မူဆယ်မှာ ကလေး ၂ ဦး ထပ်မံ ပြန်ပေးဆွဲ ခံရ

မတ် ၁၉၊ ၂၀၂၄ Shy V တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ၄၅ ကုန်းမှာ ဒီရက်ပိုင်းအတွင်း ကလေး ၂ ဦး ထပ်မံ ပြန်ပေးဆွဲ ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “၄၅ ကုန်းက ကြက်သားသည်ရဲ့ ကလေး။ ၁၄ နှစ် ဝန်းကျင် နဲ့ ၁၀ နှစ်ဝန်းကျင် ကလေး ၂ ယောက် ကို ပြန်ပေးဆွဲ သွားတယ်။ ဘယ်လောက် တောင်းလဲ တော့မသိဘူး” လို့ နယ်စပ် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။ ဒီရက်ပိုင်း အတွင်း မူဆယ်မြို့တွင်းက ယမင်းစတိုး၊ နမ္မတူနွားခြံ၊ ၉၉၉ ဖုန်းဆိုင်၊ ထွန်းစတားကုန်ဂိတ်၊ သံတိုသံစ ရောင်းပါမကျန် ပြန်ပေးဆွဲရခံရတယ်လို့ သူပြောပါတယ်။ “ကလေး ၂ ယောက်ကို…

Read More

ယနေ့ ရွှေဈေး (မတ် – ၁၉ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၆၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၁၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၉၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

စလင်းမြို့နယ်မှာ စစ်မှုထမ်းဥပဒေကို အသံချဲ့စက်နဲ့ရှင်းပြနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဖမ်းဆီးသတ်ဖြတ်ခံရ

မတ် ၊ ၁၉ ၊ ၂၀၂၄ SP ( VOM) မကွေးတိုင်းက မြို့ရွာတွေမှာ လူသတ်မှုဖြစ်စဉ်တွေ များပြားလာတယ်လို့ မကွေးနယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ မနေ့ မတ် ၁၈ ရက် ၊ ညပိုင်းက မကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ စလင်းမြို့နယ် ၊သရက်တောတိုက်နယ် ၊ ပခက်တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ထူး အသက် ၅၀ နှစ်ဆိုသူကို ဒေသတွင်း လက် နက်ကိုင် PDF အဖွဲ့တွေက နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။ ” ကျေးရွာလူထုကို စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီး အသံချဲ့စက်နဲ့အုပ်ကြီးက ထပ်ဆင့်ရှင်းပြနေတုန်း PDF တွေက သေနတ်ထောက်ပြီး ဖမ်းခေါ်သွားတယ် ၊ အဲဒီနောက် လမ်းမှာ ပစ်သတ်ခံရတာဖြစ်တယ် ”…

Read More

ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံရ

  မတ် ၁၉ – ၂၀၂၄ SN (VOM) ရက္ခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပုဒ်မ ၅၀၅ ( ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ ရခိုင်အမျိုးသမီးများကွန်ရက် (RWN) ဥက္ကဋ္ဌ ဒေါ်ညိုအေးကို မနေ့ မတ်လ ၁၈ ရက်မှာ စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဒေါ်ညိုအေးဟာ စစ်တွေ ကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်တဲ့ (၅၆) နှစ်မြောက် “စစ်တွေဆန်ပြဿနာနေ့” (ဩဂုတ် ၁၃) အခမ်းအနားကို တက်ရောက်ပြီး သမိုင်းအတွေ့အကြုံတွေကို ဟောပြောခဲ့တဲ့အတွက် အဲ့ဒီ့ အခမ်းအနားအပြီး နောက်နှစ်ရက်အကြာမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက် အမှတ် (၁) ရဲစခန်းမှူးက တရားလို ပြုလုပ်ကာ အမှုဖွင့်ပြီး စစ်တွေထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံခဲ့ရတယ်လို့…

Read More

ထောက်လှမ်းရေးဂြိုဟ်တု နောက်တလုံးလွှတ်တင်ဖို့ မြောက်ကိုရီးယား ပြင်ဆင်နေ

ဆိုးလ်၊ မတ်-၁၉-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ မတ်လနှောင်းပိုင်းမှာ နောက်ထပ် ထောက်လှမ်းရေး ဂြိုဟ်တုတလုံးကို လွှတ်တင်သွားဖွယ်ရှိကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ယခုနှစ်အတွင်းမှာ နောက်ထပ် ထောက်လှမ်းရေးဂြိုဟ်တုသုံးလုံး လွှတ်တင်ဖို့ အစီအစဉ်ရှိနေပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့အနေနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ လိုအပ်ကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဝန်ဆစ်ခ်က ပြောပါတယ်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက လွှတ်တင်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုဟာ ထောက်လှမ်းရေးဂြိုဟ်တုအဖြစ် လည်ပတ်လုပ်ကိုင်နိုင်ခြင်းမရှိသေးဘူးလို့ သူကဆိုပါတယ်။ ဒီအတွက်ကြောင့် ယခုမတ်လနှောင်းပိုင်းမှာ နောက်ထပ် ထောက်လှမ်းရေဂြိုဟ်တုကို မြောက်ကိုရီးယားက လွှတ်တင်ဖို့ ကြိုးပမ်းလာနိုင်ခြေရှိတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ အခုလို မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ တိုးပွားလာချိန်မှာ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့အနေနဲ့လည်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သင့်တယ်လို့ ကာကွယ်ရေးဝန်ကြီး ရှင်ဝန်ဆစ်ခ်က ပြောဆိုထားပါတယ်။ Ref:NHK Photo: Japan Times

Read More

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ဟားမတ်စ်ထိပ်တန်းခေါင်းဆောင် သေဆုံး

ဝါရှင်တန်၊ မတ်-၁၉-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်ခေါင်းဆောင် မာဝန်အီဆာ သေဆုံးခဲ့ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။ အီဆာဟာ နိုဝင်ဘာ ၇ ရက်မှ ဂါဇာစစ်ပွဲစတင်ပြီးနောက်ပိုင်း ဟားမတ်စ်အဖွဲ့ရဲ့ လက်ထောက်တပ်မှူး ဖြစ်လာခဲ့သူ့ဖြစ်ပါတယ်။ သူသေဆုံးမှုနဲ့ ပတ်သက်ပြီါ် ဂါဇာကိုထိန်းချုပ်ထားတဲ့ ဟားမတ်စ်အဖွဲ့က တရားဝင် ထုတ်ပြန်ခြင်းမရှိပါဘူး။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ဟာ ဂါဇာစစ်ပွဲစတင်ပြီးနောက် ခြောက်ကြိမ်မြောက် ခရီးစဉ်အဖြစ် အရှေ့အလယ်ပိုင်းကို ယခုသီတင်းပတ်အတွင်းမှာ သွားရောက်မှာဖြစ်ပါတယ်။ ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ကျန်ရှိနေတဲ့ ဓါးစာခံတွေ လွတ်မြောက်စေမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ နိုင်ငံတကာကြိုးပမ်းအားထုတ်မှုအဖြစ် ဆော်ဒီအာရေဗျ၊ အီဂျစ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ ထိုးစစ်မစမီ လူပေါင်းတသန်းကျော်ကို ရာဖာမြို့မှ ပြောင်းရွှေ့ကြဖို့ အစ္စရေးက ကြေညာထားပေမယ့် အပစ်အခတ်ရပ်စဲရေးကြိုးပမ်းမှုအဖြစ် ကာတာမှာ စေ့စပ်ညှိနှိုင်းမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ Ref:BBC Photo:AFP

Read More

ရန်ကုန်မှာ ဒီရက်ပိုင်းအတွင်း ကားမီးလောင်မှုတွေ အဖြစ်များလာ

  မတ် ၊ ၁၉ ၊ ၂၀၂၄ TT ( VOM) ရန်ကုန်တိုင်း ၊ ရန်ကုန်မြို့မှာ ဒီရက်ပိုင်းအတွင်း မောင်းနှင်ပြေဆွဲနေတဲ့ ကားတချို့ မီးလောင်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာနဆီက သိရပါတယ်။ ” မတ် ၁၈ ရက် ညနေပိုင်း ၇ နာရီလောက်က သာကေတမြို့နယ်၊ (၁၀) တောင်ရပ်ကွက်၊ သန်လျင်တံတားအဆင်းမှာ ဆီဘောက်ဆာ ယာဉ်တစ်စီး မီးလောင်မှုဖြစ်ခဲ့တယ် ၊ အဲ့ဒီ ဆီဘောက်ဆာယာဉ်က ဆီတွေ ဖိတ်ယိုကျပြီး မီးလောင်တာဖြစ်တယ် ၊ အဲ့ဒီနားက အလုပ်သမားတန်းလျားတခုနဲ့ သစ်ပင်တွေကို မီးကူးစက်လောင်တယ် ” လို့ မီးသတ်တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၈ ရက် ၊ နေ့လယ် ၁၂ နာရီဝန်းကျင်က ဒေါပုံမြို့ ၊ ဝါဆိုတံတား…

Read More

မဟာမုနိဘုရားကြီးမှာ တပေါင်းလပြည့်နေ့ ဆီမီး ၁၀၀၀၀ ပူဇော်ပွဲကျင်းပမယ်

မန္တလေး၊ မတ်- ၁၉- ၂၀၂၄ SA(VOM) မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်အတွင်းမှာ တည်ရှိတဲ့ မဟာမုနိမြတ်စွာဘုရားကြီး ရင်ပြင်တော်ပေါ်မှာ တပေါင်းလပြည့်နေ ညနေ ၆ နာရီ ကစပြီး ဌာနဆိုင်ရာ၀န်ထမ်းတွေနဲ့ ရပ်ကွက်လူမှုရေးအသင်းတွေ၊ ဘုရားဖူးလာပြည်သူလူထု ပူးပေါင်းပြီး ဆီမီး (၁၀၀၀၀) ပူဇော်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ မြို့တော်စည်ပင်သာရေးကော်မတီကနေ သိရပါတယ်။ အဲ့ဒီ ဆီမီး (၁၀၀၀၀) ပူဇော်ပွဲမှာ ဘုရားဖူးလာ ပြည်သူ လူထုကပါ ဆီမီး၀င်ရောက်ပူဇော်နိုင်သလို ဘုရားကြီး အရှေ့မြောက်ဒေါင့် ၄၅ တာ ယာဉ်ရပ်နားကွင်းမှာ ဖျော်ဖြေရေးအစီအစဉ်အနေနဲ့ အငြိမ့်တွေ ထည့်သွင်းထားပြီး ဈေနှုန်းသက်သာစွာ ၀ယ်ယူစားသောက်နိုင်ဖို့အတွက် နိဗ္ဗာန်ဈေး ဈေးတန်းကိုလည်း ရောင်းချဖို့ စီစဉ်ထားတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ပြည်သူ့ဆက်ဆံရေးနဲ့ ပြန်ကြားရေးမှူး ဦးတင်ထွန်းဦးက VOM ကို ပြောပါတယ်။ “အစီအစဉ်တွေအနေနဲ့ကတော့ မဟာမုနိဘုရားရင်ပြင်တော်ပေါ်က ဒေါင့် ၄…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၁၉ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၇၀၀ ကျပ် ဝယ်ဈေး – ၃၆၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၄၀ ကျပ် ဝယ်ဈေး – ၂၆၉၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၆၅ ကျပ် ဝယ်ဈေး – ၃၈၈၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၃.၀၉ ကျပ် ဝယ်ဈေး – ၁၀၁.၀၁ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၇၉ ကျပ် ဝယ်ဈေး – ၇၆၉ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၈ ကျပ် ဝယ်ဈေး – ၄၈၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (မတ် – ၁၉ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၆၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၁၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၉၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW