ယနေ့ ရွှေဈေး (မတ် – ၉ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၇၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၀၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၉၉၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၈၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၉၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အိန္ဒိယနိုင်ငံထဲ တရားမဝင် ဝင်ရောက်တဲ့ မြန်မာတွေကို နေရပ်ပြန်ပို့နေ

ဒေလီ၊ မတ်-၉-၂၀၂၄ မျိုးဆက်(VOM) မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ မြန်မာနိုင်ငံသား ဒါဇင်များစွာကို စတင်ပြီး နေရပ်ပြန်ပို့နေတယ်လို့ မဏိပူရပြည်နယ် ဝန်ကြီးချုပ် N Biren Singh ကပြောပါတယ်။ “ အိန္ဒိယနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ပထမအသုတ်ကို ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်” လို့ အရေအတွက် အတိအကျဖော်ပြမထားဘဲ သူက လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့်လည်း အေအက်ဖ်ပီသတင်းဌာနက ရရှိထားတဲ့ အစိုးရရဲ့ ညွှန်ကြားချက်မှာတော့ အမျိုးသမီး ၅၁ ယောက်နဲ့ ကလေးငါးယောက်အပါအဝင် မြန်မာနိုင်ငံသား ၇၇ ယောက်ကို မတ် ၈ ရက်နေ ၁၁ ရက်အတွင်း မြန်မာနိုင်ငံကို ပြန်ပို့မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ နှစ်နိုင်ငံ နယ်စပ်မှာနေထိုင်သူတွေအနေနဲ့ ဗီဇာမလိုဘဲ သတ်မှတ်ဒေသတွေမှာ လွတ်လပ်စွာသွားလာခွင့်ကို အိန္ဒိယက အဆုံးသတ်လိုက်ပြီးနောက်…

Read More

ပဲမျိုးစုံကို ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တဲ့ ကုန်သည်လုပ်ငန်းရှင်တွေကို အရေးယူမယ်

ရန်ကုန် ၊မတ် – ၉ – ၂၀၂၄ GG (VOM) Export တန်းဝင် ပဲမျိုးစုံကို ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ထားတဲ့ ကုန်သည်လုပ်ငန်းရှင် တွေရှိပါက စိစစ်ဖော်ထုတ်အရေးယူသွားဖို့ဆိုပြီး စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။ လက်ရှိကာလမှာ ပဲမျိုးစုံ ပြည်ပကို တင်ပို့ရောင်းချဖို့အတွက် ကုန်ပစ္စည်းတွေ ဝယ်ယူသို လှောင်မှုရှိတဲ့အပြင် ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ထားမှုတွေ လည်းရှိနေတာကြောင့် ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ ဝယ်ယူသိုလှောင်ထားခြင်း မပြုလုပ်ဖို့နဲ့ ပြုလုပ်သူရှိပါက စိစစ်ဖော်ထုတ်သွားဖို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ပြောင်းနှင့် နှမ်းကုန်သည်များအသင်းကို အသိပေးစာပေးပို့ခဲ့တာဖြစ်ပါတယ်။ ” ကျနော်အမြင်ပြောရရင်တော့ ခုကာလက မူဝါဒကလည်း ခဏခဏပြောင်းတယ်၊ ဈေးကွက်ကလည်းမတည်ငြိမ်၊လမ်းပန်းဆက်သွယ်ရေးကလည်း အဆင်မပြေ ၊ပဲဈေးတွေကလည်းမြင့်တဲ့အခြေအနေဆိုတော့ တော်ရုံဝယ်ပြီး ဈေးကစားဖို့ သိုလှောင် ဖို့ဆိုတာ သိပ်တော့မလွယ်ဘူး။စွန့်စားလုပ်ရမယ့်သဘောရှိတယ်၊ခက်ခဲတယ်ပေါ့။ ” လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ပြောင်းနှင့် နှမ်းကုန်သည်များအသင်းဝင် ပဲကုန်သည်တယောက်…

Read More

မီဒီယာသူဌေးကြီး ရူပါ့မားဒေ့ါ အသက် ၉၂ နှစ်အရွယ်မှာ ငါးကြိမ်မြောက် လက်ထပ်ဖို့ စီစဉ်

ဝါရှင်တန်၊ မတ်-၉-၂၀၂၄ မျိုးဆက်(VOM) အမေရိကန် Fox သတင်းဌာနဲ့ News Crop ကုမ္ပဏီ ဥက္ကဌဟောင်းဖြစ်သူ မီဒီယာသူဌေးကြီး ရူပါ့မားဒေ့ါဟာ ချစ်သူဖြစ်သူနဲ့ စေ့စပ်လိုက်ကြောင်း သိရပါတယ်။ အသက် ၉၂ နှစ်အရွယ် မီဒီယာသူဌေးကြီး မားဒေ့ါဟာ ချစ်သူဖြစ်သူ မော်လီကျူးဇီဝဗေဒပညာရှင် အီလီနာရှူကိုဗာနဲ့ လအတန်ကြာကတည်းက တွဲနေခဲ့ကြတာဖြစ်ပါတယ်။ သူ့ရဲ့ချစ်သူကတော့ အသက် ၆၇ နှစ်ရှိပြီဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ကယ်လီဖိုးနီးယားမှာရှိတဲ့ မားဒေ့ါရဲ့ မိုရာဂါ စပျစ်ခြံကြီးထဲမှာ ယခုနှစ်အတွင်း လက်ထပ်တော့မှာဖြစ်ပြီး ဒါဟာ မားဒေ့ါအတွက် ငါးကြိမ်မြောက် လက်ထပ်ဖို့စီစဉ်နေတာဖြစ်ပြီး ခြောက်ကြိမ်မြောက် စေ့စပ်မှုလည်းဖြစ်ပါတယ်။ မားဒေ့ါဟာ ပြီးခဲ့တဲ့နှစ်က Fox သတင်းဌာနဲ့ News Crop ကုမ္ပဏီ ဥက္ကဌအဖြစ်ကနေ နှုတ်ထွက်ခဲ့ပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကို ဇွန်လမှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ နယူးယောက်တိုင်းမ် သတင်းဌာနက ဖော်ပြထားပါတယ်။ မားဒေ့ါ…

Read More

မြစ်ကြီးနား လေဆိပ်ကို ယာယီ ပိတ်လိုက်ပြီ

  ရန်ကုန်၊ မတ် – ၉ – ၂၀၂၄ GG (VOM) ကချင်ပြည်နယ် ၊ မြစ်ကြီးနားလေဆိပ်ကို ဒီနေ့က မတ်လ ၉ ရက်နေ့လယ်ခင်းကစပြီး ယာယီ ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မြစ်ကြီးနားလေဆိပ်ကနေ ဒီနေ့ပြေးဆွဲမယ့် လေကြောင်းကို ပြေးဆွဲဖို့ အချိန်စောင့်ဆိုင်းရင်း ရုတ်တရက် လေဆိပ်ကိုပိတ်လိုက်တာဖြစ်ပြီး လေကြောင်းလိုင်းခရီးစဉ်အားလုံး ပယ်ဖျက်လိုက်ပြီး အဝင်အထွက်လည်းမလုပ်ရတော့ဘူးလို့ဆိုပါတယ်။ ” ဒီနေ့အတွက်အကုန်ပိတ်လိုက်ပါပြီ၊ အဝင်လည်းမရအထွက်လည်းမရပါဘူး၊ခရီးစဉ်အားလုံး ပျက်ပါတယ်။ဒီနေ့အတွက်ပဲ သိရသေးတယ်။မနက်ဖန်အတွက်တော့ မသိရသေးပါဘူး ” လို့ လေယာဉ်လက်မှတ် အရောင်းဌာနတခုက ဝန်ထမ်းတယောက်ကပြောပါတယ်။ ခုလို မြစ်ကြီးနားလေဆိပ်ကို အရေးပေါ်ပိတ်လိုက်တာနဲ့ပတ်သက်လို့ သက်ဆိုင်ရာ မြစ်ကြီးနားလေဆိပ်တာဝန်ရှိသူတွေဘက်ကတော့ တစုံတရာထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ ဒေသခံတွေပြောပြတာကတော့ မြစ်ကြီးနားလေဆိပ် အနီးတစ်ဝိုက်မှာ မတ်လ ၇ ရက်နေ့ကလည်း လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခံရသလိုမတ်လ ၈ ရက်နေ့ကလည်းဆေိပ်အနီးမှာ လက်နက်ကြီးပစ်ခတ်ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကြောင်း၊ ဒီနေ့မတ်လ ၉ ရက်နေ့မှာလည်း…

Read More

စစ်ကိုင်းမှာ ဒုဝန်ကြီးခရီးစဥ် လမ်းကြောင်းလုံခြုံရေး အဖွဲ့ ပစ်ခတ်ခံရလို့ ရဲသုံးယောက်သေဆုံး

မတ် ၊ ၉ ၊ ၂၀၂၄ SP ( VOM) မတ် ၊ ၉ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ အုန်းတောကျေးရွာနားမှာရှိတဲ့ တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ဝန်းကျင်မှာ ဒီကနေ့မနက် ၉ နာရီလောက်ကပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားတာကြောင့် ဝန်ကြီးခရီးစဥ် လမ်းကြောင်းကို လုံခြုံရေးတာဝန်ယူထားပေးရတဲ့ ရဲတပ်ဖွဲ့ဝင် သုံးယောက် ထိခိုက်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” လမ်းကြောင်းခရီးစဥ်က စက်မှုဝန်ကြီးဌာန ၊ ဒုဝန်ကြီးရဲ့ ခရီးစဥ်ဖြစ်တယ် ၊ အဲ့ဒီ ခရီးစဥ် လမ်းကြောင်းကို လုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရတာဖြစ်တယ် ၊ သေဆုံးတဲ့ သူတွေကတော့ ရဲတပ်ကြပ်ကြီး ဂေတမ် က ဝဲဂျိုစောင်းဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ဝဲနံကြားဖောက်ဝင် ဒဏ်ရာ (၄)ချက်၊…

Read More

လိုင်ဇာအနီး တိုက်ပွဲ ပြင်းထန်လာတာကြောင့် တရုတ်ဘက်ခြမ်း နယ်စပ်နေသူတွေကို တရုတ်အစိုးရက ရွှေ့ပြောင်းခိုင်း

  မတ် ၉၊ ၂၀၂၄ Shy V (VOM) ကချင်ပြည်နယ်၊ လိုင်ဇာ အနီးဝန်းကျင် မတ်လ ၇ ရက်နေ့ကစပြီး နစက စစ်တပ်နဲ့ KIA ပူးပေါင်း အဖွဲ့ တို့အကြား တိုက်ပွဲပြင်းထန်လာတာကြောင့် တရုတ်ဘက်ခြမ်းက နယ်စပ်ပြည်သူတွေအားလုံးကို တရုတ်အစိုးရက ဘေးလွတ်ရာဘက် ရွှေ့ပြောင်းခိုင်းလိုက်ပြီလို့ နယ်စပ် ဒေသခံတွေက ပြောပါတယ်။ “အရပ်သားပြည်သူတွေကိုတော့ ရင်ကျန်း အနီးဝန်းကျင်ဘက် အသိဆွေမျိုးတွေဆီ ခိုလှုံလို့ ရတဲ့ နေရာတွေဘက် ပြောင်းရွှေ့ခိုင်းတာက ဟိုအရင်နေ့ ကတည်းကတောင် ပြောင်းရွှေ့ခိုင်းနေပြီ။ အဲဒီ နားဘန်းဘက်ခြမ်းက ရဲတွေတောင် ဒီမနက် သူတို့ကားနဲ့ ထွက်လာပြီး ရာဘာခြံဘက် ခဏ သွားရှောင်နေကြတယ်။” လို့ နယ်စပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ စစ်သားနဲ့ ရဲ ဝန်ထမ်းတွေကတော့ လိုင်ဇာဘက် လေယာဉ်တွေ တက်လာရင်…

Read More

ဗန်းမော်လေဆိပ်ကို လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရလို့ လေကြောင်းခရီးစဉ်တွေ ရက်အကန့်အသတ်မရှိ ပိတ်ထား

မတ် ၊ ၉ ၊ ၂၀၂၄ SP (VOM) ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ ဗန်းမော်မြို့ ၊ ဗန်းမော်လေဆိပ်ဘက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး လေယာဉ်ပြေးလမ်းတချို့ ထိခိုက်ပျက်စီးသွားတာကြောင့် ဗန်းမော်လေကြောင်း ခရီးစဉ်တွေကို ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းထားလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” လေဆိပ်ဘက်မှာ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရတယ် ၊ ၁၀၇ လက်နက်ကြီး နှစ်လုံး လေယာဉ်ပြေးလမ်းဘက်မှာ ကျရောက်ပေါက်ကွဲတယ် ၊ ဒါကြောင့် ပြေးလမ်းတချို့ ထိခိုက်ပျက်စီးသွားတယ် ၊ မနေ့ကစပြီး လေယာဉ် ခရီးစဉ်တွေ ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းလိုက်တယ် ” လို့ လေကြောင်းလိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ လေယာဉ်လက်မှတ် အရောင်းဌာန တခုက ” ဗန်းမော် ခရီးစဉ်က ပိတ်ထားတယ် ၊ ဘယ်တော့ ပြန်ပြီး ပြေးဆွဲမယ်ဆို…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၉ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၅၀ ကျပ် ဝယ်ဈေး – ၃၆၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၈၀ ကျပ် ဝယ်ဈေး – ၂၆၃၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၀၄ ကျပ် ဝယ်ဈေး – ၃၈၂၆ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၁.၅၂ ကျပ် ဝယ်ဈေး – ၉၉.၅၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၇၅ ကျပ် ဝယ်ဈေး – ၇၆၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၅ ကျပ် ဝယ်ဈေး – ၄၈၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (မတ် – ၉ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၅၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၀၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၈၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW