မြန်မာ့အရေး အာဆီယံကာကွယ်ရေးဝန်ကြီးတွေ လာအိုမှာ တွေ့ဆုံဆွေးနွေးနေ

 

ဗီယင်ကျန်း၊ မတ်-၅-၂၀၂၄

မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေဖြစ်ပေါ်နေချိန်မှာ ဒေသတွင်း ပြသနာတွေကို ဆွေးနွေးဖို့အတွက် အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေဟာ လာအိုနိုင်ငံမှာ ဒီနေ့ မတ် ၅ ရက်မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။

အစည်းအဝေးကို ကမ္ဘာ့အမွေအနှစ်နေရာဖြစ်တဲ့ လွမ်ပရာဘန်းမှာ ကျင်းပတာဖြစ်ပြီး မြန်မာဘက်က အစည်းအဝေးတက်ဖို့ ကိုယ်စားလှယ်တယောက် စေလွှတ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ဝင်း ဖြစ်တယ်လို့ သံတမန်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

“ မြန်မာ့အရေးဟာ လောလောဆယ်တော့ ကျွန်တော်တို့ကို ထိခိုက်စေတဲ့ ပထဝီနိုင်ငံရေး ပဋိပက္ခအဖြစ် မြင်တွေ့နေရတယ်။ ဒီနေ့ဟာ အာဆီယံအနေနဲ့ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ဆွေးနွေးဖို့ အခွင့်ကောင်းပါပဲ” လို့ လာအိုကာကွယ်ရေးဝန်ကြီး Chansamone Chanyalath က အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်ပွားပြီးနောက် သုံးနှစ်ကြာမြင့်ချိန်ထိ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေး အတွက် အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ တိုးတက်မှုအနည်းငယ်သာရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ ပြည်သူ ၁၈ ဒသမ ၆ သန်းဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလိုအပ်နေပြီး ပဋိပက္ခ၊ မလုံခြုံမှုနဲ့ ခြိမ်းခြောက်မှုတွေအပြင် ငွေကြေးဖောင်းပွမှုမြင့်တက်နေတဲ့ကြားမှာ ပြည်သူတွေ အခက်အခဲတွေနဲ့ ရုန်းကန်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ထုတ်ပြန်ထားပါတယ်။

Ref: Nikkei Asia

Photo: Kenya Akama

 

 

Related posts

Leave a Comment

VOM News

FREE
VIEW