အေအိုင်နည်းပညာနဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်နဲ့ ဇူကာဘတ်တို့ တိုကျိုမှာ တွေ့ဆုံဆွေးနွေး

တိုကျို၊ ဖေဖော်ဝါရီ-၂၈-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်နည်းပညာ သန်းကြွယ်သူဌေးဖြစ်သူ မက်ဇူကာဘက်ဟာ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနဲ့ တိုကျိုမှာတွေ့ဆုံပြီး ဉာဏ်ရည်တုနည်းပညာ(အေအိုင်)နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်တို့ပိုင်ဆိုင်တဲ့ မက်တာကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဇူကာဘတ်ဟာ ဂျပန်ဝန်ကြီးချုပ်နဲ့ မိနစ် ၃၀ ကြာ ဆွေးနွေးခဲ့ကြပြီး ဉာဏ်ရည်တုနည်းပညာ၏ ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြပြီး ဇူကာဘတ်ဟာ ဂျပန်နိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။

သူဟာ ဂျပန်ဝန်ကြီးချုပ်နဲ့အတူ ဉာဏ်ရည်တုနည်းပညာရဲ့ အနာဂတ်အကြောင်းတွေကို ကောင်းမွန်စွာ ဆွေးနွေးခဲ့ပြီး ဂျပန်မှာလုပ်ဆောင်နေတဲ့ နည်းပညာကဏ္ဍတွေဟာ စိတ်ဝင်စားစရာကောင်းတယ်လို့ ဇူကာဘတ်က သတင်းထောက်တွေကိုပြောပါတယ်။

မျိုးဆက်သစ် ဉာဏ်ရည်တုနည်းပညာဟာ စျေးကွက်အတွင်း ပြိုင်ဆိုင်မှုပြင်းထန်လာနေချိန်မှာ ဇူကာဘတ်ရဲ့ မက်တာကုမ္ပဏီဟာ သူ့ရဲ့ ဆိုရှယ်ပလက်ဖောင်းတွေမှာ ဒီနည်းပညာ အဆင့်မြှင့်တင် ထည့်သွင်းတာတွေကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။

ဒါပေမယ့်လည်း ဒီလိုအခြေအနေမှာ လုံခြုံရေးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုတွေကို အကာအကွယ်ပေးဖို့ နည်းပညာကုမ္ပဏီကြီးများကို တိုက်တွန်းတောင်းဆိုမှုတွေလည်း မြင့်တက်လာပါတယ်။

Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW