ယီမင်တောင်ပိုင်းမှာ ကုန်တင်သင်္ဘောကို ဟူသီအဖွဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှု အမှုထမ်း သုံးယောက်သေဆုံး

 

ဆာနား၊ မတ်-၇-၂၀၂၄

မျိုးဆက်(VOM)

ယီမင်တောင်ပိုင်းမှာ ကုန်တင်သင်္ဘောတစင်းကို ဟူသီသူပုန်တို့ရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် သင်္ဘောအမှုထမ်း သုံးယောက်သေဆုံးခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

ဘာဘေးဒိုးစ်အလံလွှင့်တင်ထားသော အဆိုပါကုန်တင်သင်္ဘောကို တိုက်ခိုက်ခံရမှုကြောင့် အမှုထမ်းများက စွန့်ခွာခဲ့ပြီး သင်္ဘောပေါ်မှာ မီးလောင်မှုလည်း ဖြစ်ပွားခဲ့ပါတယ်။ တိုက်ခိုက်ခံရမှုဟာ အေဒင်ပင်လယ်ကွေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဂါဇာမှာဖြစ်ပွားနေတဲ့ ဟားမတ်စ်နဲ့ အစ္စရေးတို့ရဲ့ စစ်ပွဲမှာ ပါလက်စတိုင်းတွေကို ထောက်ခံကြောင်း ပြသတာဖြစ်တယ်လို့ ဟူသီအဖွဲ့က ပြောပါတယ်။ သင်္ဘောဟာ ဟူသီရေတပ်ရဲ့ သတိပေးမှုတွေကို လျစ်လျူရှုခဲ့တယ်လို့ ဟူသီတို့က ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း သင်္ဘောအမှုထမ်း သုံးယောက်သေဆုံးပြီး ဒဏ်ရာရသူ လေးယောက်အနက် သုံးယောက်မှာ အခြေအနေ စိုးရိမ်ရတယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

သင်္ဘောပေါ်မှာ အမှုထမ်းအယောက် ၂၀ လိုက်ပါခဲ့ပြီး အိနိ္ဒယနိုင်ငံသား တယောက်၊ ဗီယက်နမ် လေးယောက်၊ ဖိလစ်ပိုင် ၁၅ ယောက်တို့ပါဝင်သည်။ လက်နက်ကိုင်အစောင့်အရှောက်အဖြစ် သီရိလင်္ကာမှ နှစ်ယောက်၊ နီပေါမှတယောက် ပါဝင်ကြောင်း သိရသည်။

Ref:BBC

Photo:US Navy

Related posts

Leave a Comment

VOM News

FREE
VIEW