မူဆယ် M2 ဟိုတယ်မှာ အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် ပစ်ခတ်ခံရ

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် နယ်စပ်မြို့ရှိ M2 ဟိုတယ်မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲကျော်ခန့်က အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် ပစ်ခတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မနေ့က ဟိုဆယ် M2 ရှေ့မှာ ဖြစ်သွားတာ။ ဟိုတယ် ရှေ့မှာ ရပ်နေတဲ့ နှစ်ယောက်ကို လာပစ်သွားတာ။ ဆိုင်ကယ်စီးလာတဲ့ လူ နှစ်ယောက်ထဲက နောက်မှာ ထိုင်တဲ့ လူက ပစ်သွားတာ။ ဟိုတယ် ဝန်ထမ်း တယောက်လည်း ထိတယ်လို့ ကြားတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။

ပစ်ခတ်ခံရ သူ‌ နှစ်ယောက်က ခြေထောက်မှာ ထိထားလို့ လမ်းလျှောက် မရတော့တာ လို့ ဆိုပါတယ်။

“ပစ်ခံရတဲ့ သူက ဟိုတယ်မှာ တည်းဖို့ လာတဲ့ သူတွေလို့ ကြားတယ်။ ဘာ မကျေနပ်လို့ ပစ်သွားတာလဲတော့ မသိဘူး။” လို့ ‌နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

CCTV မှတ်တမ်းမှာတော့ ဟိုတယ်ဝန်ထမ်းလို့ ယူဆရသူ တစ်ဦးနဲ့ လူ နှစ်ယောက် စကားပြောနေပြီး ဟိုတယ်ဝန်ထမ်းလို့ ယူဆရသူ လှည့်ထွက်သွားချိန် ဆိုင်ကယ်စီးလာတဲ့ လူနှစ်ယောက်က ပစ်ခတ်သွားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ ညပိုင်းကလည်း မူဆယ်မြို့ ရှိ ရွှေနဂါးဟိုတယ်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား တယောက် ပွဲချင်းပြီး သေဆုံးသွားခဲ့ ဖူးပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW