အစ္စရေးနဲ့ ဟဇ်ဘိုလာအဖွဲ့တို့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ အပြန်အလှန်ဖြစ်ပွား

တဲလ်အဗစ်၊ မတ်-၂၈-၂၀၂၄
မျိုးဆက်(VOM)

လက်ဘနွန် ကျေးရွာတရွာကို အစ္စရေးရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေဖြင့် ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူတယောက်သေဆုံးခဲ့ပါယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း လက်ဘနွန်ရှိ ဟာဘာရီယာမှာ လူခုနှစ်ယောက်ထက်မနည်းသေဆုံးခဲ့ပြီး ဒါဟာ မကြာသေးမီက တိုက်ခို်ကမှုတွေကြောင့် အသေအပျောက်အများဆုံး ဖြစ်တယ်လို့ လက်ဘနွန်သတင်းရင်းမြစ်တွေကက ပြောပါတယ်။

သေဆုံးသူတွေဟာ ကယ်ဆယယ်ရေးသမားတွေဖြစ်တယ်လို့ ဟဇ်ဘိုလာတို့က ဆိုပါတယ်။ အစ္စရေးကတော့ တိုက်ခို်ကမှုအတွင်း စစ်သွေးကြွတွေသေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးရှိ ကီရီရက်ရှမွန်နာမြို့ကို ဒုံးကျည်ဒါဇင်များစွာနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက ဆိုပါတယ်။

အစ္စရေးနဲ့ ဟဇ်ဘိုလာတို့ဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်မှာ ဂါဇာစစ်ပွဲစတင်ပြီးကတည်းက နေ့စဉ်နီးပါး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေခဲ့ပါတယ်။

ဟဇ်ဘိုလာအဖွဲ့ဟာ လက်ဘနွန်ရှိ ရှီးယိုက်မွတ်ဆလင်အဖွဲ့အဖြစ်ပြီး အီရန်နှင့် ဂါဇာကို ထိန်းချုပ်ထားသော ဟားမတ်စ်တို့နဲ့ နီးကပ်းတဲ့ ဆက်ဆံရေးရှိပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW