ဂျပန် တရားသူကြီး အကာနီတိုမိုတို အိုင်စီစီ ဥက္ကဌသစ်အဖြစ် ခန့်အပ်ခံရ

 

သည်ဟိတ်၊ မတ်-၁၂-၂၀၂၄

မျိုးဆက်(VOM)

နိုင်ငံတကာရာဇဝတ်ခုံရုံး(အိုင်စီစီ) ဥက္ကဌအဖြစ် ဂျပန်တရားသူကြီး အကာနီတိုမိုတိုကို ရွေးချယ်တင်မြှောက်ခံရပြီး သူဟာ အိုင်စီစီတရားရုံးကို ဦးဆောင်ခွင့်ရတဲ့ ပထမဆုံးသော ဂျပန်လူမျိုးဖြစ်လာပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိတ်အခြေစိုက် အိုင်စီစီတရားရုံးက သူ့ကို မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း မတ် ၁၁ ရက်မှာ ထုတ်ပြန်ထားပြီး သူ့ရဲ့ ရာထူးသက်တမ်းကတော့ သုံးနှစ်ဖြစ်ပါတယ်။

အကာနီတိုမိုတိုဟာ ၂၀၁၈ ခုနှစ် မတ်လကကတည်းက အိုင်စီစီတရားသူကြီးဖြစ်လာခဲ့ပါတယ်။ သူဟာ ယခင်က ဂျပန်နိုင်ငံမှာ အစိုးရရှေ့နေအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

လုပ်ဖော်ကိုင်ဖက် တရားသူကြီးတွေက အခုလို ရွေးချယ်ခဲ့တာကြောင်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ၊ မိမိအနေနဲ့ အိုင်စီစီအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ရောမစာချုပ်ကို အတည်မပြုရသေးတဲ့ နိုင်ငံများတွေနဲ့ ဆွေးနွေးမှုတွေမြှင့်တင်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်တာတွေကို အကာအကွယ်ပြုနိုင်ရေး ကြိုးပမ်းသွားမယ်လို့ အကာနီက ပြောပါတယ်။

အိုင်စီစီရဲ့ ရည်ရွယ်ချက်ဟာ စစ်ပွဲနဲ့ ပဋိပက္ခများအတွင်း လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှု ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်း အရေးယူဖို့ရည်ရွယ်တဲ့ တရားရုံးဖြစ်ပါတယ်။

Ref: NHK

Photo:Kyodo

 

Related posts

Leave a Comment

VOM News

FREE
VIEW