အင်ဒိုနီးရှား ငါးဖမ်းသင်္ဘောနစ်မြုပ်မှု လူ ၂၂ ယောက် ပျောက်ဆုံးနေ

 

ဂျကာတာ၊ မတ်-၁၃-၂၀၂၄

မျိုးဆက်(VOM)

အင်ဒိုနီးရှားမှာ ငါးဖမ်းစက်သင်္ဘောနစ်မြုပ်ပြီးနောက် ပင်လယ်ထဲမှာ သုံးရက်ကြာမျောပါနေတဲ့ လူ ၁၁ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး ၂၂ ယောက်ကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။

အမှုထမ်း ၃၅ ယောက်လိုက်ပါသွားတဲ့ ငါးဖမ်းသင်္ဘောဟာ ဆူလာဝေစီပြည်နယ်တောင်ပိုင်း ဝေးလံခေါင်သီတဲ့ ဆီလာယာကျွန်းစုရေပြင်မှာ ပြီးခဲ့တဲ့ စနေနေ့က နစ်မြုပ်ခဲ့ပြီး ၁၁ ယောက်ဟာ ပင်လယ်ထဲက သီးခြား သန္တာကျောက်တန်းနှစ်ခုပေါ်မှာ တွေ့ရှိကယ်တင်နိုင်ခဲ့ပါတယ်။

သူတို့တွေဟာ ပင်လယ်ထဲမှာသုံးရက်လောက်မျောနေပြီး ပင်လယ်ရေစီးကြောင်းက ဆီလာယာကျွန်းစုရေပြင်ဆီကို သယ်ဆောင်သွားတယ်လို့ ဒေသန္တရအစိုးရ တာဝန်ရှိသူ အန်ကာကိုအမ်ရက်စ်က ပြောပါတယ်။

ငါးဖမ်းသင်္ဘောဟာ မတ် ၃ ရက်မှာ ဂျကာတာမြောက်ပိုင်း ဆိပ်ကမ်းကနေ အနောက်နူဆာတန်ဂါရာပြည်နယ် လွမ်ဘော့ခ်ကျွန်းကို သွားရောက်ခဲ့တာဖြစ်ပြီး သေဆုံးသူနှစ်ယောက်ရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ အင်ဒိုနီးရှား ရေတပ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပျောက်ဆုံးနေသူတွေကို အပူတပြင်း ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။ ၂၀၁၈ ခုနှစ်ကလည်း ဆူမားတြားကျွန်းမှာ ကူးတို့သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၁၅၀ ကျော်သေဆုံးခဲ့ပါသေးတယ်။

Ref:AFP

Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW