အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ဟားမတ်စ်ထိပ်တန်းခေါင်းဆောင် သေဆုံး

ဝါရှင်တန်၊ မတ်-၁၉-၂၀၂၄
မျိုးဆက်(VOM)

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်ခေါင်းဆောင် မာဝန်အီဆာ သေဆုံးခဲ့ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။

အီဆာဟာ နိုဝင်ဘာ ၇ ရက်မှ ဂါဇာစစ်ပွဲစတင်ပြီးနောက်ပိုင်း ဟားမတ်စ်အဖွဲ့ရဲ့ လက်ထောက်တပ်မှူး ဖြစ်လာခဲ့သူ့ဖြစ်ပါတယ်။ သူသေဆုံးမှုနဲ့ ပတ်သက်ပြီါ် ဂါဇာကိုထိန်းချုပ်ထားတဲ့ ဟားမတ်စ်အဖွဲ့က တရားဝင် ထုတ်ပြန်ခြင်းမရှိပါဘူး။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ဟာ ဂါဇာစစ်ပွဲစတင်ပြီးနောက် ခြောက်ကြိမ်မြောက် ခရီးစဉ်အဖြစ် အရှေ့အလယ်ပိုင်းကို ယခုသီတင်းပတ်အတွင်းမှာ သွားရောက်မှာဖြစ်ပါတယ်။

ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ကျန်ရှိနေတဲ့ ဓါးစာခံတွေ လွတ်မြောက်စေမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ နိုင်ငံတကာကြိုးပမ်းအားထုတ်မှုအဖြစ် ဆော်ဒီအာရေဗျ၊ အီဂျစ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ထိုးစစ်မစမီ လူပေါင်းတသန်းကျော်ကို ရာဖာမြို့မှ ပြောင်းရွှေ့ကြဖို့ အစ္စရေးက ကြေညာထားပေမယ့် အပစ်အခတ်ရပ်စဲရေးကြိုးပမ်းမှုအဖြစ် ကာတာမှာ စေ့စပ်ညှိနှိုင်းမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

Ref:BBC
Photo:AFP

Related posts

VOM News

FREE
VIEW