မတ် ၊ ၅ ၊၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့၊ သလ္လာရပ်ကွက် ၊ စိတ္တသုခလမ်းနဲ့ ငွေသော်တာလမ်းဆုံနေရာမှာ ဒီကနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က ကုမ္မဏီကုန်ပို့ယာဥ် (ကွန်တိန်နာအသေး) ကားတစီး ဓားပြတိုက် လုယက်ခံရတဲ့ ဖြစ်စဥ် ပေါ်ပေါက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ပရီမီယာ ကော်ဖီမစ် ကုမ္မဏီကားရှေ့မှာ အမည်မသိ (စုံစမ်းဆဲ) လူနှစ်ယောက်က ကားရှေ့ကနေရပ်ပြီး ၊ ကားကို သေနတ်အတိုနဲ့ ချိန်ထားတယ် ၊ နောက်ပြီး ကားပေါ်မှာ လိုက်ပါလာတဲ့ (ကုမ္မဏီဝန်ထမ်းလို့ ယူဆရသူ) လူငယ် အမျိုးသား သုံးယောက်နဲ့ အမျိုးသမီး တယောက်ကို သေနတ်ကိုင်ထားသူ လူနှစ်ယောက်က ကားပေါ်ကနေဆွဲချပြီး လမ်းဘေးမှာ ထိုင်ခိုင်းတယ် ၊ အဲ့ဒီ နောက်…
Read MoreDay: March 5, 2024
ယနေ့ ရွှေဈေး (မတ် – ၅ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၂၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၈၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၈၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreမူဆယ် ကောင်းမှုလွယ်မှာ ကားပေါ် မတော်တဆ ပေါက်ကွဲမှုကြောင့် ငါးယောက် ဒဏ်ရာရ မတ် ၅၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမှုလွယ် နယ်မြေ ၆ က ဆန်ဂိုဒေါင်ရှိ တရုတ် ၁၂ ဘီးကားပေါ်မှာ မတ်လ ၅ ရက်နေ့ မနက် ၁၀ နာရီ ခွဲ ဝန်းကျင်က မတော်တဆပေါက်ကွဲမှု ဖြစ်ပွားပြီး အလုပ် သမား ငါးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “တိုင်ကီလို အိုးထဲ ဘာတွေရှိလဲတော့ မသိဘူး။ အလုပ်လုပ်ဖို့ သွားရင်း ဖွင့်လို့ မရလို့ ကျောက်စက်နဲ့ တိုက်ဖွင့်လိုက်တော့ အဲဒီမှာ ပွင့်ထွက် သွားတာပဲ။ ပေါက်ကွဲမှု ဖြစ်တာ။ ထိခိုက်တဲ့ သူတွေက အကုန်လုံး အလုပ်သမား။ အလုပ်သမား…
Read Moreမြန်မာ့အရေး အာဆီယံကာကွယ်ရေးဝန်ကြီးတွေ လာအိုမှာ တွေ့ဆုံဆွေးနွေးနေ
ဗီယင်ကျန်း၊ မတ်-၅-၂၀၂၄ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေဖြစ်ပေါ်နေချိန်မှာ ဒေသတွင်း ပြသနာတွေကို ဆွေးနွေးဖို့အတွက် အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေဟာ လာအိုနိုင်ငံမှာ ဒီနေ့ မတ် ၅ ရက်မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။ အစည်းအဝေးကို ကမ္ဘာ့အမွေအနှစ်နေရာဖြစ်တဲ့ လွမ်ပရာဘန်းမှာ ကျင်းပတာဖြစ်ပြီး မြန်မာဘက်က အစည်းအဝေးတက်ဖို့ ကိုယ်စားလှယ်တယောက် စေလွှတ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ဝင်း ဖြစ်တယ်လို့ သံတမန်သတင်းရင်းမြစ်တွေက ဆိုပါတယ်။ “ မြန်မာ့အရေးဟာ လောလောဆယ်တော့ ကျွန်တော်တို့ကို ထိခိုက်စေတဲ့ ပထဝီနိုင်ငံရေး ပဋိပက္ခအဖြစ် မြင်တွေ့နေရတယ်။ ဒီနေ့ဟာ အာဆီယံအနေနဲ့ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ဆွေးနွေးဖို့ အခွင့်ကောင်းပါပဲ” လို့ လာအိုကာကွယ်ရေးဝန်ကြီး Chansamone Chanyalath က အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။ ၂၀၂၁ ခုနှစ်မှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်ပွားပြီးနောက် သုံးနှစ်ကြာမြင့်ချိန်ထိ ငြိမ်းချမ်းရေးနဲ့…
Read Moreပါကစ္စတန်မှာ ပြင်းထန်တဲ့ ရာသီဥတုကြောင့် လူ ၃၅ ယောက်ထက်မနည်း သေဆုံး
အစ္စလာမ္မာဘတ်၊ မတ်-၅-၂၀၂၄ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ ဆီးနှင်းကျဆင်းမှု၊ မိုးရွာသွန်းမှုနဲ့ မိုးသီးကြွေကျမှုတွေကြောင့် လူ ၃၅ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ် ၂၂ ယောက်ပါဝင်ပြီး မြေပြိုမှုကြောင့် နေအိမ်တွေ မြေစာပိမှုဖြစ်ပွားပြီး သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်တွေက ပြောပါတယ်။ ပြင်းထန်တဲ့ ရာသီဥတုကြောင့် ပါကစ္စတန်မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ အများဆုံးထိခိုက်နေပြီး လမ်းတွေ ပိတ်ဆို့ကာ ရာနဲ့ချီတဲ့ နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။ ပါကစ္စတန်ဟာ မတ်လမှာ ပုံမှန်အားဖြင့် စိုစွတ်တဲ့ရာသီဥတုကြုံတွေ့ရလေ့ရှိပြီး ဆီးနှင်းတွေကျဆင်းမှုဟာ မကြုံစဖူးဖြစ်ပါတယ်။ ခဏတာ မိုးသီးကြွေကျတာဟာ အံ့သြစရာမဟုတ်ပေမယ့် မိနစ် ၃၀ ကျော်ကြာမြင့်မှုဟာာ ထူးခြားမိုးလေဝသဖြစ်ကြောင်း ပါကစ္စတန်မိုးလေဝသညွှန်ကြားရေးမှူးဟောင်း မတ်ချ်တက်အလီရှာက ပြောပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေ ၁၅၀ ထက်မနည်း ပျက်စီးခဲ့ပြီး အမျုားစုမှာ…
Read Moreရွှေလီမှာ အလုပ်ရဖို့ မြန်မာလုပ်သားတွေ လမ်းဘေးအိပ်ပြီး ရှာဖွေ စောင့်ဆိုင်းနေရ
မတ် ၅၊ ၂၀၂၄ Shy V (VOM) မြန်မာ – တရုတ်နယ်စပ်၊ ရွှေလီမှာ အလုပ်ရဖို့ မြန်မာလုပ်သားတွေ လမ်းဘေး ပလက်ဖောင်းပေါ်အိပ်ပြီး အလုပ် ရှာဖွေ၊ စောင့်ဆိုင်းနေကြရကြောင်း ရွှေလီရောက် မြန်မာနိုင်ငံသားတွေ ဆီက သိရပါတယ်။ “ရွှေလီမှာ ဟုတ်တယ်။ အလုပ်မရှိလို့လေ။ အခုက ရွှေလီ မှာလည်း မလွယ်တော့ဘူး။ အလုပ်တွေလည်း အရမ်းခက်လာပြီ။ ရတဲ့ အလုပ်တွေလည်း လခ အရမ်းနှိမ်တယ်။ ခါတိုင်း တရုတ်ငွေ သုံး၊ လေးထောင် ပေးတဲ့အလုပ်တောင် အခု တထောင်ကျော်ပဲရတော့တာ။” လို့ ရွှေလီ ရောက် မြန်မာ နိုင်ငံသား တယောက်က ပြောပါတယ်။ လက်ရှိမှာတော့ တရုတ်ဘက် ဝင်ရောက် အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေ တချို့ လုပ်အားခ နှိမ်လွန်းတာကြောင့် ပြန်လာသူတွေ ရှိနေပေမယ့် တရုတ်ဘက်…
Read Moreတောင်ကိုရီးယားမှာ သပိတ်မှောက်နေတဲ့ ဆရာဝန်တွေရဲ့ ဆေးကုသခွင့် လိုင်စင်တွေ ဆိုင်းငံ့ခံရ
ဆိုးလ်၊ မတ်-၅-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားမှာ ဆေးတက္ကသိုလ်ဝင်ခွင့် တိုးမြှင့်မယ့်အပေါ် ကန့်ကွက်ပြီး လုပ်ငန်းခွင်မဝင်ဘဲ သပိတ်မှောက်နေတဲ့ ဆရာဝန်တွေရဲ့ ဆေးကုသခွင့် လိုင်စင်တွေကို ဆိုင်းငံ့လိုက်ကြောင်း တောင်ကိုရီးယားအစိုးရက မတ် ၅ ရက်တွင် အသိပေးအကြောင်းကြားမှုတွေ စတင်လိုက်ပါတယ်။ အငယ်တန်းဆရာဝန် ထောင်ပေါင်းများစွာဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကတည်းက လုပ်ငန်းခွင်မဝင်ရောက်ဘဲ ဆန္ဒပြခဲ့ကြပြီး တောင်ကိုရီးယားအစိုးရကတော့ ဆေးတက္ကသိုလ်ဝင်ခွင့်ဦးရေ တိုးမြှင့်တာဟာ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးစနစ်အတွက် လိုအပ်ချက်တွေ ပြည့်မီဖို့လို့ ဆိုပါတယ်။ သပိတ်မှောက်ဆရာဝန်တွေဟာ ဖေဖော်ဝါရီ ၂၉ ရက်နောက်ဆုံးထားပြီး အလုပ်ပြန်ဝင်ဖို့နဲ့ အဲလိုမှမဟုတ်ရင် အရေးယူခြင်း နဲ့ ဆေးကုသခွင့်လိုင်စင်တွေ ဆိုင်းငံ့သွားမယ်ဆိုတဲ့ အစိုးရရဲ့ သတိပေးချက်ကို ဖီဆန်ခဲ့ကြပါတယ်။ အလုပ်ပြန်ဆင်းဖို့ ဖီဆန်ခဲ့တဲ့ အငယ်တန်းဆရာဝန် ၇၈၀၀ ကို အစိုးရက ဖော်ထုတ်ခဲ့ပြီး သူတို့ကို မတ် ၅ ရက် ဒီနေ့ကစပြီး ဆေးကုသခွင့်လိုင်စင်တွေ ဆိုင်းငံ့လိုက်ကြောင်း…
Read Moreတာချီလိတ်မှာ လေထုညစ်ညမ်းမှု အနီရောင် အဆင့်ဖြစ်နေလို့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ခံစားနေရ
မတ် ၊ ၅ ၊ ၂၀၂၄ TT(VOM) ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်ခရိုင် ၊ တာချီလိတ်မြို့မှာ ဒီရက်ပိုင်းမှာ လေထုညစ်ညမ်းမှုတွေဖြစ်ပေါ်နေပြီးနောက် ဒေသခံအများစု အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ တွေ့ကြုံခံစားနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တာချီလိတ်မြို့ခံတယောက်က ” ဒီရက်ပိုင်းမှာ တာချီလိတ်နယ်တခုလုံး ၊ မီးခိုးမှုန်တွေပါဝင်တဲ့ လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတယ် ၊ အဲ့ဒါကြောင့် ဒေသခံအများစုဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာဖြစ်တဲ့ နှာရည်ယိုတာ ၊ ခေါင်းမူးခေါင်းကိုက်တာ ၊ ချောင်းဆိုးတာ ၊ အသက်ရှုကြပ်တာ ၊ အောက်စီဂျင် အလုံအလောက် ပြည်ဝစွာ မရရှိတဲ့ လက္ခဏာ စတာတွေဖြစ်တယ် ၊ အဲ့ဒီလိုဖြစ်နေကြလို့ နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေ ပြနေရတာတွေရှိတယ် “လို့ ပြောပါတယ်။ တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဌာနနဲ့ နီးစပ်သူတယောက်က ” တာချီလိတ်မှာ…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၅ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၂၀ ကျပ် ဝယ်ဈေး – ၃၅၇၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၆၀ ကျပ် ဝယ်ဈေး – ၂၆၁၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၈၅ ကျပ် ဝယ်ဈေး – ၃၈၀၇ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၁.၀၀ ကျပ် ဝယ်ဈေး – ၉၉.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၆၇ ကျပ် ဝယ်ဈေး – ၇၅၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၂ ကျပ် ဝယ်ဈေး – ၄၈၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read Moreယနေ့ ရွှေဈေး (မတ် – ၅ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၁၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၉၂၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၂၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read More