ဂျပန် တရားသူကြီး အကာနီတိုမိုတို အိုင်စီစီ ဥက္ကဌသစ်အဖြစ် ခန့်အပ်ခံရ

  သည်ဟိတ်၊ မတ်-၁၂-၂၀၂၄ မျိုးဆက်(VOM) နိုင်ငံတကာရာဇဝတ်ခုံရုံး(အိုင်စီစီ) ဥက္ကဌအဖြစ် ဂျပန်တရားသူကြီး အကာနီတိုမိုတိုကို ရွေးချယ်တင်မြှောက်ခံရပြီး သူဟာ အိုင်စီစီတရားရုံးကို ဦးဆောင်ခွင့်ရတဲ့ ပထမဆုံးသော ဂျပန်လူမျိုးဖြစ်လာပါတယ်။ နယ်သာလန်နိုင်ငံ သည်ဟိတ်အခြေစိုက် အိုင်စီစီတရားရုံးက သူ့ကို မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း မတ် ၁၁ ရက်မှာ ထုတ်ပြန်ထားပြီး သူ့ရဲ့ ရာထူးသက်တမ်းကတော့ သုံးနှစ်ဖြစ်ပါတယ်။ အကာနီတိုမိုတိုဟာ ၂၀၁၈ ခုနှစ် မတ်လကကတည်းက အိုင်စီစီတရားသူကြီးဖြစ်လာခဲ့ပါတယ်။ သူဟာ ယခင်က ဂျပန်နိုင်ငံမှာ အစိုးရရှေ့နေအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက် တရားသူကြီးတွေက အခုလို ရွေးချယ်ခဲ့တာကြောင်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ၊ မိမိအနေနဲ့ အိုင်စီစီအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ရောမစာချုပ်ကို အတည်မပြုရသေးတဲ့ နိုင်ငံများတွေနဲ့ ဆွေးနွေးမှုတွေမြှင့်တင်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်တာတွေကို အကာအကွယ်ပြုနိုင်ရေး ကြိုးပမ်းသွားမယ်လို့ အကာနီက ပြောပါတယ်။ အိုင်စီစီရဲ့ ရည်ရွယ်ချက်ဟာ စစ်ပွဲနဲ့ ပဋိပက္ခများအတွင်း လူမဆန်စွာ…

Read More

မန္တလေးက တိုက်ခန်းတခုမှာ အမျိုးသမီးကြီးတဦး ပုပ်ပွသေဆုံးနေ

  မန္တလေး၊ မတ်- ၁၂- ၂၀၂၄ SA(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းအနောက်ရပ်ကွက် ၃၅ လမ်း၊ ၈၅ လမ်းနဲ့ ၈၆ လမ်းကြားမှာရှိတဲ့ တိုက်ခန်းတခုအတွင်းမှာ ဒီကနေ့ မတ်လ ၁၂ ရက်မနက်က အမျိုးသမီးကြီးတဦးရဲ့ သေဆုံးလို့ ပုပ်ပွနေတဲ့ရုပ်အလောင်းကို သွားရောက်သယ်ထုတ်ခဲ့ရတယ်လို့ မဏိစလ လူမှုကူညီရေးအသင်းက ပြောပါတယ်။ ” ဖြစ်စဥ်က အနီးပတ်ဝန်းကျင်က အပုပ်နံ့ရလို့ ဆက်သွယ်လာတာကြောင့် သွားကြည့်တော့ တံခါးက အတွင်းကနေ ပိတ်ထားတာ။ အဲ့ဒီတော့ အဝင်ပေါက်ဘေးနားက တံခါးကိုဖျက်တယ်။ ဖျက်တော့ ပျက်တယ် ဒါပေမယ့် သူ့ရုပ်အလောင်းက အတော်လေး ဆိုးနေတာကြောင့် ထုတ်လို့မရဘူး အဲ့ဒါကြောင့် ခက်ခက်ခဲခဲ ထုတ်ခဲ့ရတာပါ” လို့ မဏိစလလူမှုကူညီရေးအသင်းက တာဝန်ရှိတဲ့သူက ပြောပါတယ်။ သေဆုံးသူ အမျိုးသမီးဟာ အသက် ၇၆ နှစ်ရှိပြီဖြစ်ပြီး သားနဲ့သမီး ရှိပေမယ့်…

Read More

သတ်မှတ်စည်းမျဉ်း မလိုက်နာတဲ့ နိုင်ငံခြားငွေ ရောင်းဝယ်သူ လုပ်ငန်းရှင် လေးယောက်ကို လိုင်စင်သုံးလရပ်ဆိုင်း

  မတ် ၁၂ – ၂၀၂၄ SN (VOM) ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီရဲ့ ကြီးကြပ်မှုနဲ့ အခု မတ်လအတွင်း ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေ ရောင်းဝယ်ရေးလုပ်ငန်း လိုင်စင်ရရှိသူ လေးယောက်ကို သုံးလ ရပ်ဆိုင်းခြင်း ပြစ်ဒဏ်ချမှတ်ပြီး အရေးယူခဲ့တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မနေ့ မတ်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ ရွှေနဲ့ ငွေကြေးဈေးကွက် လုပ်ငန်းကော်မတီလက်‌အောက်က စောင့်ကြည့်ကြီးကြပ် စစ်ဆေးရေးအဖွဲ့နဲ့ မြေပြင် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့တို့ရဲ့ မတ်လ ၆ ရက်နဲ့ ၈ ရက်နေ့အတွင်း စိစစ်ဖော်ထုတ်ချက်အရ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါအတိုင်း လိုက်နာရမယ့် အချက်တွေကို ဆောင်ရွက်ခြင်းမရှိတဲ့ Fame Money Changer, Lead Star Money Changer, Steber Group Money Changer,…

Read More

ဟေတီဝန်ကြီးချုပ် ရာထူးကနေ နှုတ်ထွက်ဖို့ သဘောတူပြီ

ပို့အော့ပရင့်၊ မတ်-၁၂-၂၀၂၄ မျိုးဆက်(VOM) ဟေတီနိုင်ငံမှာ သီတင်းပတ်အတန်ကြာ အကြမ်းဖက်မှုတွေ မြင့်တက်လာပြီးနောက် ဝန်ကြီးချုပ် အေရီရယ်ဟင်နရီဟာ ရာထူးကနေနှုတ်ထွက်ဖို့ သဘောတူခဲ့ကြောင်း ကာရေဘီယံနိုင်ငံများအဖွဲ့ ဥက္ကဌက ပြောပါတယ်။ ဟေတီမှာ နိုင်ငံရေးအသွင်းကူးပြောင်းရေး ဆွေးနွေးဖို့ ဒေသတွင်းခေါင်းဆောင်တွေဟာ ဂျမေကာမှာ မတ် ၁၁ ရက် တွေ့ဆုံပြီးနောက် ဝန်ကြီးချုပ် အေရီရယ်ဟင်နရီ နှုတ်ထွက်မယ့် သဘောတူညီချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ မစ္စတာဟင်နရီဟာ လက်ရှိမှာ လက်နက်ကိုင်ဂိုဏ်းတွေရဲ့ တားဆီးမှုကြောင့် ဟေတီကို ပြန်နိုင်ခြင်းမရှိဘဲ ပွာတိုရီကိုမှာ သောင်တင်နေပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ သမ္မတဟောင်းလုပ်ကြံခံရပြီးနောက် နိုင်ငံကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ဂျမေကာမှာ ဒေသတွင်းခေါင်းဆောင်တွေ တွေ့ဆုံမှုအပြီးမျာ ဝန်ကြီးချုပ်အေရီရယ် နှုတ်ထွက်ရေး ၊ အသွင်းကူးပြောင်းရေးကောင်စီဖွ့ဲစည်းခြင်းနဲ့ ယာယီဝန်ကြီးချုပ်ခန့်အပ်ခြင်းတွေပြုလုပ်မယ့် အစီအစဉ်တွေကို သိရှိထားကြောင်း ကာရေဘီယံနိုင်ငံများအဖွဲ့ ဥက္ကဌက အတည်ပြုပြောဆိုပါတယ်။ မကြာသေးမီ သီတင်းပတ်များအတွင်း ဟေတီနိုင်ငံ မြို့တော်ပို့အော့ပရင့်ရဲ့…

Read More

ားကန့် မနမှော်မှာ လုပ်ကွက်ဟောင်း နွံကန်ပြိုလို့ အနည်းဆုံး လူ ၂၀ ကျော်ခန့်နဲ့ စက်ပစ္စည်းတွေပါသွား

  မတ် ၁၂၊ ၂၀၂‌‌၄ ကချင်ပြည်နယ်၊ ဖားကန့်မြို့ အနီးက မနမှော်မှာ ဒီနေ့ မတ်လ ၁၂ ရက်နေ့ မနက် မနက် ၃ နာရီနဲ့ ၄ နာရီကျော် ခန့်က လုပ်ကွက်ဟောင်း နွံကန် ပြိုလာလို့ အနည်းဆုံး လူ ၂၀ ကျော်ခန့်နဲ့ စက်ပစ္စည်းတွေ နွံထဲ ပါသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ “ဖားကန့်မှာ ဒီနေ့ မတ်လ ၁၂ ရက်နေ့ မနက် စောစော ၃ နာရီ ကျော်ခန့်က ရှရော်ခ၊ မနရွာထိပ်က ဦးချို ကုမ္ပဏီဝင်းထဲ နွံကန်ပေါက်ထွက်ပြီး စီးဝင်လာလို့ လူ၊ ဘက်ဟိုး၊ ကား၊ စက်ပစ္စည်းတွေ ပါသွားတယ်။ လူဘယ်လောက် ‌ပါသွားတာ၊ သေဆုံးသွားတာ အတိအကျ မသိရသေးဘူး။” လို့ ဒေသခံ တဦးက…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၁၂ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၅၀ ကျပ် ဝယ်ဈေး – ၃၆၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၉၀ ကျပ် ဝယ်ဈေး – ၂၆၄၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၂၄ ကျပ် ဝယ်ဈေး – ၃၈၄၆ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၂.၀၄ ကျပ် ဝယ်ဈေး – ၁၀၀.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၇၉ ကျပ် ဝယ်ဈေး – ၇၆၉ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၆ ကျပ် ဝယ်ဈေး – ၄၈၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (မတ် – ၁၂ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၈၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၀၆၅၀၀၀ ကျပ် ဝယ်ဈေး ၄၀၂၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၈၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၂၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့ရဲ့ ယီမင်ဌာနခွဲခေါင်းဆောင် သေဆုံး

  ဆာနား၊ မတ်-၁၂-၂၀၂၄ မျိုးဆက်(VOM) အယ်လ်ကေးဒါးအဖွဲ့ရဲ့ ယီမင်ဌာနခွဲခေါင်းဆောင် သေဆုံးသွားကြောင်း အယ်လ်ကေးဒါးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း သေဆုံးမှုနဲ့ပတ်သက်တဲ့ အခြေအနေတွေကို ရှင်းလင်းစွာမသိရသေးပါဘူး။ အာရေဗျကျွန်းဆွယ် အယ်လ်ကေးဒါးအဖွဲ့ (AQAP) က သူ့ရဲ့ ဈာပနနဲ့ အလောင်းပုံကို ရုပ်သံမှတ်တမ်း ထုတ်ပြန်ထားပါတယ်။ အဖွဲ့ရဲ့ ထိပ်တန်းပုဂ္ဂိုဟ်တယောက် ထုတ်ပြန်တဲ့ကြေညာချက်မှာလည်း ခါလစ်ဘာတာဖီ ဘယ်လိုသေဆုံးခဲ့တယ်ဆိုတာကို ရှင်းလင်းစွာ ပြောဆိုထားခြင်းမရှိပါဘူး။ အသက် ၄၀ အရွယ် ဆော်ဒီနိုင်ငံသား ဘာတာဖီဟာ ၂၀၂၀ ခုနှစ်မှာ (AQAP) အဖွဲ့ခေါင်းဆောင် ဖြစ်လာသူပါ။ သူ့ကို အမေရိကန်က ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့လုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပြီး သူ့ကိုရမိခဲ့မယ်ဆိုရင် ဒေါ်လာငါးသန်းပေးမယ်လို့ ဆုကြေးထုတ်ခံရသူဖြစ်ပါတယ်။ ခါလစ်ဘာတာဖီ သေဆုံးပြီးနောက် သူ့နေရာမှာ ဆက်ဘင်အတက်ဖ်အယ်လ်အောလာကီက အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့သည်။ အာရေဗျကျွန်းဆွယ် အယ်လ်ကေးဒါးအဖွဲ့ (AQAP)ဟာ တချိန်က အယ်လ်ကေးဒါးအဖွဲ့ရဲ့…

Read More

This Day in History

  Voice of Myanmar အိန္ဒိယအမျိုးသားရေးခေါင်းဆောင် မဟတ္တမဂန္ဒီသည် အိန္ဒိယလွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရအုပ်ချုပ်မှုကို ဆန့်ကျင်သည့် အကြမ်းမဖက်လှုပ်ရှားမှုအဖြစ် ဆားချီတက်ပွဲကို ၁၉၃၀ ပြည့်နှစ် မတ် ၁၂ ရက်တွင် စတင်ခဲ့သည်။  

Read More

ဝန်ကြီးချုပ် နှုတ်ထွက်ရေးနဲ့အတူ ရာဇဝတ်ဂိုဏ်းတွေ ကြီးစိုးမှုအောက် ရောက်လာတဲ့ ဟေတီနိုင်ငံ

  မတ်-၁၂-၂၀၂၄ မျိုးဆက်(VOM) ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းကစပြီး ဟေတီဟာ မင်းမဲ့စရိုက် ပိုဆန်လာပါတယ်။ မြို့တော် ပို့အော့ပရင့်မှာ အကြမ်းဖက်မှုတွေ ကြီးထွားလာမှုနဲ့အတူ ရာဇဝတ်ဂိုဏ်းတွေ ကြီးစိုးလာမှုနောက်ဆက်တွဲက အခြေအနေ လွန်စွာဆိုးရွားလာပါတယ်။ လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းတွေဟာ သမ္မတနန်းတော်ကို တိုက်ခိုက်ခဲ့ကြသလို ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း ဓါတ်ဆီဗုံးတွေနဲ့ ပစ်ခတ် မီးရှို့ခဲ့ကြပါတယ်။ ပြည်ပခရီးစဉ်သွားနေတဲ့ ဝန်ကြီးချုပ် အေရီရယ်ဟင်နရီရဲ့ လေယာဉ်အပါအဝင် အခြားလေယာဉ်တွေဆင်းသက်တဲ့ နိုင်ငံတကာလေဆိပ်ဟာလည်း ရာဇဝတ်ဂိုဏ်းတွေရဲ့ တိုက်ခိုက်မှုကြောင့် ပိတ်ထားရဆဲဖြစ်ပါတယ်။ ဆိုးရွားလာတဲ့ အကြမ်းဖက်မှုတွေကြောင့် ဝန်ကြီးချုပ်အေရီရယ်ဟင်နရီဟာ အမေရိကန်ကနေ ဟေတီကို ပြီးခဲ့တဲ့သီတင်းပတ်က ပြန်လာဖို့ ကြိုးစားခဲ့ပေမယ့် လေယာဉ်ဆင်းသက်နိုင်ခြင်းမရှိတာကြောင့် အိမ်နီးချင်း ဒိုမီနီကန်မှာ ဆင်းသက်ခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာ ဟေတီရှိ အမေရိကန်သံရုံးရဲ့ မရှိမဖြစ် ဝန်ထမ်းတွေကလွဲပြီး ကျန်တဲ့သူတွေကို အမေရိကန်က လေကြောင်းနဲ့ ရွှေ့ပြောင်းခဲ့ပါတယ်။ ဒီနောက်မှာတော့ ဥရောပသမဂ္ဂဟာ သူ့ရဲ့ သံတမန်အားလုံးကို ဟေတီကနေ ရွှေ့ပြောင်းခဲ့ပြီး…

Read More
VOM News

FREE
VIEW