ထောက်လှမ်းရေးဂြိုဟ်တု နောက်တလုံးလွှတ်တင်ဖို့ မြောက်ကိုရီးယား ပြင်ဆင်နေ

ဆိုးလ်၊ မတ်-၁၉-၂၀၂၄
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ မတ်လနှောင်းပိုင်းမှာ နောက်ထပ် ထောက်လှမ်းရေး ဂြိုဟ်တုတလုံးကို လွှတ်တင်သွားဖွယ်ရှိကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ယခုနှစ်အတွင်းမှာ နောက်ထပ် ထောက်လှမ်းရေးဂြိုဟ်တုသုံးလုံး လွှတ်တင်ဖို့ အစီအစဉ်ရှိနေပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့အနေနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ လိုအပ်ကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဝန်ဆစ်ခ်က ပြောပါတယ်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက လွှတ်တင်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုဟာ ထောက်လှမ်းရေးဂြိုဟ်တုအဖြစ် လည်ပတ်လုပ်ကိုင်နိုင်ခြင်းမရှိသေးဘူးလို့ သူကဆိုပါတယ်။

ဒီအတွက်ကြောင့် ယခုမတ်လနှောင်းပိုင်းမှာ နောက်ထပ် ထောက်လှမ်းရေဂြိုဟ်တုကို မြောက်ကိုရီးယားက လွှတ်တင်ဖို့ ကြိုးပမ်းလာနိုင်ခြေရှိတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

အခုလို မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ တိုးပွားလာချိန်မှာ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့အနေနဲ့လည်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သင့်တယ်လို့ ကာကွယ်ရေးဝန်ကြီး ရှင်ဝန်ဆစ်ခ်က ပြောဆိုထားပါတယ်။

Ref:NHK
Photo: Japan Times

Related posts

Leave a Comment

VOM News

FREE
VIEW