တာချီလိတ်မှာ အွန်လိုင်းလောင်းကစားလို့ ဖမ်းဆီးခံရတဲ့သူတွေထဲက ကလေးသူငယ် ၅၈ ယောက်ကို ဒီကနေ့ ပြန်လွတ်ပေး

မတ် ၊ ၁၈ ၊ ၂၀၂၄
TT (VOM)
ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်မြို့မှာ အဖမ်းခံရတဲ့ အွန်လိုင်းလောင်းကစား လုပ်ကိုင်သူတွေထဲမှာ ပါဝင်တဲ့ လူငယ် လေးရာကျော်ကို တာချီလိတ်မြို့နယ် ကလေးသူငယ်တရားရုံးကနေ ဒီကနေ့ကစစတင်လွတ်ပေးနေပြီးလို့ တရားရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။
” ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ သူတို့ကို ဖမ်းတာဖြစ်တယ် ၊ အခုဆို တလနီးပါးရှိပြီ ၊ ဖမ်းဆီးခံရတဲ့အထဲမှာ ၆၉၇ ယောက်ထဲမှာ မြန်မာနိုင်ငံသား ၄၈၄ ယောက်ပါဝင်တယ် ၊ အဲ့ဒီထဲက မြန်မာနိုင်ငံသား အသက် ၁၈ နှစ်အောက် ၅၈ ယောက်ပါဝင်တယ် ၊ ဒီကနေ့ ပြန်လွတ်ပေးတာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေဖြစ်တယ် ၊ ပြန်လွတ်ပေးရတဲ့ လုပ်ငန်းစဥ်က အာမခံနဲ့ ဖြစ်တယ် ” လို့ တရားရေး အသိုင်းအဝိုင်းမှာ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ပြန်လွတ်လာသူ ကလေးရဲ့ မိဘတယောက်က ” စာရွက်စာတမ်းတွေကို ယာယီ ကလေးသူငယ်တရာရုံးကို တင်ပြလျှောက်ထားရတယ် ၊ အဲ့ဒီ စာရွက် စာတမ်းတွေကတော့ သက်ဆိုင်ရာ ရပ်ကွက်လူကြီးရဲ့ထောက်ခံစာ ၊ အာမခံပေးမယ့် သန်းခေါင်စာရင်းရှိသူ နှစ်ယောက်ရဲ့ မှတ်ပုံတင် ၊ မူရင်းနဲ့ မိတ္တူ ၊ သန်းခေါင်စာရင်း မူရင်းနဲ့ မိတ္တူ တွေ ပါတယ်၊ နောက်ပြီး မိဘတွေကိုယ်တိုင်က အာမခံ လျှောက်ထားရတယ် ၊ အခု ဒီနေ့လယ်ပိုင်းက ပြန်လွတ်လာတယ် ၊ သူတို့ လွတ်လာပြီးနောက် စစ်ဒေသ ဗျူဟာမှူး ၊ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေက ဆုံးမစကားပြောပြီးမှ ပြန်လွတ်တာ ” လို့ ပြောပါတယ်။
ဒီကနေ့ ပြန်လွတ်ပေးတဲ့ အသက် ၁၈ နှစ်အောက် အမျိုးသား ၄၀ ယောက် နဲ့ အမျိုးသမီး ၁၈ ယောက် ၊ စုစုပေါင်း ၅၈ ယောက်ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံရစဥ်က ဖမ်းခံရတဲ့သူ ၆၉၇ ယောက် အနက် မြန်မာလူငယ် ၄၈၄ ယောက် ပါဝင်ပြီး ထိုင်းနိုင်ငံသား ၁၅၄ ယောက်နဲ့ တရုတ်နိုင်ငံသား တယောက်လည်း ပါဝင်တယ်လို့ သိရပြီး၊ အဲ့ဒီ နိုင်ငံခြားသား ဖမ်းခံရတဲ့သူတွေကို နှစ်နိုင်ငံ လဝက အဖွဲ့တွေက စိစစ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ တာချီလိတ်မြို့နယ် တရားရေး

Related posts

Leave a Comment

VOM News

FREE
VIEW