ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာ

 

ဘန်ကောက်၊ ဖေဖော်ဝါရီ-၁၈-၂၀၂၄

မျိုးဆက်(VOM)

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

တာဝန်ထမ်းဆောင်စဉ်အတွင်း အာဏာအလွဲသုံးစားမှုနဲ့ အခြားသောပြစ်မှုတွေကြောင့် ၁၅ နှစ်ကြာ ပြည်ပတိမ်းရှောင်ခဲ့ရာက ထိုင်းနိုင်ငံကိုပြန်အလာမှာ ထောင်ရှစ်နှစ်ချခံရပြီး ထိုင်းဘုရင်က ပြစ်ဒဏ်တနှစ်ထိ လျှော့ပေါ့ပေးခဲ့ပါတယ်။

အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့မှုတို့အတွက် လျှော့ပေါ့ပေးလိုက်တဲ့ ပြစ်ဒဏ်တနှစ်ဟာ အကျဉ်းထောင်မှာနေထိုင်ခဲ့ရတာမရှိဘဲ ကျန်းမာရေးအကြောင်းပြချက်နဲ့ ဆေးရုံမှာခြောက်လနေထိုင်ပြီးနောက် အခုလိုလွတ်မြောက်လာတာဖြစ်ပါတယ်။

အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ဒီနေ့မနက်အစောပိုင်းက အနက်ရောင်မာစီဒီးကားပေါ်မှာ သမီးဖြစ်သူ ဖြူထိုင်းပါတီခေါင်းဆောင် ပေထောင်ထရန်ရှင်နာဝပ်ထရာနဲ့အတူ ထွက်ခွာသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်အပေါ် စွဲဆိုထားတဲ့ တရားစွဲမှုတွေ ပြီးဆုံးသွားပြီး တရားဝင်ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပြီး ထိုင်းမြေကို ပြန်လည်ရောက်ရှိပြီးနောက် ပထမဆုံးသော လွတ်မြောက်ခြင်း နေ့ရက်စတင်ပြီလို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

Ref: Reuters

Photo:Reuters

 

 

Related posts

Leave a Comment

VOM News

FREE
VIEW