မုံရွာ အင်းဝဘဏ် ဓားပြတိုက်၊ဘဏ်မန်နေဂျာကို ဓားစာခံ ဖမ်းဆီးသွားပြီး ကျပ်သိန်းသုံးရာကျော်ယူသွား

  မတ် ၊ ၁၃ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ရုံကြီးရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ နာရီစင်နဲ့ မြို့တော်ခန်းမ ကြားရှိ အင်းဝ ဘဏ်မှာ ဒီကနေ့ မတ်လ ၁၃ရက်နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး သိန်း သုံးရာကျော်ပါသွားတဲ့အပြင် ဘဏ်မန်နေဂျာ အမျိုးသမီးကိုလည်း ဓားပြအဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မုံရွာဘဏ် အသိုင်းအဝိုင်းဆီက သိရပါတယ်။ မုံရွာမြို့ခံ ဘဏ်ဝန်ထမ်းတယောက်က “အဲ့ဒီဘဏ်က မန်နေဂျာ အမျိုးသမီး အပါအဝင် ဝန်ထမ်း ဆယ့်လေးငါးယောက်လောက်ရှိတယ် ၊ ဒီကနေ့ နေ့လယ် ၁ နာရီခွဲဝန်းကျင်က အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက်က စူပါကပ် ဆိုင်ကယ်တစီးနဲ့ အရင်ရောက်လာတယ်၊ အဲဒိနောက် ကားအဖြူရောင်နဲ့ အမျိုးသား ၆ယောက်လောက် ထပ်ရောက်လာတယ်” လို့…

Read More

ယနေ့ ရွှေဈေး (မတ် – ၁၃ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၈၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၁၀၆၀၀၀ ကျပ် ဝယ်ဈေး ၄၁၀၃၅၀၀ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၉၀၇၀၀၀ ကျပ် ဝယ်ဈေး ၃၉၀၃၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အင်ဒိုနီးရှား ငါးဖမ်းသင်္ဘောနစ်မြုပ်မှု လူ ၂၂ ယောက် ပျောက်ဆုံးနေ

  ဂျကာတာ၊ မတ်-၁၃-၂၀၂၄ မျိုးဆက်(VOM) အင်ဒိုနီးရှားမှာ ငါးဖမ်းစက်သင်္ဘောနစ်မြုပ်ပြီးနောက် ပင်လယ်ထဲမှာ သုံးရက်ကြာမျောပါနေတဲ့ လူ ၁၁ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး ၂၂ ယောက်ကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။ အမှုထမ်း ၃၅ ယောက်လိုက်ပါသွားတဲ့ ငါးဖမ်းသင်္ဘောဟာ ဆူလာဝေစီပြည်နယ်တောင်ပိုင်း ဝေးလံခေါင်သီတဲ့ ဆီလာယာကျွန်းစုရေပြင်မှာ ပြီးခဲ့တဲ့ စနေနေ့က နစ်မြုပ်ခဲ့ပြီး ၁၁ ယောက်ဟာ ပင်လယ်ထဲက သီးခြား သန္တာကျောက်တန်းနှစ်ခုပေါ်မှာ တွေ့ရှိကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့တွေဟာ ပင်လယ်ထဲမှာသုံးရက်လောက်မျောနေပြီး ပင်လယ်ရေစီးကြောင်းက ဆီလာယာကျွန်းစုရေပြင်ဆီကို သယ်ဆောင်သွားတယ်လို့ ဒေသန္တရအစိုးရ တာဝန်ရှိသူ အန်ကာကိုအမ်ရက်စ်က ပြောပါတယ်။ ငါးဖမ်းသင်္ဘောဟာ မတ် ၃ ရက်မှာ ဂျကာတာမြောက်ပိုင်း ဆိပ်ကမ်းကနေ အနောက်နူဆာတန်ဂါရာပြည်နယ် လွမ်ဘော့ခ်ကျွန်းကို သွားရောက်ခဲ့တာဖြစ်ပြီး သေဆုံးသူနှစ်ယောက်ရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ အင်ဒိုနီးရှား ရေတပ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပျောက်ဆုံးနေသူတွေကို အပူတပြင်း…

Read More

တောင်းရမ်းစားသောက်တဲ့သူတွေ ခေါ်သွားတဲ့ ၅နှစ်အရွယ် မိန်းကလေး၊ မိဘဆီ ပြန်ရောက်

  ရန်ကုန်၊ မတ်- ၁၃- ၂၀၂၃ SA(VOM) မတ်လ ၁၂ ရက် မနေ့က ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က ရွှေပြည်သာကွေ့ပန်းခြံမှာ ကလေးဖြစ်သူက ဆော့ကစားနေတုန်း ပျောက်သွားပြီး ၅နှစ်အရွယ် မိန်းကလေးကို ဒီကနေ့ မနက်ပိုင်းမှ တောင်းရမ်းစားသောက်သူတွေဆီက ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။ မနေ့ မတ်လ ၁၂ ရက်နေ့ညနေပိုင်းက အမျိုးသားတစ်ယောက်က ကလေးတွေ့ထားလို့ မုန့်ဖိုးအနေနဲ့ နှစ်သိန်းပေးဖို့ ကလေးမိခင်ဖြစ်သူဆီကို ဖုန်းမက်ဆေ့(စာတို) နဲ့ပို့ပြီးဆက်သွယ်ခဲ့တယ်လို့ ကလေးမိခင်ဖြစ်သူ မဧကရီဝင်း က VOM ကိုပြောပါတယ်။ ” ကလေးက တခြားကလေးတွေနဲ့ ဆော့နေချိန်မှာ သူ့အဖေက ဝယ်စရာရှိလို့ ကလေးကို ခဏနေရင်ပြန်လာခေါ်မယ်လို့ပြောခဲ့တာ ပြန်လာတော့ မရှိတော့ဘူး။ အဲ့ဒါ နီးစပ်ရာ CCTV ရှိတဲ့ နေရာတွေကနေ အကူအညီတောင်းပြီး ရှာဖွေခဲ့ရတယ်။ မနေ့က ကလေးကို တွေ့ပြီ ငွေ…

Read More

စစ်ကိုင်းတိုင်းမှာ မနေ့က တရက်တည်း ပစ်သတ်ဖမ်းဆီးခံရလို့ သေဆုံးသူ ဆယ်ယောက်ကျော်ရှိ

  မတ် ၊ ၁၃ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ်နဲ့ ကောလင်းခရိုင် ပင်လည်ဘူးမြို့နယ်တွေမှာ မနေ့ မတ် ၁၂ ရက်က တရက်တည်းမှာ နစက လုံခြုံရေးအဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးတာကြောင့် သေဆုံးသူတွေ အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကနီမြို့ခံတယောက်က ” ကနီမြို့ပေါ်မှာ မတ် ၂ ရက်ကစလို့ ဒီကနေ့အထိ ထိတွေ့တိုက်ပွဲတွေဖြစ်နေတယ် ၊ ကနီမြို့ပေါ်က ရပ်ကွက် သုံးခုရှိတယ် ၊ မနေ့က အဲ့ဒီ ရပ်ကွက်တွေထဲ နစက လုံခြုံရေး အဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်တဲ့အခါ ပစ်ခတ်မှုတွေဖြစ်ပြီး အသေဖမ်းမိတာတွေရှိတယ် ၊ အရေအတွက်တော့ အတိအကျ မသိရသေးဘူး ၊ ကနဦးသိရတာက အနည်ဆုံး ခုနှစ်ယောက်ကျော်တယ် ” လို့…

Read More

အောင်လံမြို့နယ်မှာ ဘုန်းကြီးတပါးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တယောက်ကို ပစ်သတ်ပြီး အုပ်ချုပ်ရေးမှူးဇနီးကို ဖမ်းခေါ်သွား

မတ် ၊ ၁၃ ၊ ၂၀၂၄ SP (VOM) မကွေးတိုင်း ၊ အောင်လံခရိုင် ၊ အောင်လံမြို့နယ် ၊ ဒါးစမ်းကျေးရွာမှာ ဒီကနေ့ မတ်၁၃ ရက် မနက်ပိုင်း ၃ နာရီဝန်းကျင်က ဘုန်းကြီးတပါးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူကို သတ်ဖြတ်ခံရတယ်လို့ အောင်လံမြို့ခံတွေဆီက သိရပါတယ်။ အောင်လံမြို့ခံ တယောက်က ” ဒါးစမ်းကျေးရွာက ဘုရားကုန်းပေါ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင် နဲ့ ဒါးစမ်း ဘုန်းကြီးအသတ်ခံရတယ် ၊ ဦးနိုင်ဝင်းအောင် ဆိုသူက ပြီးခဲ့တဲ့ ၂၀၂၁ မေလတုန်းက ဓားထိုးခံရလို့ ဆေးရုံတက်ပြီး ဆေးကုခဲ့ရတယ် ၊ နောက်ပြီး ၂၀၂၃ စက်တင်ဘာ ၂၅ ရက် မနက် ၁ နာရီဝန်းကျင်မှာ အမည်မသိ လူလေးယောက်က သူ့ရဲ့နေအိမ် တံခါးမှာခတ်ထားတဲ့ သံကြိုးတွေ ဖျက်ဆီးပြီး…

Read More

မော်တင်စွန်းဘုရား ကမ်းခြေအနီးမှာ လင်းပိုင်အုပ်သောင်တင်နေလို့ ဒေသခံတွေပြန်လွှတ်ပေး

  မော်တင်စွန်း၊ မတ်- ၁၃- ၂၀၂၄ SA(VOM) ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးမြို့မှာရှိတဲ့ မော်တင်စွန်းဘုရားနဲ့ ငွေတောင်ကမ်းခြေ ကြားက သောင်ပြင်ပေါ်မှာ ဒီကနေ့ မတ်လ ၁၃ ရက်မနက် ၁၁ နာရီဝန်းကျင်ခန့်က လင်းပိုင်၂၅ ကောင် ဝန်းကျင်ခန့် သောင်တင်ခဲ့တယ်လို့ မော်တင်စွန်းဂေါပကအဖွဲ့ဝင်တဦးက VOM ကိုပြောပါတယ်။ “ဘုရားပွဲတော်ကာလ ပြင်ဆင်နေတဲ့အချိန်ကတည်းက လင်းပိုင်းအုပ်တွေက မော်တင်စွန်းဘုရားနဲ့ အရမ်းနီးတဲ့နေရာမှာ မြူးပြီးနေတာကို ဘုရားရင်ပြင်တော်ပေါ်က ကြည့်ရင်တောင်မြင်ရတယ်။ အဲ့ဒါ နဂိုဘုရားပွဲတော်ကာလတွေမှာလည်း ဖြစ်ဖူးတယ်။ အဲ့ဒါ နဂိုတင်ထားတာကို ပြန်တင်ထားတာလားမသိဘူးဆိုပြီး စုံစမ်းလိုက်မှ ခုဖြစ်မှန်း သိရတာပါ” မော်တင်စွန်းဘုရား ဂေါပကအဖွဲ့ဝင်က ပြောပါတယ်။ မော်တင်စွန်းဘုရားပွဲတော်ကို မတ်လ ၁၀ ရက်နေ့ကနေ မတ်လ ၂၄ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပနေတာကြောင့် ဘုရားပွဲတော်ကာလဖြစ်တဲ့အတွက် ဘူရားဖူးလာရောက်လည်ပတ်သူ များပြားတယ်လို့လည်း သိရပါတယ်။ မနေ့…

Read More

မြင်းခြံနယ်ဘက်မှာ သွားလာနေတဲ့ ကားတွေ ပစ်ခတ်ခံရလို့ ဒီရက်ပိုင်းအတွင်း သေဆုံးသူတွေ များပြားလာ

မတ် ၊ ၁၃ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်း ၊ တောင်ဘက်ခြမ်းမှာရှိတဲ့ မြင်းခြံခရိုင်နဲ့ တံတားဦးခရိုင်ဘက်တွေမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား မကြာခဏ ပစ်ခတ်မှုတွေဖြစ်ပွားတာကြောင့် သွားလာနေတဲ့ ကားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီးရဲတပ်ဖွဲ့ဝင်တချို့နဲ့ အရပ်သားတွေ ထိခိုက်သေဆုံးလာတယ်လို့ ရဲတပ်ဖွဲ့နီးစပ်သူတွေဆီက သိရပါတယ်။ မန္တလေးတိုင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” မြင်းခြံ- မြို့သာလမ်း၊ တူရွင်းဘို့ကျေးရွာနဲ့ သစ်ရုံကျေးရွာ ကြားမှာ တနေ့ မတ် ၁၁ ရက် မနက်ပိုင်း ၁၁ နာရီဝန်းကျင်က ရဲတပ်ဖွဲ့ဝင် ခြောက်ဦး စီးနင်းလိုက်ပါလာတဲ့ (Kluger) ကလူဂါ အမျိုးအစား ကားကို PDF အဖွဲ့က စောင့်ကြိုတိုက်ခိုက်တယ် ၊ အဲ့ဒီ တိုက်ခိုက်မှုကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင် ခြောက်ယောက်စလုံး ထိခိုက်သေဆုံးတယ်…

Read More

ယူကရိန်းအတွက် ဒေါ်လာသန်း ၃၀၀ တန်ဖိုးရှိ လက်နက်ခဲယမ်းတွေ အမေရိကန် ထပ်မံပေးပို့မယ်

ဝါရှင်တန်၊ မတ်-၁၃-၂၀၂၄ မျိုးဆက် (VOM) အမေရိကန်ဟာ ယူကရိန်းအတွက် လေယာဉ်ပစ်ဒုံးကျည်တွေ၊ အခြားဒုံးကျည်တွေအပါအဝင် ဒေါ်လာ သန်း ၃၀၀ တန်းဖိုးရှိ စစ်လက်နက်ပစ္စည်းတွေကို ထပ်မံပေးပို့သွားမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန်တို့အကြား ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အခြေအနေအငြင်းပွားမှုတွေ ရှိနေစဉ်မှာ ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီပေးဖို့ အိမ်ဖြူတော်က အံ့အားသင့်ဖွယ် ကြေညာလိုက်တာဖြစ်ပါတယ်။ သုံးလတာကာလအတွင်း ပထမဆုံးဖြစ်တဲ့ အမေရိကန်က အခုလိုစစ်ရေးအကူအညီဟာ ယူကရိန်းနယ်မြေတွေကို ရုရှားသိမ်းပိုက်မှုကနေ တားဆီးဖို့ ရည်ရွယ်ထားပါတယ်။ ဒီအကူအညီတွေဟာ ယူကရိန်းရဲ့ စစ်မြေပြင်လိုအပ်ချက်တွေကို ဖြည့်တင်းနိုင်ခြင်းမရှိဘူးလို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။ လက်ရှိအကူအညီတွေဟာ ယူကရိန်းအတွက် ကာလတခုစာအတွက် လက်နက်ခဲယမ်းလုံလောက်နိုင်ပေမယ့် ဒါဟာ ရေတိုကာလတခုအတွက်သာဖြစ်ပြီး လက်နက်ခဲယမ်းပြတ်တောက်မှုကို တားဆီးနိုင်မှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။ ယူကရိန်းအတွက် ဒေါ်လာ ၆၀ ဘီလီယံထောက်ပံ့ရေးနှင့်ပတ်သက်တဲ့ ဥပဒေကြမ်းကို အထက်လွှတ်တော်မှာ အတည်ပြုခဲ့ပြီးဖြစ်ပေမယ့် အောက်လွှတ်တော်မှာ…

Read More

တရုတ်ဘက် တပတ်ကဒ် နဲ့ ဝင်လာသူတွေ တပတ်အတွင်း အလုပ် မရရင် ပြန်ထွက် ရမယ်

  မတ် ၁၃၊ ၂၀၂၄ Shy V (VOM) မြန်မာဘက်ခြမ်း မူဆယ်ကနေ တရုတ်ဘက် ယာယီဖြတ်သန်းခွင့် (TBP) တပတ်ကဒ် နဲ့ ဝင်လာသူတွေ တပတ်အတွင်း အလုပ် မရရင် ပြန်ထွက် ရမှာ ဖြစ်ကြောင်း တရုတ်ဘက် ဌာနဆိုင်ရာနဲ့ နီးစပ်သူ တွေက ပြောပါတယ်။ “တပတ်ကတ်နဲ့ ဝင်လာတဲ့သူ ကတပတ်အတွင်းရတဲ့ အလုပ်လုပ်ပြီး တစ်ပတ်ကတ် သက်တမ်းမကုန်ခင် အလုပ်သမားစာအုပ်လုပ်ထားမှ အဆင်ပြေမယ်။ တစ်ပတ်အတွင်း အလုပ်မရရင် ပြန်ထွက်ရမယ်။ အလည် မရပါဘူး။ အမျိုးဆီ သွားလို့ရမယ်။ ရွှေလီ မှာနေတဲ့ အမျိုးရဲ့ နာမည်၊ ဖုန်းနံပါတ်၊ အိမ်လိပ်စာ၊ အိမ်ရှင်နာမည်၊ ဖုန်းနံပါတ်၊ ပေးရမယ်။ တစ်ပတ်ပဲ နေရမယ်။ အလုပ်သမား ဆိုရင် သူဌေး မှတ်ပုံတင် လိုတယ်။ အိမ်ရှင်၊ မှတ်ပုံတင် မိတ္တူ၊…

Read More
VOM News

FREE
VIEW