မူဆယ်မှာ ကလေး ၂ ဦး ထပ်မံ ပြန်ပေးဆွဲ ခံရ

မတ် ၁၉၊ ၂၀၂၄
Shy V

တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ၄၅ ကုန်းမှာ ဒီရက်ပိုင်းအတွင်း ကလေး ၂ ဦး ထပ်မံ ပြန်ပေးဆွဲ ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“၄၅ ကုန်းက ကြက်သားသည်ရဲ့ ကလေး။ ၁၄ နှစ် ဝန်းကျင် နဲ့ ၁၀ နှစ်ဝန်းကျင် ကလေး ၂ ယောက် ကို ပြန်ပေးဆွဲ သွားတယ်။ ဘယ်လောက် တောင်းလဲ တော့မသိဘူး” လို့ နယ်စပ် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။

ဒီရက်ပိုင်း အတွင်း မူဆယ်မြို့တွင်းက ယမင်းစတိုး၊ နမ္မတူနွားခြံ၊ ၉၉၉ ဖုန်းဆိုင်၊ ထွန်းစတားကုန်ဂိတ်၊ သံတိုသံစ ရောင်းပါမကျန် ပြန်ပေးဆွဲရခံရတယ်လို့ သူပြောပါတယ်။

“ကလေး ၂ ယောက်ကို ပြန်ပေးဆွဲသွားတယ်။ သိန်း ၇၀၀၀ တောင်းတယ်တဲ့။ ပြီးတော့ ကျွန်မနဲ့ အတူ ဈေးရောငျးတဲ့ ရဲ့ ကလေးကိုလည်း တနေ့က မနက် ၈ နာရီလောက်က သူဈေးသွားနေချိန် အိမ်မှာ ပြန်ပေးဆွဲဖို့ လာဖမ်းခေါ်တာ ကလေးအဖေဖြစ်သူက ကလေးမပေးနိုင်ဘူး ကြိုက်တာယူသွားဆိုတော့ တအိမ်လုံး မွှေပြီးယူသွားတာ ဘာမှ တောင်မကျန်ဘူးပြောတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

မူဆယ်မှာတော့ လတ်တလော နေ့တိုင်းနီးပါး ပြန်ပေးဆွဲမှု ဖြစ်ပွားနေပြီး ဆိုင်တွေ တော်တော် များးများ ပိတ်လိုက်ရတဲ့အပြင် လုပ်ငန်းရှင်၊ ကုန်သည်၊ ဆိုင်ရှင် တွေအများစုလည်း မြို့ကြီးတွေဘက်နဲ့ တရုတ်ဘက် တိမ်းရှောင်နေကြရတယ်လို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။

Photo:Shy V ( ပြန်ပေးဆွဲခံရတဲ့အိမ်)

Related posts

Leave a Comment

VOM News

FREE
VIEW