မူဆယ်ကနေ တရုတ်ဘက်ဝင်မယ့် မြန်မာလုပ်သားတွေ များလွန်းတာကြောင့် တုံကင်ရပြီးလည်း ၁၅ ရက် ဝန်းကျင်အထိ စောင့်ဆိုင်းရ

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် နယ်စပ်ကနေ တရုတ်ဘက် ဝင်မယ့်မြန်မာ လုပ်သားတွေ လတ်တလော များလွန်းတာကြောင့် တခါသုံးကဒ် တုံကင် ရပြီးသားသူတွေတောင် ၁၅ ရက်ဝန်းကျင်အထိ စောင့်ဆိုင်းလာရတယ်လို့ တုံကင် ရပြီး စောင့်ဆိုင်းနေတဲ့ မြန်မာ လုပ်သားတွေဆီက သိရပါတယ်။
” မ‌နေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က တုံကင်ရပြီ။ နောက်လ မတ်လ ၁၁ ရက်နေ့မှ ဝင်ရမှာတဲ့။ ဒီလောက် အကြာကြီး ဟိုတယ်၊ တည်းခိုခန်းတွေမှာ နေဖို့လည်း မဖြစ်နိုင်ဘူး” လို့ တုံကင် ရထားတဲ့ အမျိုးသမီး တ‌ေယာက်က ပြောပါတယ်။
လက်ရှိမှာတော့ တရုတ်ဘက် ဝင်ရမယ့် အလှည့်ကို စောင့်ဆိုင်းဖို့ မူဆယ်မှာ နေထိုင်သူတွေရဲ့ နေအိမ်‌ေတွ၊ အခန်းတွေမှာ လက်ခံပေးချင်တဲ့ အိမ်ရှင်တွေနဲ့ ညှိနှိုင်းပြီး ကျောတခင်းစာရအောင် နေစရာတွေ လိုက်ရှာပြီး တည်းခိုနေရတယ်သူက ‌‌ေပြာပါတယ်။
တချို့ လူတွေက ဆိုင်မှာ ရက်ရှည် ဝယ်စားဖို့ မတတ်နိုင်တာကြောင့် အိုး၊ ခွက်၊ ပန်းကန်တွေ ငှားယူပြီး ချက်စားရတဲ့ သူတွေလည်း ရှိနေကြသလို နယ်စပ်ဂိတ်ပေါက်နားမှာ ၂ ရက်၊ ၃ ရက်ကြာ အိပ်ပြီး တန်းစီနေသူတွေလည်း ရှိတယ်လို့ မူဆယ် ဒေသခံတယောက်က ပြောပါတယ်။
“ခုရက်ပိုင်း တခါသုံးကဒ် နဲ့ ဝင်မယ့် သူတွေကို ပို ဦးစား ပေးနေတယ်ထင်တယ်။ တုံကင် ရဖို့တော့ ခါတိုင်းထက် လွယ်နေသလိုပဲ။ ဒါပေမယ့် ဝင်ဖို့ကျတော့ စောင့်ရတာ ပြန်ကြာသွားတယ်။ လူအရမ်းများတယ်။” လို့ သူကပြောပါတယ်။
စာအုပ် အနီက ခါတိုင်းလို လုပ်မပေးတော့ပဲ ရက် အကန့်အသတ်နဲ့ သူတို့ အသိပေးကြေညာလာတဲ့ အချိန်မှ တုံကင်ယူပြီး အလှည့်ကျတဲ့ရက်မှ လာရလို့ စာအုပ်အနီ‌နဲ့ ဝင်တာ ဒီရက်ပိုင်း ခါတိုင်းရက်တွေထက် တရုတ်ဘက် အဝင် နည်းတာတွေ့ရတယ်လို့ ဆိုပါတယ်။
ဆင်ဖြူ နယ်စပ်ဂိတ်‌ပေါက်၊ တရုတ်ဘက်ခြမ်းမှာတော့ ပြီးခဲ့တဲ့ ပြီးခဲ့တဲ့လ ခန့်ကတည်းက စက်တွေ ၈ လုံး တပြိုင်ထဲ ထပ်တိုးတပ်ဆင်ထားတာ‌ေကြာင့် ခါတိုင်းထက် လူပိုများ လက်ခံထားလို့ တခါသုံး တပတ်ကဒ် နဲ့ တရုတ်ဘက် ဝင်မယ့်သူတွေ တရက်ကိုဆင်ဖြူဂိတ်မှာ ခန့်မှန်းခြေ လူဦး‌ေရ ၈၀၀ ဝန်းကျင်ခန့် ရှိသလို နန်းတော်ဂိတ်မှာလည်းလူဦးရေ ၈၀၀ ဝန်းကျင်ရှိကြောင်း နယ်စပ်ဂိတ်မှာ တာဝန်ကျတဲ့ မြန်မာ ဝန်ထမ်း တဦးက ပြောပါတယ်။
မြန်မာ စစ်တပ် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့ကပါ စစ်မှုထမ်း ဥပဒေ တွေ ထုတ်ပြန်လာပြီးနောက် တရုတ်နယ်စပ်ဘက် ထွက်ခွာ အလုပ်လုပ်မယ့် မြန်မာနိုင်ငံသားတွေဟာ မူဆယ် နယ်စပ်မှာ စုပြုံရောက်ရှိလာကြပြီး တရုတ်ဘက် ဝင်နိုင်ဖို့ စောင့်ဆိုင်းနေသူတွေလည် သောင်းချီ ရှိနေပါတယ်။
Photo: Shy V

Related posts

Leave a Comment

VOM News

FREE
VIEW