ရန်ကုန်မှာ ဒီရက်ပိုင်းအတွင်း ကားမီးလောင်မှုတွေ အဖြစ်များလာ

 

မတ် ၊ ၁၉ ၊ ၂၀၂၄

TT ( VOM)

ရန်ကုန်တိုင်း ၊ ရန်ကုန်မြို့မှာ ဒီရက်ပိုင်းအတွင်း မောင်းနှင်ပြေဆွဲနေတဲ့ ကားတချို့ မီးလောင်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာနဆီက သိရပါတယ်။

” မတ် ၁၈ ရက် ညနေပိုင်း ၇ နာရီလောက်က သာကေတမြို့နယ်၊ (၁၀) တောင်ရပ်ကွက်၊ သန်လျင်တံတားအဆင်းမှာ ဆီဘောက်ဆာ ယာဉ်တစ်စီး မီးလောင်မှုဖြစ်ခဲ့တယ် ၊ အဲ့ဒီ ဆီဘောက်ဆာယာဉ်က ဆီတွေ ဖိတ်ယိုကျပြီး မီးလောင်တာဖြစ်တယ် ၊ အဲ့ဒီနားက အလုပ်သမားတန်းလျားတခုနဲ့ သစ်ပင်တွေကို မီးကူးစက်လောင်တယ် ” လို့ မီးသတ်တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၈ ရက် ၊ နေ့လယ် ၁၂ နာရီဝန်းကျင်က ဒေါပုံမြို့ ၊ ဝါဆိုတံတား အဆင်းနေရာမှာ Mini bus YBS အမှတ် ၁၃၄ ယာဉ်တစီး တိမ်းမှောက် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ကားမီးလောင်မှု နှစ်ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ၊ မီးသတ်တပ်ဖွဲ့ဝင် တယောက်က ” ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်း ၉ နာရီလောက်မှာ ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက် ယောမင်းကြီးလမ်းမှာ အငှားယာဉ်တစီး မီးလောင်မှုဖြစ်ခဲ့ပြီး ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြှိမ်းသတ်ခဲ့ရတယ် ၊ အဲ့ဒီနေ့ ဒုတိယ ဖြစ်စဉ်ကတော့ ည ၈ နာရီလောက်မှာ ရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံမှာ မနေ့ည ၈ နာရီခွဲက ကားတစီး မီးလောင်မှု ထပ်မံဖြစ်ခဲ့တယ် ၊ အဲ့ဒီ အပြင် ဖေဖော်ဝါရီ ၁၆ ရက် ၊ မနက်အစောပိုင်းကလည်း ဒဂုံမြို့သစ်စက်မှုဇုန် ကနောင်မင်းသားကြီးလမ်းမှာ ကားတစီး မီးလောင်တယ် ” လို့ ပြောပါတယ်။

ဒါအပြင် ရန်ကုန်တိုင်း မီးသတ်ဦးစဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်တယောက်က ” ရန်ကုန်တိုင်းမှာ မီးလောင်မှုဖြစ်စဉ်နဲ့ သဘာဝ ဘေအန္တရာယ်ဖြစ်စဉ်အတွက် အချိန်မီ ကယ်ဆယ်ကူညီနိုင်ပေးဖို့ ရန်ကုန်က မီးသတ်ဌာနတွေမှာ နေရာတခုတည်းက ကြည့်ရှုကွပ်ကဲ ကြပ်မတ်ပေးနိုင်အောင် စနစ်လေးမျိုးပါဝင်တဲ့ Command and Cortrol Center အဆင့်ကို မြှင့်တင်ထားတယ် ၊ အဲ့ဒီ စနစ်လေးမျိုးက စောင့်ကြည့်မျှော်စင် စနစ်( Watching Tower System)၊ မီးလောင်ပြင် ထိန်းချုပ်ကွက်ကဲမှုစနစ်( FSOMS) ( Fire Severice Operation Management System)? မီးသတ်ယာဉ် ထွက်ခွာမှုပြ စနစ်( Vehicle Trucking System)နှင့် မီးလောင်ပြင် တိုက်ရိုက် ကြည်ရှု့ကွက်ကဲနိုင်သည့် စနစ် (IP – Camera System) တို့ဖြစ်တယ် ” လို့ပြောပါတယ်။

ဓာတ်ပုံ ၊ မနေ့ညက ရန်ကုန်မှာ မီးလောင်တဲ့ ဆီဘောက်ဆာကား ( ဒေသခံတဦး)

 

Related posts

Leave a Comment

VOM News

FREE
VIEW