ရခိုင် တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ် တက်ခ်နက်ဖ် ဆိပ်ကမ်းကတဆင့် မြန်မာနဲ့ ကုန်သွယ်မှု အလုံးစုံ ရပ်တန့်နေ

ဒါကာ၊ မတ်-၇-၂၀၂၄
မျိုးဆက်(VOM)

ရခိုင်ပြည်နယ်မှာ နစက နဲ့ အေအေတို့အကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင် တက်ခ်နက်ဖ် ဆိပ်ကမ်းတဆင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက အလုံးစုံရပ်တန့်နေပါတယ်။

ဒီလိုကုန်သွယ်ရေး ရပ်တန့်နေတာကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ရာမာဒန်ဥပုသ်လမတိုင်မီ ကြက်သွန်နီနဲ့ ချင်းအပါအဝင် မရှိမဖြစ် ကုန်ပစ္စည်းတွေ ဈေးတက်လာနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် စီးပွားရေးလုပ်ငန်းရှင်တွေက သတိပေးထားပါတယ်။

မြန်မာနိုင်ငံက သင်္ဘောတွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက ဆိပ်ကမ်းကို ဆိုက်ကပ်လာခြင်းမရှိကြောင်း ပုဂ္ဂလိကပိုင်ဖြစ်တဲ့ တက်ခ်နက်ဖ်ဆိပ်ကမ်း ထွေထွေမန်နေဂျာ ဂျာဆင်အူဒင်ချောဟူရီက ပြောပါတယ်။

မြန်မာဘက်က ငါးခြောက်၊ ချင်းနဲ့ အုန်းသီးတွေ တင်ဆောင်လာတဲ့ နောက်ဆုံးသင်္ဘောတစင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ရောက်ရှိလာတယ်လို့ သူကဆိုပါတယ်။

ဘန်ဒါဘန်နဲ့ ကော့ဘဇား တို့နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နယ်စပ်ဒေသတွေမှာ နစကစစ်တပ်နဲ့ အေအေတို့အကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး မြန်မာနိုင်ငံဘက်နေ ကုန်စည်တင်သွင်းမှုတွေ သိသိသာသာကျဆင်းခဲ့တယ်လို့ ဆိပ်ကမ်းအထွေထွေမန်နေဂျာ ဂျာဆင်က ပြောပါတယ်။

Ref:The Daily Star
Photo:Mohammad Sumon

Related posts

✕
VOM News

FREE
VIEW