ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေလို့ ကုန်သွယ်ရေး ကားလမ်းပိုင်းတွေ ပိတ်ထား

  မတ် ၊ ၇ ၊ ၂၀၂၄ TT(VOM) ကချင်ပြည်နယ်ထဲက နေရာတချို့မှာ ဒီမနက် အစောပိုင်းကစလို့ နစက လုံခြုံရေးအဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် KIA – PDF အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်းနေတယ်လို့ သိရပြီး ၊ အဲ့ဒီ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်ထဲက ကုန်သွယ်ရေး လမ်းပိုင်းတွေလည်း ပိတ်ထားလိုက်တယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ဒီမနက် တိုက်ပွဲဖြစ်တဲ့နေရာတွေကတော့ မိုးမောက်မြို့နယ်ထဲက မလိယန် ၊ သံခမောက် ၊ တာပိန်ကြိုးတံတား ဘက်တွေမှာ ဖြစ်တယ် ၊ အခုထိ နှစ်ဘက်တိုက်နေတုန်းကြပဲ ၊ ဒီကနေ့ နေ့ခင်းပိုင်းကစလို့ ဗန်းမော် – လွယ်ဂျယ် ကားလမ်းနဲ့ ဗန်းမော် – မြစ်ကြီးနား ကားလမ်းပိုင်းကို ပိတ်ထားတယ် ၊ အဲ့ဒီလမ်းမှာ ဖြတ်သန်းတာတွေ…

Read More

ယူကရိန်းသမ္မတနဲ့ ဂရိဝန်ကြီးချုပ်တို့ ယာဉ်တန်းအနီး ရုရှားဒုံးကျည် ကျရောက်ပေါက်ကွဲ

ကိယက်ဗ်၊ မတ်-၇-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ဂရိဝန်ကြီးချုပ် မစ်ဆိုတာကစ်တို့ ယူကရိန်းတောင်ပိုင်း အိုဒီဆာမြို့ရှိ ဆိပ်ကမ်းနဲ့ အဆောက်အအုံတွေကို သွားရောက်စစ်ဆေးကြည့်နေချိန် သူတို့ယာဉ်တန်းအနီးကို ရုရှားဒုံးကျည်တစင်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ရုရှားပစ်ခတ်လိုက်တဲ့ ဒုံးကျည်ဟာ ဂရိကိုယ်စားလှယ်အဖွဲ့ မော်တော်ယာဉ်တန်းအနီး မီတာ ၁၅၀ အကွာမှာ ကျရောက်ပေါက်ကွဲခဲ့ကာ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေကို ထိခိုက်ခဲ့တာမရှိဘူးလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဇီလန်စကီးက ရုရှားကို ပြစ်တင်ရှုချလိုက်ပြီး ရုရှားတွေဟာ စစ်သား၊ အရပ်သား၊ နိုင်ငံတကာ ဧည့်သည်ဖြစ်ဖြစ် လူတွေကို ဂရုမစိုက်ဘဲ တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ သူကပြောပါတယ်။ ယူကရိန်းသမ္မတနဲ့အတူ ယာဉ်တန်းဆီကို ဦးတည်သွားရောက်ချိန်မှာ ပေါက်ကွဲသံကြီးတခုကို ကြားလိုက်ရတယ်လို့ ဂရိဝန်ကြီးချုပ်က ပြောပါတယ်။” ဒါဟာ တကယ့်စစ်ပွဲတွေ နေ့စဉ်ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့အတွက် အကောင်းဆုံးသတိပေးချက်ဖြစ်တယ်” လို့ ဂရိဝန်ကြီးချုပ်က ပြောပါတယ်။ ဂရိအနေနဲ့ ယူကရိန်းကို ဆက်လက်ထောက်ခံကြောင်း…

Read More

ဟေတီဝန်ကြီးချုပ် ရာထူးကနေ ဆင်းမပေးရင် ပြည်တွင်းစစ် ဖြစ်နိုင်တယ်လို့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ခြိမ်းခြောက်

  ပို့အော့ပရင့်၊ မတ်-၇-၂၀၂၄ မျိုးဆက်(VOM) ဟေတီနိုင်ငံ မြို့တော် ပို့အော့ပရင့်မှာ အကြမ်းဖက်မှုတွေ မြင့်တက်နေပြီး ဝန်ကြီးချုပ် အေရီရယ်ဟင်နရီ ရာထူးကနေ ဆင်းမပေးပါက ပြည်တွင်းစစ်ဖြစ်လာနိုင်ကြောင်း အကြမ်းဖက်မှုတွေနောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ ရာဇဝတ်ဂိုဏ်း ခေါင်ဆောင်တယောက်က ခြိမ်းခြောက်လိုက်ပါတယ်။ ဝန်ကြီးချုပ် အေရီရယ်ဟင်နရီ ပြည်ပကနေ ဟေတီပြန်လာတာကို ဟန့်တားဖို့ မြို့တော်လေဆိပ်ကို ရာဇဝတ်ဂိုဏ်းသားတွေက ထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေ ပြုလုပ်နေချိန်မှာ အခုလို ခြိမ်းခြောက်လိုက်တာဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေကြောင့် ဟေတီနိုင်ငံသားထောင်ပေါင်းများစွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြပြီး အခြေအနေဟာ ထိန်းမနိုင်သိမ်းမရအဆင့်ထက် ကျော်လွန်နေပြီလို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ကပြောပါတယ်။ မကြာသေးမီရက်သတ္တပတ်များအတွင်း ကလေးငယ်အများအပြားအပါအဝင် မြို့တော်မှ လူတသောင်းငါးထောင်မှာ နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ယခုနှစ်အစောပိုင်းကစပြီး နိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၁၁၉၃ ယောက်သေဆုံးပြီး ၆၉၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။…

Read More

ရခိုင် တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ် တက်ခ်နက်ဖ် ဆိပ်ကမ်းကတဆင့် မြန်မာနဲ့ ကုန်သွယ်မှု အလုံးစုံ ရပ်တန့်နေ

ဒါကာ၊ မတ်-၇-၂၀၂၄ မျိုးဆက်(VOM) ရခိုင်ပြည်နယ်မှာ နစက နဲ့ အေအေတို့အကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင် တက်ခ်နက်ဖ် ဆိပ်ကမ်းတဆင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက အလုံးစုံရပ်တန့်နေပါတယ်။ ဒီလိုကုန်သွယ်ရေး ရပ်တန့်နေတာကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ရာမာဒန်ဥပုသ်လမတိုင်မီ ကြက်သွန်နီနဲ့ ချင်းအပါအဝင် မရှိမဖြစ် ကုန်ပစ္စည်းတွေ ဈေးတက်လာနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် စီးပွားရေးလုပ်ငန်းရှင်တွေက သတိပေးထားပါတယ်။ မြန်မာနိုင်ငံက သင်္ဘောတွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက ဆိပ်ကမ်းကို ဆိုက်ကပ်လာခြင်းမရှိကြောင်း ပုဂ္ဂလိကပိုင်ဖြစ်တဲ့ တက်ခ်နက်ဖ်ဆိပ်ကမ်း ထွေထွေမန်နေဂျာ ဂျာဆင်အူဒင်ချောဟူရီက ပြောပါတယ်။ မြန်မာဘက်က ငါးခြောက်၊ ချင်းနဲ့ အုန်းသီးတွေ တင်ဆောင်လာတဲ့ နောက်ဆုံးသင်္ဘောတစင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ရောက်ရှိလာတယ်လို့ သူကဆိုပါတယ်။ ဘန်ဒါဘန်နဲ့ ကော့ဘဇား တို့နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နယ်စပ်ဒေသတွေမှာ နစကစစ်တပ်နဲ့ အေအေတို့အကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ပြီးခဲ့တဲ့…

Read More

ချင်းပြည်နယ် တောင်ပေါ်လမ်းမှာ တိုက်ပွဲရှောင်လာတဲ့ ကားတစီးမှောက်လို့ လူ နှစ်​ယောက်သေ ၊၁၇ ​ယောက် ဒဏ်ရာရ

မတ် ၊ ၇ ၊ ၂၀၂၄ SP (VOM) ချင်းပြည်နယ်မြောက်ပိုင်း ၊ တီးတိန်ခရိုင် ၊ တီးတိန်မြို့နယ် ၊ လမ်ဇန် (Lamzang) ကျေးရွာနားမှာ ကားတစီးတိမ်းမှောက်ခဲ့ပြီး ကားပေါ်မှာ လိုက်ပါလာတဲ့သူတွေထဲက လူနှစ်ယောက်သေဆုံးကာ ၊ ၁၇ ယောက် ဒဏ်ရာရတဲ့ ဖြစ်စဥ်တခု မနေ့ မတ် ၆ ရက် ၊ နေ့လယ်ခင်း ၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ ” တိမ်းမှောက်တဲ့ကား အမျိုးအစားက ဒေသအခေါ် ပေါင်မုန့်ကားဖြစ်တယ် ၊ ကားပေါ်မှာ လူ ၁၉ ယောက် လိုက်ပါလာခဲ့တယ် ၊ သူတို့တွေက ကလေးမြို့ကနေ အိန္ဒိယဘက်ကို တိုက်ပွဲရှောင်ဖို့ ပြေးလာတဲ့ကားဖြစ်တယ် ၊ ကားမှောက်တဲ့နေရာမှာ Pu Lalhmahruaia (၄၉နှစ်) နှစ် နဲ့ သူ့မိန်းမ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၇ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၃၀ ကျပ် ဝယ်ဈေး – ၃၅၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၇၅ ကျပ် ဝယ်ဈေး – ၂၆၂၅ ကျပ် -ယူရို ရောင်းဈေး – ၃၉၀၄ ကျပ် ဝယ်ဈေး – ၃၈၂၆ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၁.၅၂ ကျပ် ဝယ်ဈေး – ၉၉.၅၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၇၅ ကျပ် ဝယ်ဈေး – ၇၆၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၅ ကျပ် ဝယ်ဈေး – ၄၈၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (မတ် – ၇ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၄၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၀၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၈၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၈၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

This Day in History

Voice of Myanmar အမေရိကန် လက်ဝှေ့သမား မိုက်တိုင်ဆန်သည် ပြိုင်ဘက်ဖြစ်သူ ဂျိမ်းစ်စမစ်နှင့် ၁၉၈၇ ခုနှစ် မတ် ၇ ရက်တွင် ထိုးသတ်ခဲ့ရာ ၁၂ ချီအတွင်း အနိုင်ယူပြီးနောက် ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ်၏ ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို ရရှိခဲ့သည့် အသက်အငယ်ဆုံးသူ ဖြစ်လာသည်။

Read More

ယီမင်တောင်ပိုင်းမှာ ကုန်တင်သင်္ဘောကို ဟူသီအဖွဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှု အမှုထမ်း သုံးယောက်သေဆုံး

  ဆာနား၊ မတ်-၇-၂၀၂၄ မျိုးဆက်(VOM) ယီမင်တောင်ပိုင်းမှာ ကုန်တင်သင်္ဘောတစင်းကို ဟူသီသူပုန်တို့ရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် သင်္ဘောအမှုထမ်း သုံးယောက်သေဆုံးခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ ဘာဘေးဒိုးစ်အလံလွှင့်တင်ထားသော အဆိုပါကုန်တင်သင်္ဘောကို တိုက်ခိုက်ခံရမှုကြောင့် အမှုထမ်းများက စွန့်ခွာခဲ့ပြီး သင်္ဘောပေါ်မှာ မီးလောင်မှုလည်း ဖြစ်ပွားခဲ့ပါတယ်။ တိုက်ခိုက်ခံရမှုဟာ အေဒင်ပင်လယ်ကွေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ဂါဇာမှာဖြစ်ပွားနေတဲ့ ဟားမတ်စ်နဲ့ အစ္စရေးတို့ရဲ့ စစ်ပွဲမှာ ပါလက်စတိုင်းတွေကို ထောက်ခံကြောင်း ပြသတာဖြစ်တယ်လို့ ဟူသီအဖွဲ့က ပြောပါတယ်။ သင်္ဘောဟာ ဟူသီရေတပ်ရဲ့ သတိပေးမှုတွေကို လျစ်လျူရှုခဲ့တယ်လို့ ဟူသီတို့က ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း သင်္ဘောအမှုထမ်း သုံးယောက်သေဆုံးပြီး ဒဏ်ရာရသူ လေးယောက်အနက် သုံးယောက်မှာ အခြေအနေ စိုးရိမ်ရတယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ သင်္ဘောပေါ်မှာ အမှုထမ်းအယောက် ၂၀ လိုက်ပါခဲ့ပြီး အိနိ္ဒယနိုင်ငံသား တယောက်၊ ဗီယက်နမ် လေးယောက်၊ ဖိလစ်ပိုင် ၁၅…

Read More

ရွှေမန်းတင်မောင်ရဲ့ ဘုရင်ငို

  ဆူးငှက်     မြန်မာ့ဇာတ်သဘင်မှာ နောက်ပိုင်း ဇာတ်တော်ကြီးတွေက အခရာကျ လှပါသတဲ့။ ဒီ နောက်ပိုင်း ဇာတ်တော်ကြီးတွေမှာလည်း “အဆို၊ ပြော၊ အငို”တွေက ပညာသားတွေ ဖြစ်တယ်လို့လည်း ဆိုတယ်။ ပါဠိ၊ ပါဋ်သား အပါအဝင် ရှေးစာ၊ လင်္ကာတွေနဲ့တန်ဆာဆင်ထားတဲ့ အဆိုတွေ၊ အပြောတွေဟာ ပရိသတ်ကို စွဲဆောင်နိုင်ပြီး ဇာတ်ခုံကြီး တစ်ခုလုံး တောကြီးမြိုင်ကြီး ဖြစ်သွားသလို၊ ပင်လယ် သမုဒ္ဒရာကြီးလည်း ဖြစ်သွားနိုင်တာပါပဲ။ အလားတူ ပါပဲ ပြာသာဒ်အဆောင်ဆောင် ဖြစ်နိုင်သလို ဝါးတစ်လုံးကြမ်းတစ်ခင်းနဲ့ တဲလေးတစ်တဲလည်း ဖြစ်နိုင်ပါတယ်။ အလားတူပါပဲ၊ ဒီ“အဆို၊ အပြော၊ အငို”တွေကြောင့် ပျော်ရွှင် ကြည်နူးရသလို ဒေါသအမျက် ချောင်းချောင်းလည်း ထွက်ကြရတယ်။ တဝါးဝါး တဟားဟား ရယ်မော ရသလိုပဲ မျက်ရည်တွေတွေ စီးပြီး ငိုပွဲဆင်ရတာလည်း ရှိပါတယ်။    …

Read More
VOM News

FREE
VIEW