ယူကရိန်းအတွက် ဒေါ်လာသန်း ၃၀၀ တန်ဖိုးရှိ လက်နက်ခဲယမ်းတွေ အမေရိကန် ထပ်မံပေးပို့မယ်

ဝါရှင်တန်၊ မတ်-၁၃-၂၀၂၄
မျိုးဆက် (VOM)

အမေရိကန်ဟာ ယူကရိန်းအတွက် လေယာဉ်ပစ်ဒုံးကျည်တွေ၊ အခြားဒုံးကျည်တွေအပါအဝင် ဒေါ်လာ သန်း ၃၀၀ တန်းဖိုးရှိ စစ်လက်နက်ပစ္စည်းတွေကို ထပ်မံပေးပို့သွားမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန်တို့အကြား ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အခြေအနေအငြင်းပွားမှုတွေ ရှိနေစဉ်မှာ ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီပေးဖို့ အိမ်ဖြူတော်က အံ့အားသင့်ဖွယ် ကြေညာလိုက်တာဖြစ်ပါတယ်။

သုံးလတာကာလအတွင်း ပထမဆုံးဖြစ်တဲ့ အမေရိကန်က အခုလိုစစ်ရေးအကူအညီဟာ ယူကရိန်းနယ်မြေတွေကို ရုရှားသိမ်းပိုက်မှုကနေ တားဆီးဖို့ ရည်ရွယ်ထားပါတယ်။ ဒီအကူအညီတွေဟာ ယူကရိန်းရဲ့ စစ်မြေပြင်လိုအပ်ချက်တွေကို ဖြည့်တင်းနိုင်ခြင်းမရှိဘူးလို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။

လက်ရှိအကူအညီတွေဟာ ယူကရိန်းအတွက် ကာလတခုစာအတွက် လက်နက်ခဲယမ်းလုံလောက်နိုင်ပေမယ့် ဒါဟာ ရေတိုကာလတခုအတွက်သာဖြစ်ပြီး လက်နက်ခဲယမ်းပြတ်တောက်မှုကို တားဆီးနိုင်မှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ယူကရိန်းအတွက် ဒေါ်လာ ၆၀ ဘီလီယံထောက်ပံ့ရေးနှင့်ပတ်သက်တဲ့ ဥပဒေကြမ်းကို အထက်လွှတ်တော်မှာ အတည်ပြုခဲ့ပြီးဖြစ်ပေမယ့် အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်အတည်ြ့ပုရခြင်းမရှိသေးပါဘူး။

Ref:BBC
Photo: Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW