကို ထိန်းချုပ်နိုင်မှုဟာ ဒေသမြို့တော် ဒွန်နက်ခ်ကနေ ရှေ့တန်းစစ်မျက်နှာစာ ဝေးသွားနိုင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ အက်ဗ်ဒီကာမြို့ဟာ ဒွန်နက်ခ်မြောက်ဘက် ၁၅ ကီလိုမီတာအကွာမှာရှိပါတယ်။

ဒွန်နက်ခ်ဒေသရဲ့ အခြားအစိတ်အပိုင်းတွေကို ထိန်းချုပ်နိုင်ဖို့ ရုရှားတပ်တွေရဲ့ ထိုးစစ်ဆင်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်းကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အက်ဗ်ဒီကာမြို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ရုရှားစစ်တပ်ကို သမ္မတပူတင်က ချီးကျူးပြောဆိုခဲ့ကြောင်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ပြောပါတယ်။

ရုရှားတပ်တွေဟာ ပြီးခဲ့တဲ့အောက်တိုဘာလကတည်းက မြို့ကိုသိမ်းပိုက်ဖို့ ထိုးစစ်အရှိန်မြှင့်နေခဲ့တာဖြစ်ပြီး ရုရှားအစိုးရဟာ မတ်လမှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲမတိုင်ခင် ဒီဒေသကို ထိန်းချုပ်နို်ငဖို့ ရည်ရွယ်နေပုံရပါတယ်။

Ref: NHK

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW