မန္တလေးက တိုက်ခန်းတခုမှာ အမျိုးသမီးကြီးတဦး ပုပ်ပွသေဆုံးနေ

 

မန္တလေး၊ မတ်- ၁၂- ၂၀၂၄

SA(VOM)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းအနောက်ရပ်ကွက် ၃၅ လမ်း၊ ၈၅ လမ်းနဲ့ ၈၆ လမ်းကြားမှာရှိတဲ့ တိုက်ခန်းတခုအတွင်းမှာ ဒီကနေ့ မတ်လ ၁၂ ရက်မနက်က အမျိုးသမီးကြီးတဦးရဲ့ သေဆုံးလို့ ပုပ်ပွနေတဲ့ရုပ်အလောင်းကို သွားရောက်သယ်ထုတ်ခဲ့ရတယ်လို့ မဏိစလ လူမှုကူညီရေးအသင်းက ပြောပါတယ်။

” ဖြစ်စဥ်က အနီးပတ်ဝန်းကျင်က အပုပ်နံ့ရလို့ ဆက်သွယ်လာတာကြောင့် သွားကြည့်တော့ တံခါးက အတွင်းကနေ ပိတ်ထားတာ။ အဲ့ဒီတော့ အဝင်ပေါက်ဘေးနားက တံခါးကိုဖျက်တယ်။ ဖျက်တော့ ပျက်တယ် ဒါပေမယ့် သူ့ရုပ်အလောင်းက အတော်လေး ဆိုးနေတာကြောင့် ထုတ်လို့မရဘူး အဲ့ဒါကြောင့် ခက်ခက်ခဲခဲ ထုတ်ခဲ့ရတာပါ” လို့ မဏိစလလူမှုကူညီရေးအသင်းက တာဝန်ရှိတဲ့သူက ပြောပါတယ်။

သေဆုံးသူ အမျိုးသမီးဟာ အသက် ၇၆ နှစ်ရှိပြီဖြစ်ပြီး သားနဲ့သမီး ရှိပေမယ့် တခြားမှာ နေကြတာဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီသေဆုံးသူ အမျိုးသမီးကြီးရဲ့ ရုပ်အလောင်းကို မဏိစလလူမှုကူညီရေးအသင်းက မန္တလေးပြည်သူ့ဆေးရုံကြီးက OPD ကိုအရင်ပို့ပြီး ရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ မဏိစလလူမှုကူညီရေးအသင်း

 

Related posts

Leave a Comment

VOM News

FREE
VIEW